၂၂ အောက်တိုဘာ ဘော်စတွန်၊ ၊Freedom News
Burma : U.S. Delegation To Visit
အမေရိကန် ပြည်ထောင်စု အာရှ-ပိစိဖိတ် ရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ ကတ်ကမ်းဘဲလ် နှင့် အဖွဲ့ သည် လာမည့် သီတင်း တစ်ပတ် အတွင် မြန်မာ နိုင်ငံသို့ လာရောက် မည် ဖြစ်ကြောင်း ယနေ့ သမ္မတ အိမ်ဖြူတော် မှ သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလာရောက်မှု သည် အိုဘားမား အစိုးရ၏
မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ ထားရှိသည့် မူဝါဒ ဆိုင်ရာ အပြောင်းအလဲ များ၏ အစိတ်
အပိုင်းတစ်ခု ဖြစ်သည်။
ခရီးစဉ် အသေးစိတ် အားထုတ်ဖော်ပြောဆိုခြင်း မရှိသေး သော်လည်း မြန်မာ စစ်ခေါင်းဆောင် များ နှင့် အမေရိကန် ထိပ်တန်း အရာရှိ တစ်ဦးတွေ့ ဆုံမှုသည် ဆယ်စုနှစ်
တစ်ခု အတွင်း ပထမဦး ဆုံး အကြိမ်ဖြစ်သည်။
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးသည် မြန်မာ စစ်ခေါင်းဆောင် အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် တာဝန်ရှိသူများ ၊တိုင်းရင်းသား အဖွဲ့ အစည်းများ နှင့် တွေ့ ဆုံမည်
ဖြစ်သည်။
အချက် အလက် ရှာဖွေရေး ကော်မတီ ဟု အမည်ပေးထားသည့် ကတ်ကမ်းဘဲလ် နှင့် သံတမန် အဖွဲ့ ၏ ခရီးစဉ် အတွင်း မြန်မာ စစ်အုပ်စု က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ နိုင်ရန် မျှော်လင့်ထားသည်
ဟု သိရသည်။
စစ်အုပ်စု နှင့် ကတ်ကမ်းဘဲလ် တွေ့ ဆုံမှုသည် မြန်မာနိုင်ငံအပေါ် အမေရိကန် နိုင်ငံ၏ အရေးယူပိတ် ဆို့ ဒဏ်ခတ်မှု လျှော့ပါးရန် (သို့ မဟုတ်) ရုတ်သိမ်းရန် ဆောင်ရွက် ရာတွင်
အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။
အမေရိကန် အောက်လွှတ်တော်တွင် မြန်မာ အရေး နှင့် ပတ်သက်၍ ကြားနားပွဲ တစ်ခု
အား ယနေ့ ပြုလုပ်လျှက်ရှိရာ မြန်မာ နိုင်ငံရေး နှင့် ပတ်သက်၍ ထင်သာမြင်သာ ရှိသော
ပြောင်းလဲမှုများ မလုပ်သေးမခြင်း ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုများကို ဖယ်ရှားပေးမည်
မဟုတ်ကြောင်း ကတ်ကမ်းဘလ် က ပြောဆိုသွားသည်။
မြန်မာ စစ်ခေါင်းဆောင် များ နှင့် တွေ့ ဆုံ၍ မြန်မာ နိုင်ငံ အပြောင်းအလဲ နှင့်ပတ်သက်
၍ အမေရိကန် တစ်နိုင်ငံတည်းက လုပ်ဆောင်၍ မချောမွေ့ နိုင်ကြောင်း ဒေသတွင်းနိုင်ငံများ ကပါဝင်မှ ဖြစ်နိုင်ကြောင်းသူ က ကြားနားပွဲတွင် ပြောသည်။ “အကြာ
ကြီးလည်း ဖြစ်လိမ့်မယ်၊ နှေးလည်းနှေး နိုင်တယ်၊နာကျင်စရာတွေ လည်းရှိနိုင်တယ်။
တဖြည်းဖြည်းချင်းနဲ့ တစ်လှမ်းချင်းလှမ်းရ မှာ ပဲဟု သူကထပ်လောင်းပြောကြားသည်။
ထင်ရှားသော မြန်မာ သတင်းစာဆရာ နှင့် နိုင်ငံရေးသမားတစ်ဦးကမူ “စစ်အစိုးရက
အမေရိကန် ကို ရေလာမြောင်းပေး လုပ်နေပေမယ့် နိုင်ငံရေးအမှီအခို ကို တရုတ်က ယူနေ
ဆဲ ဖြစ်သည် “ဟု လက်ရှိ စစ်အစိုးရ၏ နိုင်ငံကြီးများ အပေါ်ထားရှိသော နိုင်ငံခြားရေးမူဝါဒ
နှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။
