၇ အောက်တိုဘာ ရန်ကုန် ၊ ၊စပယ်ထွန်း

သီတင်းကျွတ်လပြည့် ကျော် နှစ်ရက်နေ့ မှ စတင်၍ တန်ဆောင်မုန်း လပြည့်ကျော် ထိ ရန်ကုန်မြို့
ရှိ ကျေးရွာရပ်ကွက်များတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကုသိုလ်ဖြစ် နိဗ္ဗာန် ဈေးအလှုပွဲတော် များမှာ
ယခု နှစ်တွင် သက်ဆိုင်ရာ စစ်ဒေသ နှင့် တိုင်း ထွေ-အုပ် ရုံးများ ထိ ခွင့်ပြုချက်ယူမည် ဟု သိရှိရသည်။
နှစ်စဉ် နှစ်တိုင်း နိဗ္ဗာန်ဈေး ကျင်းပနေကြဖြစ်သော ရန်ကုန်မြို့ တွင်းရှိ နိဗ္ဗာန် ဈေးကုသိုလ် ပြုလုပ်နေသူတစ်ဦးက ယခု နှစ်တွင် နိဗ္ဗာန် ဈေးကျင်းပရန် အတွက် ရပ်ကွက် ရယက ရုံးသို့ သွားရောက် အကြောင်းကြားစဉ် သက်ဆိုင်ရာ စစ်ဒေသ မှုး နှင့် တိုင်း အုပ်ချုပ်ရေး၏ ခွင့်ပြုချက်ရမှ ကျင်းပခွင့်ရမည် ဟု သိရသည်။
ယခင်က နာမည်ကျော် နိဗ္ဗာန် ဈေးပြုလုပ်ခဲ့သည့် နေရာများမှာ လည်း ထို့ နည်းတူစွာပင် ကျင်းပခွင့်
အတွက်လျှောက်ထားရမည် ဖြစ်သည်။နိဗ္ဗာ ဈေးကု သိုလ် အလှုသည် မြန်မာ နိုင်ငံတွင် အယုတ်
အလတ် အမြတ် မရွေး ပါဝင် နိုင်ပြီးမည် သူ မဆို ကုသိုလ် ပြုလှုဒါန်း နိုင်သည့် နေရာဖြစ်သည်။
