၈ အောက်တိုဘာ ဘော်စတွန် ၊ ၊သီရိထက်
Herta Muller Wins Nobel Prize in Literature

ရိုမေးနီးယား နိုင်ငံတွင် ကြီးပြင်းသော ဂျာမဏီ လူမျိုးတစ် ယောက် ဖြစ်သည့် စာရေးဆရာမ နှင့် ကဗျာဆရာမ ဟာတာ မူလာသည် ယခုနှစ် အတွက် စာပေဆိုင်ရာနိုဘလ် ဆုကို ဆွတ်ခူးရရှိခဲ့သည်။အသက် ၅၆ နှစ် အရွယ်ရှိပြီ ဖြစ်သည့်
စာရေးဆရာမ ဟာတာ မူလာ၏ စာပေများသည် ရိုမေနီးယား နိုင်ငံတွင် အာဏာရှင် ချောင်ရှက် စကူး အုပ်ချုပ်နေစဉ် ကာလ အတွင်း ပုံနှိပ်ထုတ်ဝေခွင့် မရရှိခဲ့ ဟု ဆွီဒင်
နိုင်ငံ စတော့ဟုမ်း ရှိ နိုဘဲလ် ဆု ရွေးချယ် ချီးမြှင့် ရေး အဖွဲ့ ကပြောသည်။ဟာတာ မူလာ
သည် ဥရောပတွင် ကွန်မြူနစ် စနစ် ပြိုလဲပြီး နှစ်ပေါင်း နှစ်ဆယ် အကြာတွင် ဆုရရှိ ခဲ့
ခြင်းဖြစ်သည်။
၁၉၉၉ခုနှစ်က ဂန်းတား ဂရက်(စ်)ဆုရရှိပြီး နောက် ဆုထပ်မံရရှိသည့် ဂျာမန် လူမျိုးတစ်
ဦးဖြစ်သည့် ဟာတာ မူလာသည် ဆယ့်နှစ် ဦးမြောက် အမျိုးသမီး စာပေ နိုဘဲလ် ဆုရှင်
ဖြစ်သည်။စာပေဆိုင်ရာ နိုဘဲလ် ဆုကို ဂျာမဏီ နိုင်ငံသည် ၁၉၀၁ ခုနှစ်မှ စတင် ရရှိခဲ့
သည်။
၁၉၈၂ ခုနှစ် မှ စတင်၍ စာပေးရေးသားမှု ပြုခဲ့ပြီး စာအုပ်ပေါင်း နှစ်ဆယ် ကျော်ရေး
သားခဲ့ကာ The Land Of Green Plums နှင့် The Appointment အမည်ရှိ စာအုပ်များ
မှာ နိုင်ငံခြားဘာ သာ သို့ ပြန် ဆိုခြင်းခံရသည်။
ဟာတာမူလာ အား ၁၉၅၃ ခုနှစ်တွင် မွေးဖွားခဲ့သည်။ဖခင် ဖြစ်သူမှာ ဂျာမန် SS အဖွဲ့ ဝင်
ဟောင်းဖြစ်ပြီး မိခင်မှာ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဆိုဗီယက် အလုပ်ကြမ်း စခန်း ၌ ငါးနှစ်ကျော် နေခဲ့ရသည်။
ရဲတပ်ဖွဲ့ ဝင်များ ကသောင်းကနင်း ဖြစ်နေစဉ် အတွင်း တရားရေး ၀န်ထမ်းများက လာဘ်
ပေးလာဘ် ယူမှုများ ပိုမို ပြုလုပ်လာ
