စာရေးဆရာ နီကိုရဲ ရန်ကုန်မြို့တွင် ကွယ်လွန်

၂၆ အောက်တိုဘာ ရန်ကုန် ၊                      ၊၀ီကလီ အလဲဗင်း သတင်းဂျာနယ်၏ အသစ်လွှင့်တင်ထားသော အင်တာနက်စာမျက်နှာမှ ကူးယူဖေါ်ပြထားသည်

Writer Ni Ko Yae Entered Into Rest On October 23

စာရေးဆရာ နီကိုရဲ ရန်ကုန်မြို့တွင် ကွယ်လွန် အချစ်နှင့် ဟာသစာပေများ ကို တစိုက်မတ်မတ် ရေးသားခဲ့သူ စာရေးဆရာနီကိုရဲသည် အောက်တို ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ လုံမ္မနီဆေး ခန်းတွင် မွေးရာပါနှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သတင်းရရှိပါ သည်။

နီကိုရဲ ကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်ရှိပြီးဖြစ်ပြီး သူ ၏ဈာပနကို အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ရေဝေး သုသာန်၌ သဂြုင်္ိဟ်မည်ဖြစ်ပြီး သင်္ဂြိုဟ်မည့်နာရီကိုမူ တိကျစွာ မသိရှိရသေးကြောင်း သူ၏မိသားစု ၀င်များထံမှ သိရသည်။ နီကိုရဲကို ၁၉၆၆ ခုနှစ် နိုဝင် ဘာလ ၂ ရက်နေ့တွင် ဖခင်ဦးတင် ၀င်းနှင့်မိခင်ဒေါ်မြကြင်တို့က ရန်ကုန် မြို့တွင် သားဦးအဖြစ် မွေးဖွားခဲ့သည်။

နီကိုရဲ၏ နာမည်ရင်းမှာရဲဝင်းဖြစ်ပြီး B.Sc(Bot) ဘွဲ့ရရှိထားသူဖြစ်သည်။ သူသည် ၁၉၉၉ ခုနှစ်တွင် မနိုင်နိုင် ၀င်းနှင့်လက်ထပ်ခဲ့ပြီး ခုနစ်နှစ်အ ရွယ် Talking Man ခေါ် လင်းမြတ် ဆိုသူ သားတစ်ယောက် ရှိကြောင်း သိရသည်။ နီကိုရဲသည် တက္ကသိုလ် ကျောင်းသားဘ၀မှ စတင်ကာ နတ် ရွာမိုးဟူသော ကလောင်အမည်ဖြင့် ကဗျာများ၊ ၀တ္ထုတိုများကို စတင် ရေးသားခဲ့သည်။ ယင်းနောက် ကြောင်နှစ်ကောင်စာပေတိုက်မှ ‘လမင်းလိုက်မုဆိုး’၀တ္ထုကို စတင်ဖြန့်ချိခဲ့ သည်။ အဆိုပါဝတ္ထုသည် စာရေး ဆရာနီကိုရဲ၏ အောင်မြင်သော ၀တ္ထု ဖြစ်ခဲ့သည်။ နီကိုရဲကွယ်လွန်ချိန်တွင် လုံးချင်းဝတ္ထု ၃၀ ၀န်းကျင်နှင့်ဝတ္ထု တိုခြောက်အုပ်ဝန်းကျင် ထွက်ရှိထား ပြီးဖြစ်သည်။

၎င်းရေးသားခဲ့သော ၀တ္ထုများအနက် မကြည်ပြာ၊ နှလုံး သားထဲကြွက်ဝင်နေသည်၊ နှင်းဆီစီး ချင်း၊ ကျွန်တော်နှင့်ရိုက်ကွင်းပေါ် ကအလွဲများ၊ နဂ္ဂတစ်များ၊ စိတ် အိုင်ပက်သူ အပါအ၀င်သူရေးသား ခဲ့သော စာအုပ်အများစုသည် ပရိ သတ်အကြားအောင်မြင်မှုရရှိခဲ့ပြီး ‘ကြည်ပြာရောင်နဂ္ဂတစ်များ’၊ စိတ် အိုင်ပက်သူကို ပြန်လည်ရိုက်ကူး ထားသည့် ‘ချစ်ခြင်းရင်ခုန်ယုံ ကြည်စွာဖြင့်’ဇာတ်ကားများသည် ပရိသတ်များအကြားအောင်မြင်မှုရရှိ ခဲ့သည်။ ထို့အပြင် ‘ချဲဝှီး’ ဇာတ် ကားကိုလည်း ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မြို့ပတ်ရုပ်ရှင်ရုံများ တွင် ရုံတင်ပြသခဲ့သည်။

”ကျွန်တော့်အပေါ်မှာလည်း သူ့အရိပ်တွေအများကြီးရှိပါတယ်။ သူကွယ်လွန်ခြင်းအတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်” ဟုစာရေး ဆရာအကြည်တော်ကဆိုပါသည်။

နီကိုရဲမကွယ်လွန်မီ ရေးသားခဲ့သော လုံးချင်းဝတ္ထုသုံးအုပ်နှင့် ၀တ္ထုတို လေးအုပ်ကိုကြောင်နှစ်ကောင်စာ ပေမှထွက်ရှိရန်ရှိကြောင်းသိရသည်။

4 thoughts on “စာရေးဆရာ နီကိုရဲ ရန်ကုန်မြို့တွင် ကွယ်လွန်

  1. စိတ်မကောင်းပါဘူး နီကိုရဲစာအုပ်တွေ အလွန်ကြိုက်ပါတယ်။

  2. ဆရာနီကိုရဲဟာ ဟာသစာရေးဆရာတစ်ဦးသက်သက်မဟုတ်ခဲ့ပါ။ သူ၏စာပေများထဲမှ ဟာသအပြင် ဘ၀တွေ လွမ်းမောဖွယ်ရာတွေ အရွဲ့တိုက်သရော်တာတွေ ပျိုမြစ်မှု့တွေ အားတွေ . . . စသည့် ခံစားချက်များစွာကို ဘ၀တွေအတွက် ထုဆစ်ခဲ့သော ဆရာဖြစ်ပါတယ်။ ဆရာတာယာမင်းဝေ နှင့် ဆရာနီကိုရဲကို ဆုံးရှုံးရခြင်းမှာ အစားထိုးမရတဲ့ ကွက်လပ်တွေကို ဖြစ်စေပါတယ်။ စိတ်မကောင်းပါဘူး ဆရာနီကိုရဲခင်ဗျာ။ ဆရာရေးခဲ့တဲ့စာတွေအတွက် ကျေးဇူးတင်ပါတယ်။

  3. မြန်မာပြည်သူများအတွက် ဟာသသည်သာ စိတ်ဖြေရာဖြစ်နေချိန်တွင် ဟာသ စာရေးဆရာ တစ်ဦး ဆုံးရှုံးရခြင်းမှာ အလွန်ဝမ်းနည်းစရာ ကောင်းပါသည်။

Comments are closed.