၎ အောက်တိုဘာ ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
Burma Police Chief Remove
အောက်တိုဘာလ ၃ ရက်နေ့ က နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏၄၅ နှစ်မြောက် နှစ်ပတ် လည် နေ့ တွင် နှစ်စဉ်နှစ်တိုင်း တွေ့ မြင်နေကြဖြစ်သည့် ရဲချုပ်ခင်ရီ မှာ ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် အတွက် တက်ရောက်ခြင်းမရှိနိုင်ကြောင်း သတင်းရရှိသည်။
ရဲချုပ် ခင်ရီသည် သာမန် ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ဖြစ်စဉ်မျိုး မဟုတ်ပဲ လွန်ခဲ့သည့် တစ်လကျော်က ပေါ်ပေါက်ခဲ့သည့် ရန်ကုန်တိုင်း ရဲမှုးကြီး ၀င်းနိုင် နှင့် အခြားရဲအရာရှိ နှစ်ဆယ်ကျော် အားအရေးယူခဲ့သည့် ကိစ္စရပ်များ နှင့် ပတ်သက် နေနိုင်ကြောင်း ရန်ကုန် အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့ မှုးရုံးမှ အမည် မဖော်လို သည့် ရဲအရာ ရှိ တစ်ဦး က ပြောသည်။
ရဲချုပ် ခင်ရီ ပျောက်ကွယ်နေသည့် ကိစ္စနှင့် ပတ်သက်၍ Freedom News Group မှရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှုးရုံးကို တယ်လီဖုံး ဖြင့်ဆက်သွယ်မေးမြန်းရာတွင် ထိုရုံးမှ ဖြေကြားသူက “ခင်ဗျားတို့ ဘာဖြစ်လို့ ဒီလောက်သိချင်ရတာလဲ ကျွန်တော်တို့ တောင်မသိဘူး ”
ဟု ပြန်လည် ဖြေကြားခဲ့သည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောင်းရွှေ့လာသူ ရဲချုပ်ခင်ရီသည် မြောက်ပိုင်းတိုင်း စစ်
ဌာနချုပ်မှ နေ၍ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ သို့  ၂၀၀၄ ခုနှစ် တွင် ပြောင်းရွှေ့ လာခဲ့သူ တစ်
ယောက် ဖြစ်သည်။
ရဲချုပ် ခင်ရီ သည် စစ်အစိုးရ အရာရှိ များ၏ မိသားစု ၀င်များ နှင့် စစ်အရာရှိ များပါဝင်ပတ်သက်သည့် မှုခင်းဖြစ်ရပ်များကို ဥပဒေ ရှေ့မှောက် ရောက်ရှိရေးကို
လိုလားသည့် အတွက် စစ်ဘက်ခေါင်းဆောင် အချို့ က မနှစ်သက် ဟုသိရသည်။
၄၅ နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့  ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြည်ထဲရေး
ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက “သူတစ်ပါးကို အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေး တရားစွဲတင်ရသောဌာနဖြစ်၍ မိမိကိုယ်တိုင် ပုံရိပ်မှန်မှ တပ်ဖွဲ့၊ ဌာန ဂုဏ်တက်မှာဖြစ်ကြောင်း”ထည့်သွင်း ပြောကြားသွားသည်။
မြန်မာ နိုင်ငံ ၏ ရဲတပ်ဖွဲ့ ကို ဗြိတိသျှ အုပ်စိုးစဉ် အချိန်က စတင် ဖွဲ့ စည်း ခဲ့ပြီး ပြည်သူ့ 
ရဲတပ်ဖွဲ့ အဖြစ် ၁၉၆၄ ခုနှစ် တွင် ပြောင်းလဲကာ ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်း
ပြီးချိန်မှ စ၍ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
ရဲချုပ် ခင်ရီသည် စစ်အစိုးရ လက်ထက် ၁၉၈၈ ခုနှစ်မှ စ၍ ခြောက်ဦး မြောက် ရဲချုပ်
ဖြစ်သည်။၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ကြီးခင်ညွန့် အားရာ
ထူးမှ ဖယ်ရှားပြီးချိန် မှ စ၍ ရဲတပ်ဖွဲ့  ၀င် များမှာ အာဏာ နှင့် အခွင့် အလမ်းပိုမိုရရှိ ခဲ့သည်။
