ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား

၁၆ အောက်တိုဘာ ရန်ကုန် ၊                       ၊ယူကွန်

ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာပြပွဲမှ မော်ဒယ်တစ်ဦးကို ယနေ့ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ
ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာပြပွဲမှ မော်ဒယ်တစ်ဦးကို ယနေ့ တွေ့ ရစဉ် ဓာတ်ပုံ-အေပီ

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ ကြီးမှူး၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာပြပွဲ ၂ဝဝ၉ တွင် နာမည်ကျော်မြန်မာမော်ဒယ်(လ)များ နှင့် တက်သစ်စမော်ဒယ်(လ) လေးများက အရှက်လုံရုံ
လောက်သာ ဖုံးထားသည့် ဖက်ရှင်စတိုင် များဖြင့် ကုန်ပစ္စည်းများကို ကြော်ငြာပေးခဲ့ကြောင်း
သတင်းရ ရှိသည်။

နည်းပညာကုမ္ပဏီပေါင်း (၆ဝ) ကျော်မှ ပြခန်းပေါင်း (၁၅ဝ) ကျော် ဖြင့်ခင်းကျင်း ပြသထားပြီး
ယခင်နှစ် ဒီဇင်ဘာလ က ရတနာပုံ တယ်လီပို့ တွင် ကျင်းပသည့် ဆိုင်ခန်းခများထက် ဈေးနှုန်း
မြင့်မားသည် ဟု Lucky Bird ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးကပြောသည်။အဆိုပါ ပြပွဲသည်မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA)၏ ရံပုံငွေ ရရှိရန် အတွက် ရည်ရွယ်
၍ ကျင်းပခြင်းဖြစ်ပြီး MCIA သည် မြန်မာနိုင်ငံ ကွန်ပျုတာ အသင်းချုပ် နှင့် ပူးပေါင်းကာ MISS
ICT ပြိုင်ပွဲ ၂၀၀၉ ကိုမကြာခင် ကျင်းပတော့မည် ဖြစ်သည်။

ပြပွဲတွင် လက်ပ်တောပ် နှင့် နုတ်ဘွတ် များကို ဈေးနှုန်းချိုသာစွာဖြင့် ၀ယ်ယူရရှိနိုင်ပြီး နိုင်ငံတကာတွင် လူသိများထင်ရှားခြင်း မရှိသေးသည့် ကွန်ပျူထာအမှတ်တံဆိပ်များဖြစ်သည့် Prolink နှင့် ViewSonic အမျိုးအစားများမှာ ကျပ် သုံးသိန်းခန့် ဝန်းကျင်သာရှိသည် ။

ထိုပြပွဲကို၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်မှ (၁၈) ရက်နေ့ အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။Myanmar ICT Exhibition  2009ပြပွဲပြီးနောက် MISS ICT ပြိုင်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည် ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ပါဝင်
ယှဉ်ပြိုင်မည့် အမျိုးသမီးများ ကို ယနေ့ ဆီဒိုးနား ဟိုတယ်တွင် နောက်ဆုံး လူရွေးချယ်ပွဲကျင်းပ
ခဲ့သည်။

ယခင် အင်ဗွိုင်းခန်းမ ဟု ခေါ်သော တပ်မတော် ခန်းမ ကွန်ပြူတာခန်းမသို့ သွားရောက်ခဲ့သူ တစ်ဦးက “ကွန်ပျုတာပြပွဲ လို့ ဆိုပေမယ့် ဖက်ရှင်ပြပွဲ လုပ်နေတဲ့ အတိုင်းပဲ အရောင်းမြှင့်တင်ရေး ကောင်မလေးတွေက စကတ်တို လေးတွေ ဘောင်းဘီ တိုလေးတွေ ၀တ်ထားတာ ပေါင်လေးတွေ ဖွေးဖွေးဖြူဖြူနေတာပဲ ကြည့် လို့ ကောင်းတယ် “ဟု Freedom News Group သို့ ပြောသည်။

မြန်မာအမျိုးသမီးငယ်များ ၀တ်စားဆင်ယဉ်မှုအပြောင်းအလဲနှင့် ပတ်သက်၍ Freedom News မှ ယခုနှစ် မတ်လ ၄ ရက်နေ့ ကတင်ဆက်ထားသည့် သတင်းဆောင်းပါး

2 thoughts on “ပေါင်သားပေါ်ဖက်ရှင်များကြောင့် သတင်းအချက်အလက်နည်းပညာပြပွဲ လူစည်ကား

  1. မြန်မာပြည်မှာ နိုင်ငံရေးကလွဲရင် ကြိုက်တာလုပ်လို.ရတယ် ရဲကိုငွေလာဘ်ထိုးနိုင်ရင် လူသတ်လို.လဲ ရတယ် … ငွေနဲ့ ရာထူးက ဥပဒေအထက်မှာရှိနေတာမို. မိန်းခလေးငယ်တွေ အပါအ၀င် ပြည်သူတွေ ဘယ်ခေါတ်ကနဲ့မှ မတူအောင်အကျင့် စါရိတ္တ ပျက်စီးနေကြတာ ဘာဆန်းသလဲ။

  2. အမြင်တင့်တယ်စွာ ကြော်ငှာသင့်ပါတယ်။

Comments are closed.