ဒီတစ်ပတ် သတင်းဓာတ်ပုံ

၁၂ အောက်တိုဘာ ရန်ကုန် ၊                   ၊Freedom News

Photo : In This Week

ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်အစိုးရ၏ ဆက်ဆံရေးကို ပြည်သူများက စိတ်ဝင်စားမှုမြင့်တက်လာရာပုံတွင် အပတ်စဉ်ထုတ်မြန်မာ ဂျာနယ်တစ်စောင်၌ ဆက်ဆံရေးဝန်ကြီး နှင့် သူမ တို့ တွေ့ ဆုံပုံကို စိတ်ဝင်စားစွာဖတ်ရှုနေသူ တစ်ဦး (AP Photo/Khin Maung Win)

အောက်တိုဘာလ ၉ ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးသို့ တွေ့ ဆုံမှု ကိုလာရောက်ရှင်းလင်းပြောကြားသည့် အမေရိကန် သံရုံးယာယီတာဝန်ခံ သောမတ် ဗခ်ျဒါနှင့် အနောက်တိုင်းသံတမန် အချို့ (AP Photo/Khin Maung Win)

မြန်မာ -ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံနယ်စပ် တင်းမာနေချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် အိန္ဒိယ ကြည်းတပ် စစ်ဦးစီးချုပ် ဒီပါ ကပူရ်း
မြန်မာ -ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံနယ်စပ် တင်းမာနေချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် အိန္ဒိယ ကြည်းတပ် စစ်ဦးစီးချုပ် ဒီပါ ကပူရ်း ဓာတ်ပုံ- Hindu Times
ကမ္ဘာ့စီးပွားပျက်ကပ်ဂယက်ကြောင့်မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးလာရာ ထိုင်း-မြန်မာနယ် စပ်မြို့ ဖြစ်သည့် မဲဆောက်သို့ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သူများအား မဲဆောက်မြို့ ရှိ ဆောက်လုပ်ရေးတစ်ခု တွင်တွေ့ ရစဉ် ဓာတ်ပုံ- FreedomNews Group
ကမ္ဘာ့စီးပွားပျက်ကပ်ဂယက်ကြောင့်မြန်မာနိုင်ငံတွင်အလုပ်အကိုင်ရှားပါးလာရာ ထိုင်း-မြန်မာနယ် စပ်မြို့ ဖြစ်သည့် မဲဆောက်သို့ ရွှေ့ပြောင်းလာရောက် အလုပ်လုပ်ကိုင်သည့်မြန်မာလူမျိုးများအား မဲဆောက်မြို့ ရှိ ဆောက်လုပ်ရေးတစ်ခု တွင်တွေ့ ရစဉ် ဓာတ်ပုံ- FreedomNews Group
ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးနေသည့် ကြိုးကြာတောင်ပံခတ်သံ ဇာတ်ကားတွင် သရုပ်ဆောင်နေသည့် နေတိုး နှင့် အိန္ဒြာကျော်ဇင် ဓာတ်ပုံ - FreedomNews Group

၂၀၀၉ ခုနှစ်စာပေဆိုင်ရာ နိုဘယ်လဲဆု ရွေးချယ်ခံရသည့် ရိုမေနီးယန်း-ဂျာမန် အမျိုးသမီး စာရေးဆရာမ ဟာသာ မူလာ ဓာတ်ပုံ - စပီးဂဲလ်

ပါကစ္စတန် ရ၀ါပင်ဒီစစ်ဌာနချုပ်ကို စစ်သွေးကြွများက ၀င်ရောက် စီးနင်းထားစဉ် ပါကစ္စတတန် အသေခံတပ်ဖွဲ့ က ပြန်လည် စီးနင်းသိမ်းပိုက်စဉ် ဓာတ်ပုံ - တယ်လီဂရဖ်