ဝ နှင့် နအဖ တပ်ဖွဲ့ များ စစ်ဖြစ်ပွားခဲ့ပါက သတင်းရယူရန် အတွက် ထိုင်း-မြန်မာ နယ်စပ် သို့ နိုင်ငံခြား သတင်းထောက်များ အသင့်ရောက်ရှိနေ

၈ အောက်တိုဘာ မယ်ဟောင်ဆန် ၊                       ၊Freedom News Group

Correspondents  Ready To Eastern – Burma Conflict Updates

မြန်မာ နိုင့် အရှေ့ဘက်ခြမ်းရှိ ၀ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ များ နှင့် စစ်အစိုးရလက်နက် ကိုင် တပ်ဖွဲ့ များကြားတိုက်ပွဲ များ ဖြစ်ပွားပါ က စစ်ပွဲ သတင်း၊ဒုက္ခသည် များ ထွက် ပြေးလာ မှု သတင်း ၊မူးယစ် ဆေးဝါးအပါအ၀င် မြန်မာ စစ်အစိုးရ တပ်ဖွဲ့ များ အသုံးပြုသော လက်နက်များကို လေ့လာ ရန် အတွက် မြန်မာ ပြည်တွင်း ရှိ ၀ နယ်မြေ နှင့် ထိစပ်နေသော ထိုင်း ပိုင်နက် များ ဖြစ်သည့် မဲဆရီ ယန် နှင် မယ်ဟောင် ဆန် ဒေသ များ သို့ နိုင်ငံခြား သတင်း ထောက်များ ရောက်ရှိ နေရ ယူထားသည် ဟု သတင်းရရှိသည်။

ဝ ဒေသတွင် စစ်အစိုးရ တပ်များ ၀င်ရောက်ထိုးစစ်ဆင် လာပါက သတင်းရယူရန် အသင့်ရှိ

နေသော အမေရိကန် နယူးယောက် အခြေစိုက် သတင်းဌာန တစ်ခု မှ အမည် မဖော်လို သော သတင်းထောက် တစ်ဦးကမူ “ဒီတစ်ခါ ၀ ကို ထိုးစစ်ဆင် ခဲ့ရင် မြန်မာ စစ်အစိုးရ အနေ နဲ့  တစ် နှစ် အတွင်း သုံးကြိမ်မြောက် စစ်ပွဲကြီး ပေါ့နော် …အဓိက ပြည်တွင်း စစ်လို

ဖြစ်နေတော့ ကမ္ဘာက စိတ်ဝင်စားကြတယ် ။သီရိလင်္ကာ နဲ့ တမီလ် စစ်ပွဲ သတင်း တွေကို

ကျွန်တော် တို့ မီဒီယာ က ဖေါ်ပြနိုင် ခဲ့တာကို ပရိသတ်က စိတ်ဝင်စားတယ်။ တလောက

ကိုးကန့် သတင်း မှာ လဲ အကြောင်းစုံ သိချင်တယ့် သူ တွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်

တို့ တဆင့်ခံ သတင်း တွေ ပဲ ဖေါ်ပြလိုက် နိုင်တယ်။ နောက်ထိုင်း နိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ လူမျိုး ရွှေ့ ပြောင်း အလုပ်သမားတွေ ၊ ဒုက္ခသည် နဲ့ မူးယစ်ဆေးဝါး သတင်းတွေ

ကို လည်း ကျွန်တော် တို့ တစ်ခါတည်း သတင်းမှတ် တမ်းတွေ အဖြစ် တင်ဆင်သွားမှာပါ

“ဟု အဆိုပါ သတင်းထောက် က Freedom News Group သို့ ပြောသည်။

ရှမ်းပြည်နယ် သတင်းစာ တစ်စောင် ဖြစ်သည့် ရှမ်းသံတော်ဆင့် တွင် “မြန်မာ စစ်အစိုးရ

ဘက်ကလည်း လက်နက်ကြီးများ အပါအ၀င် စစ်အင်အား အမြောက်အများ ၀တပ်ဖွဲ့ ပိုင်

နယ်မြေထဲ ပို့ လွှတ်နေသကဲ့သို့  ၀တပ်ဖွဲ့ ကလည်း ငွေကြေးမြောက်များ စွာ အသုံးပြုပြီး

လက်နက် များ ၀ယ်ယူဖြည့် တင်းနေသည် ဟု ဖေါ်ပြထားသည်။

ဝတပ်ဖွဲ့  နှင့် စစ်ပွဲ များ ဖြစ်ပွားလာပါ က နှစ်ဖက်စလုံးမီးကုန် ယမ်းကုန် တိုက်ခိုက် နိုင် ဖွယ် ရှိကြောင်း ထို ဒေသမှ သတင်းများကို အာရပ် ရုပ်သံ တစ်ခု ဖြစ်သည့် အယ်(လ)

ဂျာဇီးယား သတင်းဌာန သို့ ပေးပို့ နေသူ တစ်ဦးက ပြောသည်။

မြန်မာ နိုင်ငံ ရှမ်းပြည် နှင့် ထိစပ်နေသော ထိုင်းနိုင်ဘက်ခြမ်း တွင် မူးယစ်ဆေးဝါး နှင့်

ပတ်သက် သည့် သတင်းများကို စုံစမ်းရန် နိုင်ငံတကာ အဖွဲ့ အစည်း တစ်ခု ရောက်ရှိနေ

သည်။

အမေရိကန် သတင်းဌာန တစ်ခု မှ သတင်းထောက် တစ်ဦးက မြန်မာ စစ်အစိုးရ ၏ စစ်ပွဲအတွင်း လူ့ အခွင့်အရေး ချိုးဖောက် မှု များ နှင့် ဇီဝ – ဓာတု လက်နက်များကို အသုံး

ပြုခြင်း ရှိ – မရှိ စောင့်ကြည့်ရန် အမေရိကန် နိုင်ငံ တွင်းရှိ အဖွဲ့ အစည်း တစ် ချို့ လည်း ရောက် ရှိနေ သည် ဟုသိရသည်။

ဝ ဒေသ တွင်း မြန်မာ စစ်တပ်များ ၀င်ရောက်လျှင် ဖြစ်ပေါ် နိုင်သည့် ရလာဒ် နှင့် အကျိုးဆက် အပေါ် မူတည် ၍ တရုတ် – မြန်မာ ဆက်ဆံရေး နှင့် ပျိုးထောင် ပေါင်း

သင်းခါစ မြန်မာ – အမေရိကန် ဆက်ဆံရေးသည် ပုံစံ အမျိုးမျိုး သို့  ပြောင်းလဲ နိုင်

သည် ဟု ၀ါရင့် နိုင်ငံရေး သမား တစ်ဦး က သုံးသပ် သည်။