၁၇ အောက်တိုဘာ အယ်အေ၊ ၊Freedom Literatur
ဂျွန်ကပြောတယ် ……..အားလုံးမြစ်ဆီသို့ 
(John Said “Here We Go …River” by K. Zaw)
စိတ်ကလေး
မလွမ်းအောင်နေလို့မရဘူး
လွမ်းလွမ်းနေ .. သူ့ခမျာ
မပျော်အောင်လည်းနေလို့မရဘူး
ပျော်ပျော်နေ … ။
ဟေး..ဂျွန်
အချစ်ကိုမနိုင်မနင်း
သယ်ဆောင်လာတဲ့
တမျှော်တခေါ်အနမ်းရဲ့
ဟိုး အတွင်းဖက်မှာ
အိမ်ဆီပြန်ခေါ်မယ့်လမ်းပါသကွဲ့
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှမဟုတ်ပါဘူး
ပျံလွှားငှက်လေးနဲ့လည်းလိုက်မယ် ။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှလုံးသားအရူးအမူးလေးက
ဘယ့်နှယ့်လုပ်သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ..
စိတ်ကိုဖမ်းကြပေတော့ … ။
အနမ်းဆိုတာခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး … လှသူပေါ့ …. ။
အနယ်အမှုန်ထနေတဲ့ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမှစွဲမက်သတဲ့ ။
သက်တံတွေ ကြယ်တွေ
ပန်းပွင့်တွေ သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးမှအိနြေ္ဒရတာပါ … သူ့မှာ
စကားလုံးတွေလည်းလှပတယ် … ပြီးတော့
တသွင်သွင်စီးလို့ … ။
ဂျွန်ကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး …….. ။ ။
