မေတ္တာ ၊အရိုင်း နှင့် မောစ့်တို့ ပါဝင်သည့် မန္တလာရင်ခွင်အငြိမ့် ပျက်လုံးများကြောင့် ပရိသတ်အားပေးမှုရရှိ

၁၉ အောက်တိုဘာ ရန်ကုန် ၊                      ၊ယူကွန်

Laughing Through The People ‘s Gag

မန္တလာရင်ခွင်အငြိမ့်
မန္တလာရင်ခွင်အငြိမ့်

ဒါရိုက်တာမောင်သီ ရိုက်ကူးထားပြီး မင်းသမီးခိုင်သင်းကြည် နှင့် လှအဉ္စလီတင့် တို့ ခေါင်းဆောင်ပါဝင်သည့် မန္တလာ ရင်ခွင်အမည်ရှိ အငြိမ့်မှာ လူရွှင်တော် မေတ္တာ ၊မောစ့် နှင့် ပေါ်လေးတို့ ၏ ပျက်လုံးများ ၊သီချင်းနှင့် ခွန်းထောက်များ ကြောင့် ပရိသတ် ၏ အားပေးမှုမှာ တစ်ခဲနက် ရရှိနေသည် ဟု လှိုင်မြို့ နယ်မှ ဗီဒီယို အငှားဆိုင် ပိုင်ရှင် တစ်ဦးက Freedom News Group သို့ ပြောသည်။

မန္တလာရင်ခွင် အငြိမ့်တွင် မော်စ် ၊အရိုင်း ၊မေတ္တာ ၊ပေါ်လေး ၊တိမ်ညွန့် ၊ညောင်ညောင်
တို့ လူရွှင်တော် အဖြစ်ပါဝင်ထားကြသည်။

မန္တလာရင်ခွင် အငြိမ့် ဗီဒီယိုတွင် သူခိုးဆိုတာ မျက်နှာဖုံးမပါ ၊ တိုင်းရင်းသားတွေ စည်းလုံးကြစေ ညီညီညာညာ လက်တွဲ မဖြုတ် ကြနဲ့ ၊ အင်းတွေမှာ ရေလျှံ ၍ ဦးပိန်တံတား ကျိုးသည်၊ဖောင်ကြီးဆင်း၍ ဖင်ကြီးစောင်း ၊စတစ်ကာကပ်ထားသောဝစ်သောက် ဖောင် နှင့် လှအဉ္စလီတင့်နှင့် မောစ့်တို့ ၏ လမ်းကောင်းတယ် ပျက်လုံးများမှာ ပရိသတ်၏ မပြုံးဘဲ နှင့် ၀ါးလုံးကွဲ ရယ်စရာ ဖြစ်စေသည်။

Hla Inzali Tintရေကျော်ရပ်ကွက်ရှိ ဗီဒီယို အငှားဆိုင်ပိုင်ရှင် တစ်ဦးကလည်း “မန္တလာရင်ခွင့် အငြိမ့်က
ဒီလဆန်းက ထွက်တာ အငှားလိုက်လို့ ခြောက်ခွေတောင် ထားရတယ်“ ဟု ပြောသည်။
လသာမြို့ နယ်တွင်နေထိုင်သည့် အနုပညာရှင် တစ်ဦးက “တခြားအငြိမ့်ခွေ တွေဆိုလည်း
မလွတ်တမ်းကြည့်တယ်၊ဒီအခွေကျတော့ပျက်လုံးတွေက ဆန်းသစ်မှုလည်းရှိတယ်၊
ပရိသတ်ရင်ကိုလည်း ထိတယ် “ဟုပြောသည်။

မန္တလာရင်ခွင်အငြိမ့် တွင် ပါဝင်သည့် လူရွှင်တော် မေတ္တာမှာ ၁၉၉၆ ခုနှစ်မှ စ၍ မြန်မာ့ရုပ်မြင်သံကြားမှ စီစဉ်တင်ဆက်သည့် ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်
တွင် အစီအစဉ် တင်ဆက်သူ အဖြစ်ဆောင်ရွက်ရင်း သူ၏ထိရောက်သော ဟာသပျက်လုံးတစ်ခုကြောင့် ၂၀၀၀ ပြည့် နှစ်မှ စ၍ ၂၀၀ရ ခုနှစ်ခုနှစ် အထိ အနုပညာလှုပ်ရှားခွင့်များအား အာဏာပိုင်များက ပိတ်ပင်ထားခြင်းခံခဲ့သည်။

ထိုအငြိမ့် ဇာတ်ခွေ ဗီဒီယို ကို ကြည့်ဖူးသည့် မန္တလေးမြို့ မှ စာနယ်ဇင်းဆရာတစ်ဦးက
လည်း “စီစစ်ရေးမူက နဲနဲပြောင်းထားတော့ စာပေ မှာတင် မဟုတ်ဘူး ရုပ်ရှင် ဗီဒီယို
နယ်ပယ်မှာလည်း နဲနဲ လျှော့ပေးထားတယ် ဒါပေမယ့် ဒီအခွေဆင်ဆာ တော်တော်
ထိတယ်လို့ ပြောတယ်“ဟု ပြောသည်။

လွန်ခဲ့သည့် တစ်လကျော်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ ချုပ်ရံပုံငွေ အဖြစ်
ထုတ်ဝေသည့် ဒါရိုက်တာ မောင်မျိုးမင်း၏ နှင်းဆီရင်ခွင် အငြိမ့် ဗီဒီယို အခွေမှာလည်း
လူကြိုက်များသော် လည်း မန္တလာရင်ခွင် အငြိမ့် ခွေလောက် အောင်မြင်မှု မရ ဟု
သိရသည်။

မန္တလာရင်ခွင်အငြိမ့် အား ဤနေရာတွင်ကြည့်ရနိုင်ပါသည်