ဟိုတယ် အခန်းများထက် စတစ်ကာကပ်မော်တော်ကားများကို လူကြိုက်များ

၂ အောက်တိုဘာ ရန်ကုန်၊                       ၊ယူကွန်

Sexual Behavior Changes In Largest City

လက်ထပ်ထိမ်းမြားရခြင်းမပြုသေးသည့် စုံတွဲများ ချစ်တင်းနှောကြသည့် အခါယခင်က  ဟိုတယ် နှင့် တန်ဖိုးနည်းအိမ်ရာများကို အသုံးပြုကြသော်လည်း ယခုနှစ်လည်ပိုင်းမှ စ၍
စတစ်ကာမှန်များတပ်ဆင်ထားသည့် ရွှေ့လျှားမော်တော်ကားများကို အသုံးပြုလာကြသည်
ဟု သိရသည်။

 

ချစ်သူစုံတွဲများ ၊ အခါအားလျှော်စွာအတူနေသူများသည် ယခင်က ဟိုတယ် ခန်းများငှားရမ်း၍ အပန်းဖြေကြသော် လည်း ၎င်းတို့ ၏ ပုဂ္ဂလ ဘ၀ လုံခြုံစိတ်ချရမှု မရှိဟု
ထင်လာကြသော ကြောင့် စတစ်ကာကပ် မော်တော်ကားများကို သာငှားရမ်း၍ အသုံးပြုလာ ကြသည် ။

 

ရန်ကုန် မြို့ ရှိ ဟိုတယ် တစ်ခုတွင် ချစ်သူနှင့် အတူနေထိုင်ခဲ့ဖူးသူတစ်ဦးက “တချို့ ဟိုတယ်တွေမှာ စုံတွဲတွေ ကို ဗီဒီယို ချောင်းရိုက်တာတွေ ရှိတယ်၊စိတ်မချရဘူး၊အခု ပြန့် နေတဲ့ စုံတွဲ ဟုမ်းမိတ် ခွေတွေ က ဟိုတယ်တွေက နေ ထွက်လာကြတာ လို့ ပြောတယ်”

ဟု Freedom News Group သို့ ပြောသည်။

 

စတစ်ကာကပ်မော်တော်ကားများကို ငှားရမ်းအသုံးပြုမှု တွင်ကျယ်မှု မှာညကလပ်များမှ
တစဆင့် တွင်ကျယ်လာခြင်းဖြစ်သည်။ညကလပ်များတွင် အတွဲများအတွက် စတစ်ကာကပ်ကားငှားရမ်းသည့် အစီအစဉ် ကို အရံသင့်ထားရှိပေးထားသည် ဟု သိရသည်။

 

ငှားရမ်း၍ ရနိုင်သည့် မော်တော်ကားအများစု မှာ Surf နှင့် Parado မော်တော်ကားများ
ဖြစ်ပြီး  တနေ့ တာအတွက်ငှားရမ်းခကြေး ကျပ်ငွေ သုံးသောင်းကျော်ပေးရသည် ။

 

ငွေကြေးတတ်နိုင်သူများက ရန်ကုန်မြို့ ရှိ ထိပ်တန်းဟိုတယ် ကြီးများသို့ သွားရောက်အပန်း
ဖြေကြပြီး ထို ဟိုတယ်များမှာ လုံခြုံရေးအတွက် စိတ်ချရသည် ဟု သွားရောက် တည်းခိုဖူးသူ တစ်ဦးက ပြောသည် ။

စတစ်ကာကပ် မော်တော်ကားဖြင့် ချစ်တင်းနှောကြသူအများစုမှာ ညအခါတွင် ခရေပင်လမ်း ၊ဥက္ကလာဂေါက်ကွင်း အနီးတို့ တွင် ၎င်းတို့ ၏ မော်တော်ကားများကို
စက်နှိုး၍ လေအေးပေးစက်ဖွင့်ကာ ရပ်ထားသည့်မော်တော်ကားအများစုကိုတွေ

့ရှိရသည်။ထိုနေရာ အနီးတ၀ိုက်တွင် လည်း ရေသန့် ဗူးရောင်းသူများ တစ်ရှုးစက္ကူရောင်း
သူများကို တွေ့ ရသည်။

 

စတစ်ကာကပ် မော်တော်ကားများဈေးကွက် တွင်ကျယ်လာသည့် အကြောင်းအရင်း နှင့် ပတ်သက်၍ လူငယ်တစ်ဦးက “ကျွန်တော့် ဆော်နဲ့ ရှိုးပွဲမှာ တွေ့ ပြီး ဟိုတယ်သွားမယ် ပြော
တော့ သူက ဟိုတယ် မသွားချင်ဘူး  စတစ်ကာကပ်ကားပဲ ငှားမယ် လို့ ဆိုတယ်“ ဟု ပြော
သည်။

 

စတစ်ကာကပ် မော်တော်ကားများငှားရမ်းခ နှုန်းမှာ ဈေးနှုန်းမြင့်မားသောကြောင့် ငွေကြေး

သုံးဖြုန်း နိုင်သည့် လူငယ်အချို့ သာငှားရမ်း နိုင်ကြသည်။ထိုစတစ်ကာကပ်ငှားရမ်းခြင်း လုပ်ငန်းကို အခွင့်ထူးခံ စစ်ဗိုလ်ချုပ် သားသမီးများက ၎င်းတို့ ၏ မိတ်ဆွေ သူငယ်ချင်းများ တစ် ဆင့်မှ သာ ငှားရမ်းကြသည်။