၁ အောက်တိုဘာ မဲဆောက် ၊ ၊မလဲ့

မဲဆောက် – မြ၀တီ ချစ်ကြည်ရေးတံတား အနီးရှိ တွင်ကျင်းပသည့် ထိုင်းရိုး ရာ လွိုင်ကထုန် မီးမျှော်ပွဲတော်မှာ
ယခု နှစ်တွင် မြန်မာ ရွှေ့ ပြောင်းအလုပ်သမားများဖြင့် အထူးစည်ကားမှုရှိသည် ဟုသတင်းရရှိသည်။
နှစ်စဉ်ကျင်းပသည့် မဲဆောက်လွိုင်ကထုန် ပွဲတော်သည် ယခုနှဏ်တွင်မြန်မာ နိုင်ငံဘက်ခြမ်းမှ လာရောက်၍
ဈေးရောင်းချသူများဖြင့် ပိုမိုစည်ကားသည် ။
ငွေကြေးမပြေလည် သည့် မြန်မာ လူမျိုးများမှာ ထိုင်းလူမျိုးတို့ မက်မွိုင်းခေါ်သောင်းရင်းမြစ်ထဲတွင် မျှောလိုက်
သည့် မီးပုံးများကို ရေထဲသို့ ဆင်းဆယ်ူပီး အထဲမှ ဘတ်ငွေများကို ထုတ်ယူကြသည်။
လွိုင်ကထုန်ပွဲတော်သို့ သွားရောက်ခဲ့သည့် မဲဆောက်အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုဇော်မိုးမြင့်ကမူ အရင်နှစ်တွေထက်ဒီနှစ်က တော်တော်စည်တယ် မြန်မာဈေးသည်တွေလဲ ဈေးရောင်းလို့ ရတယ် ကျွန်တော်တို့ ကတစ်နှစ်လုံးစက်ရုံထဲမှာ တစ်နှစ်တစ်ခါ စိတ်အပန်းဖြေစရာဆိုလို့ ဒီပွဲတော်လေးပဲ ရှိတယ် စက်ရုံမှာတော့ဒီနေ့  ကထိန်ခင်းတယ် ဟုပြောသည်။
လွိုင်ကထုန် ပွဲတော်ရက်များအတွင်း မဲဆောက်မြို့ တွင်းအဖမ်းအဆီးများမရှိဟုသိရသည် ။ ယနေ့ ညတွင် နှစ်နိုင်ငံချစ်ကြည်ရေး လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် မြန်မာ တေးသံရှင် အယ်(လ)ဆိုင်းဇီ နော်နော် တို့ ၏ဖျော်ဖြေပွဲများ ရှိသည်။
