၂ အောက်တိုဘာ နေပြည်တော် ၊ ၊ညွန့် သက်ထားဦး

မကြာခင် မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်မည့် အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေး ၀န်ကြီးမှာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ ဆုံနိုင်ဖွယ်မရှိ ဟူ
သည့် ထင်မြင်ချက်များ နေပြည်တော် သတင်းရပ်ကွက် တွင်ပေါ်ပေါက် နေသည်။
လွန်ခဲ့သည့် သီတင်းတစ်ပတ်ခန့် ကစပြီး ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည့် မြန်မာ စစ်ခေါင်းဆောင်မှာ ဆေးရုံတက်၍ ဆေးဝါး ကုသ ခံနေရသဖြင့်၎င်း ၏ ကျန်းမာရေး အရ ဆုံတွေ့  နိုင်ခြင်း မရှိနိုင်ကြောင်း သိရသည်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် သည် မြန်မာ နိုင်ငံခရီးစဉ် အတွင်းမြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် အဖွဲ့ ဝင်များ နှင့် လည်းတွေ့ ဆုံမည် ဖြစ်သည်။
အမေရိကန် နှင့် မြန်မာ စစ်အစိုးရ တို့ ၏ ဆက်ဆံရေး နှင့် ပတ်သက်၍ လည်း တပ်တွင်း
သဘောကွဲလွဲမှု များ ဖြစ်ပေါ်လျှက်ရှိရာ ပြီးခဲ့သည့် သီတင်းပတ်က ကတ်ကမ်းဘဲလ် ၏
ခရီးစဉ် နှင့် အမေရိကန် ၏ သဘောထား နှင့် ပတ်သက် ၍ ထင်မြင်ယူဆ သုံးသပ်ချက်များ ပြောမိသူ စစ်ဗိုလ်ချုပ် နှစ် ဦးမှာ လည်း ထိန်းသိမ်းခံထားရသည် ဟု
သိရသည်။
နေပြည်တော် ရှိ အမည် မဖော်လို သော ၀ါရင့် ညွှန်ကြားရေးမှုး တစ်ဦးကမူ “ဘယ်လို
ပဲ ဖြစ်ပစေ ကတ်ကမ်းဘဲ နဲ့ သူ တွေ့ ပါလိမ့်မယ် ၊အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု တွေ ကို
ဖယ်ရှားပေး ဖို့ သူ က ဆန္ဒ ရှိနေတာကိုး“ ဟုပြောသည်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် လာမည့် သီတင်းပတ် အတွင်း
သီရီလင်္ကာ နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ထိုသို့ သွားရောက်လည်ပတ် စဉ်အတွင်း
သဘောထားအလည်အလတ် ရှိသော စစ်ဗိုလ်ချုပ်များ ကို နေပြည်တော်ရှိ တရားရိပ်သာ
တွင် ရက်အတန်ကြာနေ ခိုင်းမည် ဟု သတင်းရရှိသည်။
၁၉၉၅ ခုနှစ်က ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နှင့် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟောင်း မယ်ဒလင် အောဘရိုက်၏ ခရီးစဉ် ပြီးနောက် ကတ်ကမ်းဘဲလဲ ၏ ခရီးစဉ်
သည် ဆယ်နှစ် အတွင်း အမေရိကန် အစိုးရ အရာရှိ တစ်ယောက်၏ ပထမဦးဆုံး ခရီးစဉ်ဖြစ်သည်။
ကတ်ကမ်းဘဲလ်သည် နိုဝင်ဘာလ သုံးရက်နေ့ တွင် မြန်မာနိုင်ငံ သို့ လာရောက် မည်ဖြစ်သည်။

အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု တွေ ကို
ဖယ်ရှားပေး ဖို့ သူ က ဆန္ဒ ရှိနေတာ
သူတို့ ပိုင်ဆိုင်မှုတွေ ရွှေ့ လို့  ရချင်တာပါ