ရန်ကုန်ရွှေဈေး နေ့စဉ် အတက်ပြ

၂၀ အောက်တိုဘာ ရန်ကုန် ၊                    ၊စပယ်ထွန်း

Gold Hits Record High

CBUSINESS-US-MARKETS-PRECIOUSတနင်္လာနေ့ က ရွှေတစ်အောင်စလျှင် နယူးယောက်ဈေးကွက် တွင် ၁၀၇၀ ဒေါ်လာထိ ဈေးမြင့်တက်သွားပြီးနောက် အင်္ဂါနေ့ ရန်ကုန် မြို့ ရှိရွှေဈေး
ကွက်ဖွင့်ချိန်တွင်လည်း မြန်မာ့ ရွှေဈေးတစ်ကျပ်သားမှာ ကျပ် ခြောက်သိန်း
တစ် သောင်း ရှစ်ထောင်ထိ ဈေးနှုန်းသိသိသာသာ မြင့်တက်သွားကြောင်း သိရသည်။

တနင်္လာနေ့ က ဈေးကွက်ပိတ်ချိန်တွင် ကျပ်ခြောက်သိန်းတစ်သောင်း တစ်ထောင် အထိသာ ဈေးနှုန်းဖြစ်ခဲ့သော်လည်း တစ်ရက်အတွင်း နယူးယောက်ရွှေဈေးခုန်တက် မှု ကြောင့် မြန်မာ့ရွှေဈေးလည်း အတက်ကြမ်းရသည် ဟု သိရသည်။
စစ်အစိုးရ ၏ ငါးထောင်တန် ငွေစက္ကူထုတ်ဝေပြီးနောက်ပိုင်းတွင် ရွှေဝယ်စု
သူများပြားလာသောကြောင့် ရွှေဈေးအနည်းငယ်မြင့်တက်ခဲ့သည်။လွန်ခဲ့သည့်
တစ်လခန့် မှစ၍ နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးအနည်းငယ်မြင့်တက်
လာသောကြောင့် ဘန်ကောက် ရွှေဈေးကွက် နှင့် ရန်ကုန် ရွှေ့ဈေးကွက်တို့ တွင် ဈေးနှုန်းအပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။

ယနေ့ ဘန်ကောက်ရွှေဈေးကွက် ဖွင့်ချိန်တွင် ရွှေတစ်ကျပ်သားမှာ ဘတ်ငွေ
နှစ်သောင်းကျော်ထိ ဈေးပေါက်သည် ဟု မဲဆောက်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်
ဦးကပြောသည်။

Goldအမေရိကန် ဒေါ်လာငွေဈေးမှာ မူ အခြားနိုင်ငံငွေကြေးများ နှင့် လဲလှယ်ရာ
တွင် ဈေးနှုန်းဆက်တိုက်ကျဆင်းနေသောကြောင့် မြန်မာငွေကြေး နှင့် လဲ
လှယ်ရာတွင် ဒေါ်လာဈေးမှာသိသိသာ မြင့်တက် ခြင်းမရှိသေးချေ။

အမေရိကန် ဒေါ်လာမှာ ထိုင်းဘတ်ငွေ နှင့် လဲလှယ်ရာတွင် ၃၃.၃၈၊ဂျပန် ယန်း နှင့် ၉၀.၇၄ ၊ယူရိုငွေ ၀.၆၆ ဈေးပေါက်သည်။အမေရိကန် ဒေါ်လာငွေ
ဈေးကျဆင်းခြင်းမှာ နှစ်နှစ် ဆယ်အတွင်း အဆိုးရွားဆုံးဖြစ်သည် ဟု အမေရိကန် ဗဟိုဘဏ် သတင်းထုတ် ပြန်ချက်တွင် ဖေါ်ပြထားသည်။

လွန်ခဲ့သည့် ဆယ်နှစ်က နိုင်ငံတကာတွင် ရွှေတစ်အောင်စလျှင် ၂၆၀ ဒေါ်လာသာဈေးပေါက်ခဲ့ပြီး  ထိုအချိန်က မြန်မာ့ရွှေဈေးမှာ ကျပ် နှစ်သိန်း
ကျော်သာ ရှိခဲ့သည်။

လွန်ခဲ့သည့် နှစ် နိုဝင်ဘာလက အမေရိကန် တွင် စီးပွားပျက်ကပ်စ
တင်ပြီးနောက် မြန်မာ့ ရွှေဈေးမှာ မကြုံဖူးအောင် ကျဆင်း
ခဲ့ကာ ကျပ်လေးသိန်း နီးပါးထိကျဆင်းခဲ့သည်။

ရန်ကုန် ရွှေဘုံသာလမ်းရှိ ရွှေးဈေးကွက် ကျွမ်းကျင် သူ တစ်ဦးက မူ နိုင်ငံတကာ ရွှေပေါက်ဈေးဆက်လက် မြင့်တက်နေမည် ဆိုပါက မြန်မာ့ ရွှေဈေး ကျပ် ခုနှစ်သိန်း နီးပါးထိ ဆက်လက် တက်နိုင်သည် ဟုပြောသည်။