၂ အောက်တိုဘာ ရန်ကုန် ၊ ၊စပယ်ထွန်း

European Film Festival Held In Rangoon
၁၈ ကြိမ်မြောက် ဥရောပ ရုပ်ရှင် ပွဲတော် ကို ရန်ကုန် မြို့ ဆူးလေ ဘုရားလမ်းရှိ နေပြည်တော် ရုပ်ရှင် ရုံ ၌ နိုဝင်ဘာ လ ၂၀ ရက် နေ့ မှ ၂၉ ရက်နေ့ ထိ သုံးရက် တိုင်ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန် မြို့ ရှိ ပြင်သစ် သံရုံးယဉ်ကျေးမှု ဌာန မှ ၀န်ထမ်း
တစ်ဦးက Freedom News Group သို့ ပြောသည်။
ရုပ်ရှင်ပွဲတော် တွင် ဗြိတိသျှ ၊ဂျာမန် ၊အီတလီ နှင့် ပြင်သစ် ဇာတ်ကားများ ပါဝင်ပြသမည်ဖြစ် ပြီး နေ့ စဉ် ညနေ သုံးနာရီခွဲ မှ ခြောက်နာရီ ခွဲထိကျင်းပမည် ဖြစ်သည်။
ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ဇာတ်ကားများကို လာရောက် ကြည့်ရှုလိုသူများအနေ ဖြင့် သက်ဆိုင်ရာ သံရုံးများတွင် နိုဝင်ဘာလ ၉ ရက်နေ့ မှ စတင်ကာ လက်မှတ်များထုတ်ယူနိုင်သည် ဟု သိရသည်။
ပွဲတော်ရက် အတွင်းပြသမည့် ဇာတ်ကားများမှာ ကန်းစ် ၊ဘာလင် စသည့် နိုင်ငံတကာ ရုပ်
ရှင်ပွဲတော်များတွင် ဆုရရှိခဲ့သည့် ဇာတ်ကားများဖြစ်သည်။
