လာအိုဆီးဂိမ်းရှုံးလျှင် အောင်ဖျာလိပ်ရအုံးမည့် မြန်မာ့လက်ရွေးစင် အသင်းနည်းပြသစ် လစာငွေ ဒေါ်လာ ငါးထောင်ကျော်သာရရှိ

၆ စက်တင်ဘာ ရန်ကုန် ၊                       ၊ယူကွန်

Nay Shwe Thway Aung Meets New Croatian Coach

မြန်မာ့ လက်ရွေးစင် အသင်းနည်းပြ အတွက် တာဝန်ယူရမည့် ခရိုအေးရှား လူမျိုး ဒရာဂိုမာမစ်
မြန်မာ့ လက်ရွေးစင် အသင်းနည်းပြ အတွက် တာဝန်ယူရမည့် ခရိုအေးရှား လူမျိုး ဒရာဂိုမာမစ် ဓာတ်ပုံ- ၀ီကလီ အလဲဗင်း ဂျာနယ်

ဘရာဇီး နည်းပြ မာကိုးစ် ဖလော်ပါ ပြန်သွားပြီးကတည်းက နည်းပြလက်မဲ့ ဘ၀ နှင့် တစ်နှစ် နီးပါးကြာခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ခရိုအေးရှားလူမျိုး နည်းပြတစ်ဦးကို စက်တင်ဘာလ ၃၀ ရက်နေ့ တွင် ရရှိပြီဖြစ်သည်။

လစ်လပ်နေသည့် မြန်မာနိုင်ငံလက်ရွေးစင်အသင်း နည်းပြ နေရာအတွက် လျှောက်ထား
သူ ၁၂ ဦးအနက်မှ ခရိုအေးရှားနိုင်ငံသား ဒရာဂို မာမစ် ဆိုသူအား ခန့် အပ်ခဲ့ခြင်းဖြစ်သည်။

ဒရာဂို မာမစ်သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ လာအိုနိုင်ငံ တွင်ကျင်းပမည့် ဆီးဂိမ်း ပြိုင်ပွဲ
တွင် မြန်မာ အသင်း အောင်ပန်းဆွတ်ခူးနိုင် အောင် ဆောင်ရွက်ပေးရမည့် တာဝန်ရှိပြီး
ကံမကောင်း အကြောင်းမလှ ခဲ့ပါက ပြည်တော်ပြန်ရမည့် ကိန်းရှိသည် ဟု ရန်ကုန် မြို့ ရှိ
ဘောလုံးဆောင်းပါးရှင် တစ်ဦးက ပြောသည်။

မာမစ် ရန်ကုန် မြို့ သို့ရောက်ရှိနေစဉ် အတွင်း မြန်မာနေရှင် နယ်လိဂ် ပြိုင်ပွဲများကို ၀င်
ရောက်ကြည့် ရှုကာ မြန်မာ ဘောလုံးလက်ရွေးစင်များ၏ ခြေကို အကဲခတ် လျှက် ရှိသည်။

အသက် ၅၆ နှစ် အရွယ်ရှိပြီဖြစ်သော မာမစ်၏ လစာငွေကြေးမှာ ဒေါ်လာ ၅၀၀၀ ကျော်
သာခံစားခွင့်ရရှိမည် ဖြစ်သည်။ ရန်ကုန် မြို့ တွင် ကြေးအိုးဆိုင် ဖွင့်ထားသည့် ဘောလုံး
ဝါသနာရှင် တစ်ဦးက မူ “ဒေါ်လာ ၅၀၀၀ ဆိုတာ ဗိုလ်ချုပ် သား တစ်ယောက် တစ်နေ့ အသုံး စရိတ်လောာက်ပဲရှိတာ မြန်မာ့ ဘောလုံး အဆင့်အတန်းမြင့်မားရေး ဆိုပြီး ဒေါ်
လာ ၅၀၀၀ ပဲသုံးတော့ အုပ်စုကနေ ပဲ အိမ်ပြန်လာ ရ အုံးမှာပဲ …….ကျွန်တော် တော့ မြန်မာဘောလုံးကို မမျှော်လင့် တော့ပါဘူး ဗျာ ” ဟု ပြောသည်။

မြန်မာ့ လက်ရွေးစင် ဘောလုံးနည်းပြ အဖြစ်တာ ၀န်ယူရသည့် ခရိုအေးရှား နိုင်ငံသား ဒရာဂို မာမစ် သည် ပြည်တွင်း စာနယ်ဇင်းများ နှင့် တွေ့ ဆုံ၍ ယခု တစ်ပတ် အတွင်း သတင်းစာ ရှင်းလင်းပွဲ လုပ်မည် ဟု ဘောလုံးဆောင်းပါးရှင် တစ်ဦးက Freedom News
Group သို့ ပြောသည်။

ခရိုအေးရှား U-21 အသင်း နှင့် မလေးရှား ပရို ကလပ် အသင်း တစ်ခု ဖြစ်သော ဆဘား အသင်းကို ကိုင်တွယ် ခဲ့သည့် ဒရာဂို မာမစ် သည် ယမန်နေ့ ညက ရန်ကုန် ဆီဒိုးနား ဟိုတယ် တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်မှ တည့်ခင်းဧည့်ခံသော ညစာစားပွဲတွင်    ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မြေးဖြစ်သူ ဘောလုံးအားကစား နှင့် ပတ်သက်၍
ဝါသနာ ပါသည့် နေရွှေသွေးအောင် ခေါ် ဖိုးလပြည့် နှင့် လည်းတွေ့ ဆုံခဲ့သည်ဟု သတင်းရရှိသည်။ထိုနေ့ က တွေ့ ဆုံမှု တွင် ဖိုးလပြည့်က ဒရာဂို မာမစ် အား မြန်မာ အသင်း
လာအိုတွင် နိုင်လျှင် ဒေါ်လာ တစ်သိန်းထိ ဆုချမည် ဟု ကမ်းလှမ်းခဲ့သည် ဟု သိရသည်။

၂၀၀၄ ခုနှစ် နောက်ပိုင်းမှ စ၍ မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းအား နည်းပြအဖြစ်
ကိုင်တွယ်ခဲ့သူ သုံးဦးရှိခဲ့ပြီး ဒရာဂို မာမစ် မှာ UEFA ပရိုလိုင်စင် နည်းပြ လက်မှတ် ရရှိထား
သူ တစ်ဦးဖြစ်သည်။