၁၃ အောက်တိုဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Political Prisoner’s Family Member Victims Of Myanmar Police
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးလှုပ်ရှားမှု ပြုသဖြင့် ဖမ်းဆီးခံထားရသော သားဖြစ်သူ သက်ဦးမောင် အတွက် မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းတွင် သွားရောက် သတင်းစုံစမ်းမေးမြန်းသူ အမှတ် ၂ ရပ်ကွက် နေ ဦးကျော့မောင်သည် ရဲတပ်သား ပန်းသီး နှင့် ရပ်ကွက် ရယက အဖွဲ့ ဝင်များက ၀ိုင်းဝန်း ရိုက်နှက် သဖြင့် သေဆုံးသွားသည် ဟု သတင်းရရှိ သည်။
ဦးကျော့မောင်သည် မြောက်ဥက္ကလာပ ၂ ရပ်ကွက် တွင်နေထိုင်သူ တစ်ဦးဖြစ်သည်။ မြောက်ဥက္ကလာပ မြို့ နယ် ခေမာသီ လမ်းပေါ်တွင် ရှိသော ရဲစခန်း ကို သွားရောက် ဖမ်းဆီးခံထားရသော သားဖြစ်သူ အတွက် သွားရောက် စုံစမ်းရာ မှ အောက်တိုဘာလ ၈ ရက်နေ့ နေ့ လည် သုံးနာရီ အချိန် ခန့် တွင် သုမာလာ လမ်းဆုံးအနီး ရိုက်နှက်ခံရ ၍ သေဆုံးသွားခြင်းဖြစ်
သည် ဟု အမည်မဖော်လိုသော ရဲတပ်ဖွဲ့ ဝင်တစ်ဦးက Freedom News Group သို့ ပြောသည်။
ရဲတပ်သား ပန်းသီး နှင့် ရယက အဖွဲ့ ဝင်ဟောင်း ကိုအေးချိုတို့ က ရိုက်နှက်ပြီးနောက်တစ်နေ့ မနက် အာရုဏ် တက်ချိန်တွင် ဦးကျော့မောင် သေဆုံးသွားခဲ့သည် ဟု သိရသည်။ မြောက်ဥက္ကလာ ပ မြို့ နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်လူငယ်တစ်ဦးက “ကိုသက်ဦးမောင် ကို ထောက်လှမ်းရေး နှင့် ရဲအဖွဲ့ ဝင်များက သြဂုတ်လတွင် ဖမ်းဆီးသွားပြီး
နောက် သူ့ အားမည်သည့် နေရာတွင်ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာ
အာဏာပိုင်များက မိသားစုဝင်များ အား အကြောင်းကြားခြင်း မရှိဟု သိရ
သည်။
ကျန်ရစ်သူ ဦးကျော့မောင် ၏ မိသားစု ၀င်များက အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ဖခင်ဖြစ်သူသေဆုံးရမှု အတွက် မြောက်ဥက္ကလာပ ရဲစခန်း၌်
ပင် အမှုဖွင့် အရေးယူထားသည် ဟု သိရသည်။ဦးကျော့မောင်
မြောက်ဥက္ကလာပ မြို့ နယ် ရဲစခန်းမှ ဒုရဲအုပ် သောင်းညွန့် က ဦးကျော့မောင်
၏ မိသားစုဝင်များ တိုင်တန်းထားချက် ကို ၃၀၂ (က) အရ အရေးယူထား
သည် ဟု မြောက်ဥက္ကလာပ မြို့ နယ် ရဲစခန်း မိသားစုဝင် တစ်ဦးကပြောသည်။
၂၀၀၆ ခုနှစ် မတ်က ၁၇ ၇က်နေ ညက ရန်ကုန်မြို့ သီရိမင်္ဂလာ ဈေးအနီးတွင် နိုင်ငံရေးအကျဉ်းသား ဟောင်း နှင့် ကျောင်းသား လှုပ်ရှားမှုခေါင်းဆောင် ကိုသက်နိုင်ဦး သည် မီးသတ် နှင့် ရဲတို့ ၏၀ိုင်းဝန်း ရိုက်နှက်ခြင်းခံရကာ သေဆုံးသွားခဲ့သည်။ ကို သက်နိုင်ဦး ထိုကဲ့သို့ သေဆုံးရမှု အတွက် မိသားစုဝင်များက အမှုဖွင့် တိုင်တန်းထားသော် လည်း ကြည့်မြင့်တိုင်ရဲစခန်းက ထိရောက်စွာစုံစမ်း စစ်ဆေးခြင်း မရှိဟု မိသားစုဝင် တစ်ဦးက ပြောသည်။
ဦးကျော့မောင်၏ ရုပ်အလောင်းကို ယနေ့ နေ့ လည် တစ်နာရီ တွင် မြောက်ဥက္ကလာပ ရေဝေး
သုဿာန် တွင် သဂြိုလ် မည် ဖြစ်သည်။ရဲတပ်သား နှင့် ရယက အဖွဲ့ ဝင်များက ရိုက်နှက် သဖြင့်
သေဆုံးသွားသူ ဦးကျော့မောင် သတင်းသည် မြောက်ဥက္ကလာ ပမြို့ နယ်တွင် ဟိုးလေး တကျော်
ဖြစ်နေပြီး မြို့ နယ် ရဲတပ်ဖွဲ့  ရုံးများ နှင့် ရယက ရုံးများမှာ ပြည်သူများက လာဝိုင်းမည် ဆိုးသော
ကြောင့် လုံခြုံရေးများတိုး မြှင့်ချထားရသည် ဟု “ ဈ ” ဈေး အနီး လက်ဖက်ရည် ဆိုင်ဖွင့် လှစ်ထားသူတစ်ဦး ကပြောသည်။

မင်းတို့ငါတို့ရဲ့ ရဲဘော်ကြီး ကိုသက်နိုင်ကို မင်းအမှတ်ရနေဦးမှာပါ။ သူလည်း ခုလိုပဲ လမ်းပေါ်မှာ ခွေးတွေရဲ့ ရိုက်သတ်တာကို ခံခဲ့ရတယ်ကွ။
………………………………………………………………
အခုလိုမျိုး အပြစ်မဲ့ပြည်သူတယောက်ကို အာဏာပိုင်တွေက လမ်းပေါ်မှာ ရိုက်သတ်နေတာ မြန်မာလူမျိုးတွေအတွက် ရှက်စရာမကောင်းဘူးလားလို့ Voice journal အယ်ဒီတာ ဆိုတဲ့ နေ၀င်းမောင်ကို မေးကြည့်ပါဦး။”