ဒီတစ်ပတ် တနင်္ဂနွေ ရသ လွင်ပြင် (မောင်ချောနွယ်)

၃၁ အောက်တိုဘာ  အယ်(လ)အေ ၊                 ၊Freedom Literature

ကိုက်လမ်း

Marking Of The Tracing Route By Mg Chaw New

ငါဟာ

ကမ္ဘာ ကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ

နေ့စဉ် နေ့စဉ်

ငါ့ ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း

သစ်ပင် မြက်ပင်ငယ်ကလေးတွေကို ကိုက်ကိုက်ပြီး

ငါထွက်လာခဲ့မြဲ

ခု—

လူနဲ့ ခွေးများ တောခြောက်ကြ

အပြေးအမြန် ငါ့ကိုက်လမ်းအတိုင်း ပြန်လာခဲ့ရာ

ပိုက်ထဲ

ငါ့ သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။

 

မောင်ချောနွယ်