မြန်မာ့ ခိုးကူး ကမ္ဘာ လွှမ်းရမည် နှင့် ခါတော်မှီ ဂျာနယ်လစ် များ

၁၁ အောက်တိုဘာ ရန်ကုန်

ကလန်သံဗျင်

ဓနုတ်စေတီ အကြောင်း စပ်မိစပ်ရာ ရေးပြီးကတည်းက ကလန်သံဗျင် လည်း ဖရီးဒမ်း ညူးစ် မှာ မရေးဖြစ်တာ အတော်ကြာသွားတယ် ။တလောက မှ သီတင်းကျွတ် ဆောင်းပါးလေး တစ်ပုဒ် ပြန်ရေးဖြစ်တာ….။ကြာဆို ဘောလုံးကလပ် တွေရဲ့ ကျေးဇူးကြောင့် အရင်က ရွှေပတ် လောက်နဲ့ ပြီးရတာ အခု တော့ ချီးဗတ် တို့ ဘလက် တို့ ဖြစ်နေ တာနဲ့ ကဗျာဆန်ဆန် ပြောရရင်တော့ ကိုယ့်ရဲ့ ညနေခင်းတွေပျောက်ဆုံးနေတယ်လေ။ ဘောကလပ်က ဘောစိ တွေလဲနောက်ဆို ပရီမီးယားလိဂ် က ဆရာကြီးတွေလောက် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

 

အခုတလော မှာလည်း ကလန်သံဗျင် တို့ ပြည်တွင်းက စာနယ်ဇင်းတွေ လဲ ဘယ်လို ဖြစ်နေလဲမသိပါဘူး၊ဒေါ်မြလေး စကားနဲ့ ပြောရရင် “ပြောကို မပြောချင်တော့ပါဘူး” ဂီတလောက က ခိုးကူးတွေ ကို အားကျလို့  ထင်ပါရဲ့  စာအပုဒ်လိုက် ကူးချတာတို့  ၊ အားကျမခံ နောက်ကလိုက်ရေးတာတို့ ၊ ဖြတ်ညှပ်ကတ်ပြီး ပြန်ဖော်ပြ တာတို့ တွေ တော်တော် များ နေတာကို တွေ့ ရတယ်။ အဲဒီ ခိုးကူး ကိစ္စက ပြည်တွင်းမှာ တင်မဟုတ်တော့ ပဲ ပြည်ပ မီဒီယာတွေမှာ သွက်ချာပါဒ လိုက်နေတယ် ဆိုတာ ကြားရတော့စိတ်မကောင်း မိပြန်ပါဘူး။မြန်မာ ခိုးကူး ကမ္ဘာ ကိုလွှမ်းရမယ် ဆိုတဲ့ မစ်ရှင် ထားပုံရတယ်။ဟဲ……….ဟဲ………………

 

တနေ့ ကတော့ ရေးဖော် ရေးဖက် တစ်ယောက်က ပြောတဲ့သတင်း တစ်ခုက လည်း
ရင်ထဲတောင် နဲနဲ ထိတ်သွားရတယ်။ အရင်တုန်းက မြန်မာ စာပေမှာ အိမ်ရှေ့ပေါက်က
ဝင်တာ နဲ့  နောက်ဖေး ပေါက်က ၀င်တာ နှစ်မျိုးပဲ ရှိတယ် အခု နောက်တစ်မျိုး ပေါ်နေတယ် အဲဒါက ခံတော်မှီဂျာနယ်လစ် ဆိုတဲ့  —-ခံ ပြီးဝင်တဲ့နည်း   ဆိုတော့ ကလန်သံဗျင် လဲ ကျောချမ်း သွားရပါတယ်။ကိုယ် ကြားဖူးတာတွေ က အင်ဗက်(စ)
တီဂေ့တက် ဂျာနယ်လစ်ဇင် တို့  ဖိုတို ဂျာနယ်လစ်ဇင် တို့ ပါ ဘယ်လိုများနောက် တစ်
ခုတိုးလာ တာပါ လိမ့် လို့ ဝေခွဲမရ ဖြစ်နေတော့………

ဒါနဲ့ …သည် မောင့် ကို ဘယ်လို များ ……..ခံ ပြီးဝင်တဲ့ နီးလည်း လို့ မေးကြည့်တော့ အရင်က ဆို ကိုယ့် စာကို ယုံယုံကြည်ကြည် ရေးပြီး ရှေ့ပေါက်က ၀င်တဲ့ နည်း ၊နောက်
ပိုင်းကျတော့ အယ်ချုပ် တွေ ၊ ပလစ်ဘလစ်ရှာ တေ ကို အိုးကြွေးပြီး (ကြေးအိုး ကြွေးပြီ

ဝင်တာ ပြောတာနော် ) နောက် ဖေး ပေါက်က ၀င်တည့် နည်းရယ် ပဲရှိတယ် ၊အခု ကျတော့ ၂၀၁၀ ကို အကြောင်းပြုပြီး ….ရွေးကောက်ပွဲ သည် ဒီမိုကရေစီ ၏ ကြန်အင်
လက္ခဏာ တစ်ရပ် တို့  ၊ ဘာတို့ …ညာ တို့ …..အင်္ဂလိပ် လို လေး နဲနဲပါးပါးညှပ်ထည့်
ပြီး ခါတော်မှီ ပေါ်ပြူလာ ဖြစ်ချင် လို …….ခံ ပြီ့း ရေးတဲ့ကောင်တွေ ကို ခံတော်မှီ ဂျာနယ်
လစ် လို့ ခေါ်တယ် လို့ ရှင်းပြ တော့မှ အော် …..ငါလဲ ကမ္ဘာကြီး နဲ့  တော်တော် အဆက်
ပြတ်နေ တာပဲ လို့ ကိုယ့် ကိုယ်ကို ပြန်တွေး မိတယ်။

ဒါကြောင့် လဲ Face Book သုံးပါ လို့  အိမ်က တူနှစ်ကောင်က ပြောတာကိုး…သူတို့ ကတော့.ဖေ့ဘွတ်
မှာ လဲကောင်မလေးတွေက လန်းတယ် ဆိုလားပဲသြော် …ဒါနဲ့  ….ဖေ့ဘွတ် ………ဆိုလို့ ……..အနောက်
ဂေါ်ယာ ကျွန်းမှာ ရောက်နေတဲ့တက်ကြွသူ တစ်ချို့ လဲ ဖေ့ဘွတ် မှာ မြနမာ ကောင်မလေးတွေ ကို မစားရ
ဝခမန်းတွေ ပြောပြီး အီကြာကွေး ရိုက်နေတယ်ဆိုတာကြားရတော့  အင်း….ရုပ်ဆိုးတာ တို့ …..အသားမဲ
တာတို့  လူသိတာ မဟုတ်ဘူးဆက်လုပ်လို့        ပြောလိုက်ချင်ပေမယ့် ကလန်သံဗျင်က တော့ ဘောလစ်
တစ်ယောက်ဆိုတော့် (ဘောလုံးဂျာနယ်လစ် ကိုပြော တာနော် တော်တော်ဝေးတာပဲ) ပြီ ..ပြီ …….တော်ပြီ
….နောက် ….မလုပ်ရ ဘူးနော် ……….အနီကဒ်(နောက်တစ်ကဒ် ထပ်ပြရင် မန္တလေးမှာ ဆို ခဲနဲ့ အပေါက်ခံရမယ်)

ပြောချင်တာက ဖေ့ဘွတ် မဟုတ်သေးဘူး …..တချို့ ကျတော့လဲ ဘာရယ် မဟုတ်ပါဘူး ..ငယ်ငယ်တုန်းက
ကမြင်းထနေပြီး အသက်ကလေးရလာ မှ လမ်းကြုံတုန်း စာရေးဆရာ လေး ဘာလေး လုပ်လိုက်မယ်
ဆိုတဲ့ စိတ်က၀င်လာ ပုံရတယ် ထင်ပါတယ်။သနားပါတယ် ရေးပါစေလေ …..နောက်ပိုင်း ရေးကျင့်လေးရလာရင်
ရနောင် မောင်မောင် တုတ် တို့ ၊ဇမ္ဖူတစ်လူ တို့ လို  လူကြိုက်တဲ့ ကျန်းမာရေးစာပေ လေးဘာလေး ရေးလို့ 
ရတာပေါ့ ဟုတ်ဘူးလား။

စကားလမ်းကြောင်းတွေ တောင် လွဲ ကုန်ပြီ  ပြန်ဆက် အုံးမှ ကလန် သံဗျင် တို့ မြန်မာ စာ
နယ်ဇင်းတစ်ချို့ လဲ ဘယ်လိုဖြစ်ကုန်တာလဲ မသိပါ ဘူး ။ ရှေ့ဖြစ်ဟောတွေ လိုလို
အကြားအမြင်ရသလိုလို တွေ ဖြစ်ပြီး ….နှင်းခဲပျော်ချိန်ရောက်ပြီ တို့ ၊ နှင်းခွဲစက် ၀ယ်ချိန်
ရောက်တော့မယ် နဲ အလန့် ထညက် ခေါင်းစဉ် တွေတပ်ပြီ့း ဘယ်လို ဖြစ်ကုန်မှန်း မသိပါဘူး။

အခုမှ မိုးတောင် မကုန်သေးဘူး ၊ဘယ့်နှယ့် နှင်းခဲပျော်ရမှာ လဲ လို့ လက်တို့ ပြီးမေးလိုက်
ချင်ပါသေးတယ်။ကလန် သံဗျင် ရဲ့ ရေးဖေါ် ကြီး ဘောလစ်တစ် ဦးကတော့ သရေခေတ္တရာ

ယူနိုက် တက် က ၀ဲထားတဲ့ ချီးဗတ် နဲ့ ဇိမ်ခံနေရင်း သူပြောလိုက်ပုံကတော့ ….အော်….သောက်
ရင်းတန်းလန်း ရေခဲ ကုန်သွားလို့ ဖြစ်သွားမှာပေါ့ ဒါကြောင့် နှင်းခဲပျော်ချိန်ရောက်ပြီ လို့ စာပွဲထိုး
ကို ပို့ စ် မော်ဒန် ဆန်ဆန် ရေခဲမှာတာနေမှာ  ပေါ့လို့  အာလေးလျှာလေး နဲ့ မှတ်ချက် ပြူပါတယ်။

ဒီတစ်ပတ် ဒီမျှ နဲ့ တော်ကြ အုံးစို့ 

မှတ်ချက်…….ကလန်သံဗျင် စာများကို အပိုဒ်လိုက်သော် လည်းကောင်း ဖြတ်ဖောက်ချုပ် လုပ်၍
သော်လည်းကောင်း ခိုးကူး ခြင်း တစ်ဆင့်ဖော်ပြခြင်း မပြုရ…….