၃ အောက်တိုဘာ ဘန်ကောက် ၊ ၊Freedom News Group
Thai Blogger Criticize On Cambodian PM .

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပပြီးစီးခဲ့သည့် အာဆီယံအစည်းအဝေးတွင် ပြည်ပတွင်ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အား နိုဘဲလ် ငြိမ်းချမ်း
ရေးဆုရှင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆုစုကြည် နှင့် နှိုင်းယှဉ်ပြောကြားခဲ့သည့်
ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်အား နာမည်ကျော်ထိုင်း ဘလောက်ဂါများက အကြီးကျယ်
ရှုံချကန့် ကွက်သည် ဘလောက်ပို့ စ်များရေးတင်ကြသည် ဟု သိရသည်။
နေရှင်းသတင်းစာ၏ ဘလောဂ် အပါအ၀င် ယွန်း၊မဟော်ဂနီ ဆမ်ဆရာ အစရှိသည့် နာမည်ကျော်
ဘလောဂ် နှစ်ဒါဇင်ကျော်ခန့် က ဟွန်ဆန်၏ မရင့်ကျက်မှု နှင့် အချောင်သမားပီသ မှု ကိုဝေဖန်
ထိုးနှက်ထားသည်။
ဘလောက်ဂါ ဆွန်ဝဏ္ဏခွန် ၏ ဘလောဂ်အာဘော်တွင် မူ သက်ဆင်ကိုယ်တိုင်လည်း မိမိသည်ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့  ကိုယ်ကျင့်တရား နှင့် အနစ်နာခံနိုင်သူမဟုတ်ကြောင်း ကိုယ်တိုင်ဝန်ခံချက်ပေးပြီး ဟွန်ဆန်ပြောသည့် စကားထဲတွင် သာယာမနေသင့်ကြောင်းတိုက်တွန်း
ပြောကြားသွားသည်။
ထိုင်းဘာသာ နှင့် ရေးသားထားသော ဘလောက်အများစုတွင် မူသက်ဆင်သည် ဒေသတွင်း အာ
ဏာရှင်စနစ်ကို ရေလောင်းပေါင်းသင်ခဲ့သူ ဖြစ်ကြောင်း ဟွန်ဆန် သည် သက်ဆင်နှင့် ပုလင်းတူ
ဗူးဆို့ ဖြစ်ကြောင်းဖေါ်ပြထားသည်။
သက်ဆင်သည် ကမ္ဘောဓီးယား ၀န်ကြီးချုပ် ဟွန်ဆန်၏ စီးပွားရေးအကြံပေးအဖြစ် ဖနွမ်းပင်တွင်
အခြေစိုက်မည် ဟု သိရသည်။
ဆေးရုံတွင်တက်ရောက်ကုသခံနေရသည် အသက် ၈၁ နှစ် အရွယ်ရှိ ထိုင်းဘုရင် ဘူမိဘောမှာ သူ၏
နန်းစံသက် အတွင်း သက်ဆက်အား ဘုရင့် အမိန့် ဖြစ်လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဟုသောသတင်းများ ထွက်ပေါ်နေခြင်းကြောင့် သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်လာဖွယ်ရှိ
သည်။သက်ဆင် နိုင်ငံတွင်းသို့ ပြန်လည် ရောက်ရှိလာမှု ကို အာဏာရပါတီ နှင့် စစ်တပ်က လိုလား
မှုမရှိချေ။
သက်ဆင်သည် အကျင့်ပျက်ချစားမှု များနှင့် နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်မှုများကြောင့် ၂၀၀၆ခုနှစ်စက်တင်ဘာလ တွင် ရာထူးမှ ဖြုတ်ချခံရသည်။
ဟွန်ဆန်သည် မြန်မာစစ်အစိုးရကဲ့သို့ ပင်သွေးစွန်းသော လက်ဖြင့် နိုင်ငံကို အုပ်ချုပ်နေသူ ဖြစ်
ကြောင်း ဘလောက်ဂါယွန်း၏ ဘလောဂ်တွင်ဖေါ်ပြထားသည်။
