တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသားများ ဒုတိယ နိုင်ငံအဖြစ် မလေးရှားကို ပိုမို ရွေးချယ်လာကြ

၂၃ အောက်တိုဘာ ဘန်ကောက် ၊                       ၊Freedom News Group

Malaysia : A New Hope Of Burmese Ethnic Refugee

မလေးရှားသို့ ပြောင်းရွှေ့သွားသူများလာသဖြင့်  တိတ်ဆိတ် ခြောက်ကပ်သွားသည့် မဲလ ဒုက္ခသည်စခန်း
မလေးရှားသို့ ပြောင်းရွှေ့သွားသူများလာသဖြင့် တိတ်ဆိတ် ခြောက်ကပ်သွားသည့် မဲလ ဒုက္ခသည်စခန်း

အမေရိကန် ၊သြစတေးလျှ၊ဥရောပ စသည့် တတိယ နိုင်ငံသို့ ထွက်ခွာမည့် မြန်မာ တိုင်းရင်းသား ဒုက္ခသည် အများစုမှာ ဒုတိယနိုင်ငံအဖြစ် မလေးရှားနိုင်ငံကို ပိုမို ရွေး
ချယ်လာကြကြောင်း စုံစမ်းသိရှိရသည်။

ယခင်က တတိယ နိုင်ငံသို့  အခြေချကြမည့် တိုင်းရင်းသား အများစုမှာ ထိုင်းမြန်မာ နယ်စပ်ရှိ မဲလ၊နို့ ဘိုး နှင့် မယ်ဟောင်ဆန် စသည့် ဒုက္ခသည် စခန်းများမှ တစ်ဆင့်ထွက်ခွာကြသော်လည်း ယခုနှစ်လည် ပိုင်းမှ စ၍ မလေးရှားမှ တစ်ဆင့်ထွက်ခွာမှု ပိုမိုများပြားလာကြကြောင်းသိရသည်။

မလေးရှား နိုင်ငံတွင် မြန်မာ ဒုကသည်အဖြစ်ခံယူ၍ အမေရိကန် ပြည်ထောင်စု တွင်ပြောင်း
ရွှေ့ အခြေချလာသူ တစ်ဦးဖြစ်သူ ကိုဆလိုင်း အောင်ဝင်း က ပထမတော့ အလုပ်သွားလုပ်တာ အဆင်မပြေဘူး နောက် NGO တစ်ခုက ယူအန် (UNHCR) လျှောက်
ကြည့်ပါလားပြောတာနဲ့  ယူအန် သွားလျှောက်တယ် ၊ရီဖျူဂျီ သတ်မှတ်ခံရပြီး သိပ်မကြာဘူး ရှစ်လလောက်ပဲဖထင်တယ် အမေရိကန် ကိုထွက်ရတယ် ။တစ်ချို့ ဆို ခြောက်လလောက်ပဲ ကြာတယ် “ဟု Freedom News Group သို့ ပြောသည်။

မလေးရှား နိုင်ငံ ကွာလမ်လာပူ မြို့ အပါအ၀င် ကလန်တန် အခြားမြို့ များတွင် ရှိသော ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည် အဖြစ် အသိအမှတ်
ပြုခြင်း ခံရပြီး လျှင် တတိယ နိုင်ငံ သို့  လအနည်းငယ် အတွင်း ထွက်ရသည် ဆိုသော
သတင်းကြောင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတွင်း နေထိုင် သူ အချို့ မှာ မလေး
ရှား နိုင်ငံ သို့ ပြောင်းရွှေ့ ပြီး ဒုက္ခသည် အဖြစ်ခံ ယူမှု ပိုမို တိုး ပွားလာသည်။

မဲဆောက်မြို့ မြောက်ဘက် ၅၄ ကီလိုမီတာ အကွာရှိ မဲလ ဒုက္ခသည် စခန်းအတွင်းနေ
ထိုင်သူ ကိုစောလွင်ဦးက “ကျွန်တော် ဒီစခန်းထဲမှာ နေလာတာ ဘာသုံးနှစ် ကျော်ပြီ၊ဒုက္ခ
သည် လို့ အသိအမှတ် အပြုမခံရသေးဘူးလေ အမေရိကန် ဆိုတာ ဘယ်နေမှန်းတောင် မသိဘူး အခု မလေးရှားက မြန်တယ် လို့ ပြောကြတော့ ဒီက လူတွေ အကုန် မလေးရှား
ကို သွားကြတော့မယ်။ပိုက်ဆံမရှိ တဲ့ လူတွေ ကတော့ ကျန်ခဲ့ပေါ့လေ။ တချို့ ကတော့ မြန်
မာ ပြည်ထဲကို ၀င် ပတ်(စ)ပို့ ပြန်လုပ်ပြီး မလေးထွက်မယ့် သူတွေလဲရှိတယ် လို့ ပြောတယ် “ ဟု့ ပြောသည်။

မလေးရှားတွင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခြင်းကို ကုလ မဟာမင်းကြီးရုံးမှ လျှင်မြန်
စွာဆောင်ရွက်ပေးသဖြင့် ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းနေသူ အချို့ မှ မလေးရှား
နယ်စပ် မှ တစ်ဆင့် ကွာလမ်လာပူတွင် ဒုက္ခသည် အဖြစ် အသိ လျှောက်ထားမှု ပိုမို တိုးပွား လာသည် ဟု သိရသည်။

ထိုင်း ဒုက္ခသည်စခန်း အတွင်းမှ နေ၍ မလေးရှားသို့ ပြောင်းရွှေ့လာသူ တစ်ဦးက  “ကျွန်တော်က အုန်းဖျန် စခန်း မှာနေတာ လေးနှစ်ရှိနေပြီ အခုထိဘာမှ မထူးခြားတာ
နဲ့  ဒီကိုထွက်လာတာ။ထိုင်းစခန်းတွေမှာ အလုပ်လုပ် လို့ မရဘူး ၊စခန်းအပြင်လဲ ထွက်လို့ မရဘူး၊ ရိက္ခာလဲ မရ အကုန်ခက်ခဲတယ် ဒါကြောင့်ထွက်လာတာ အခုဒီမှာ ယူအန် ရပြီးရင် အလုပ်လုပ် လို့ ရတယ် နောက်နှစ်နှစ်လ လောက်ဆို အမေရိကန် သွားရတော့မယ် ဟု ပြောသည်။

မလေးရှားရှိ ကုလဒုက္ခသည်များ မဟာမင်းကြီးရုံးဒုက္ခသည် အဖြစ်အသိအမှတ် ပြုထားသူများ
အနက် ရိုဟင်ဂျာ လူမျိုးများမှာ အများဆုံးဖြစ်ပြီး ချင်း၊ကချင် နှင့် ရခိုင်လူမျိုးများလည်းပါဝင်သည်။

မလေးရှားနိုင်ငံမှ နေ၍ တတိယ နိုင်ငံ သို့ ထွက်ခွာခွင့်လျှင် မြန်မှု ကို အကြောင်းပြု၍ လူ
ပွဲစားဆန်ဆန် လုပ်ငန်းများ လည်းပေါ်ထွန်းလာသည်။ ထိုကဲ့သို့ လုပ်ငန်းများ နှင့် ပတ်သက် ၍ ဆီလန်ဂေါတွင် နေထိုင်သည့် ကိုထွန်းအေး က“ဒီကနေ အမေရိကန်

သွားရတာ ပိုလွယ်တယ်ဆို တော့ အဲလိုပဲ နီးစပ်ရာတွေ ကို ခေါ်ကြတာပေါ့ တစ်ချို့ ဆို
ရန်ကုန် မှာ အိမ်ပါရောင်းပြီး တစ်မိသားစုလုံး ပြောင်းလာတာတွေလဲရှိတယ်၊တစ်ချို့ ကတော့ ယူအန် မရခင် စပ်ကြား အလုပ်ရှာပေးမယ် နေဖို့ ပေးမယ် ဆိုပြီး တစ်ယောက်
ကို ၁၅ သိန်းနဲ့ ခေါ်ကြတာတွေလဲရှိတယ် “ဟု ပြောသည်။

မလေးရှား မှ တစ်ဆင့် တတိယ နိုင်ငံ သို့ အမြန်ဆုံးထွက်ရသည့် ဂယက်ကြောင့် ထိုင်း
နိုင်ငံရှိ မြန်မာ ဒုက္ခသည် စခန်း တွင် လည်း လူပွဲစားကယ်ရီ များ ပေါ်ပေါက်လာသည် ။
ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ နေ၍ ကွာလမ်လာပူ အထိ အရောက် ဘတ်သုံးသောင်းယူ
၍ ပို့ ဆောင်ပေးသော ၀န်ဆောင် မှုမှာ လည်း ထိုင်း-မြန်မာ ဒုက္ခသည် စခန်းများ အတွင်း
ရေပန်းစားနေသည်။

မလေးရှား ရှိ ဒုက္ခသည် များဆိုင်ရာ ကုလ မဟာ မင်းကြီးရုံးမှ ယခုနှစ်ထဲတွင် ချင်း နှင့် ကချင် လူမျိုးများကို မွန်လူမျိုးများကဲ့သို့  ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေးခြင်းများ
စတင်ခဲ့သဖြင့် မွန်လူမျိုး အများစု လည်း မလေးရှားတွင် ဒုက္ခသည် အဖြစ် လျှောက်ထားမှု ပိုမို
များပြားလာသည်။