လာအိုဆီးဂိမ်း အနိုင်ရလျှင် မြန်မာလက်ရွေးစင်းအသင်း သိန်းသုံးသောင်းခန့် ဆုကြေးရရှိမည်

၂၁ အောက်တိုဘာ ရန်ကုန်၊                   ၊ညွန့် သက်ထားဦး

kanbawza-img-03-bဒီဇင်ဘာလတွင် လာအို နိုင်ငံ ဗီယန်ကျင်း မြို့တွင်ကျင်းပမည့် အရှေ့တောင် အာရှနိုင်ငံများဘောလုံး အသင်း ၌ မြန်မာ အသင်း အနိုင်ရ ဗိုလ်ဆွဲပါက ဆုကြေးငွေ
ပေါင်း သိန်း သုံးကျော်ခန့် ခံစားရ နိုင်ကြောင်း မြန်မာနေရှင် လိဂ် တွင် ပါဝင်ကစားနေ
သော ဘောလုံးသမားတစ်ဦးက Freedom News Group သို့ ပြောသည်။

ခရိုအေးရှား နည်းပြသစ် ဒရာဂို နှင့် စတင်လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင်းအသင်းမှ
ရွေးချယ်ခံထားရမည့် သူများမှာ ပြိုင်ပွဲ နီးကပ်လာချိန်တွင် ထိခိုက်ဒဏ်ရာရမှုမှ ကင်းဝေစေ
ရေးအတွက် နေရှယ်နယ် လိဂ် တွင် ၀င်ရောက်ကစားခွင့် ရပ်နားထားမည် ဖြစ်သည်။
လာမည့် ဒီဇင်ဘာလ ဗီယန်ကျင်းတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ အသင်းဗိုလ်စွဲ
လျှင် မြန်မာ ဘောလုံးအဖွဲ့ ချုပ်မှ ကျပ်သိန်း သုံးထောင် ၊မြို့ တော်ဝန် မှ ကျပ်သိန်း တစ်ထောင် နှင့် စစ်ပွားရေးလုပ်ငန်း ရှင် တစ်ဦးလျှင် အနည်းဆုံးကျပ်သိန်း၁၀၀ ထည့်ဝင်ရန် နေပြည် တော်မှ ညွှန်ကြားထားပြီး ဖြစ်သည် ဟုသိရသည်။

ဘောလုံးသတင်းဆောင်းပါးရှင် တစ်ဦးးကမူ ထိုင်း နဲ့  အင်ဒိုကို ကျော်ဖို့ သိပ်မလွယ်ဘူး

ထိုင်းက အခု ငှားထားတဲ့ နည်းပြသစ် ဘရိုင်ယန် ရောဘ်ဆင်က မန်ယူ တို့ မစ်ဒယ်ဘရိုတို့ မှာ လက်ထောက် နည်းပြ လုပ်ခဲ့တာ ဆိုတော့ တော့တော့ ကို မလွယ်ဘူး ၊အုပ်စုလွတ်ဖို့ 
လောက်ကိုပဲ အားထုတ်ရအုံးမယ် “ဟု သုံးသပ်သည်။

ဗီယန်ကျင်း ဆီးဂိမ်းတွင်း မြန်မာ အသင်း၏ ခေါင်းဆောင် အဖြစ် စိုးမြတ်မင်း တာဝန်ယူမည် ဖြစ်သည်။လက်ရှိ ဖီဖာ အဆင့် သတ်မှတ်ချက် အရ မြန်မာအသင်း မှ အဆင့် ၁၄၀ ၊ထိုင်း အသင်းမှာ အဆင့် ၁၁၀ နှင့် အင်ဒိုနီးရှား အသင်းမှာ အဆင့် ၁၂၉
ရှိသည်။

ဗီယန်ကျင်း ဆီးဂိမ်းတွင် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း မရှုမလှ ဖြစ်ခဲ့ပါက

ပြည်တွင်း လိဂ် ပွဲစဉ် များမှာလည်း ပရိသတ် စိတ်ဝင်စားမှု လျှော့နည်းသွား နိုင်သည်ကို
ဘောလုံးကလပ် ထောင်စားသူ တို့ စိုးရိမ်လျှက် ရှိကြကြောင်းသိရသည်။