၃ နိုဝင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
US envoy to meet Aung San Suu Kyi on Burma trip
အမေရိကန် နိုင်ငံခြားရေးဌာန အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ်နှင့် ဒု- လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီ တို့ အဖွဲ့ သည် နေအိမ်အကျယ်ချုပ်ချ ထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယနေ့  အင်းလျားလိပ်ဟိုတယ်တွင်တွေ့ ဆုံမည် ဟု ရန်ကုန်မှ လာသော အေပီ သတင်းတွင်ဖေါ်ပြထားသည်။
အမေရိကန် သံတမန်အဖွဲ့ ၏ ခရီးစဉ်ကို ပြည်သူများက စိတ်ဝင်စားမှု ရှိသော်
လည်း ယနေ့ ထုတ် စစ်အစိုးရ အာဘော် သတင်းစာများတွင် အကျယ်တ၀င့်ဖော်ပြခြင်းမရှိချေ။
ကတ်ကမ်ဘဲလ် ဦးဆောင်သည့် အချက်အလက်ရှာဖွေရေး အဖွဲ့ သည်ယမန် နေ့ က နေပြည်တော် သို့ ရောက်ရှိလာခဲ့ပြီး သိပ္ပံ နှင့် နည်းပညာ ၀န်ကြီးဌာန
ဝန်ကြီး ဦးသောင်း ၊တရားသူကြီးချုပ် ဦးအောင်တိုး ၊ပြန်ကြားရေးဝန်ကြီး ဗိုလ်မှုးချုပ်ကျော်ဆန်းတို့ နှင့် တွေ့ ဆုံခဲ့သည် ဟုသိရသည်။
အမေရိကန် သံတမန် အဖွဲ့  သည် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေသည် တွေ့ ဆုံခဲ့ ခြင်းမရှိပဲ ယနေ့ မနက် အစောပိုင်းတွင် နေပြည်တော် ၌ မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် တွေ့ ဆုံမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီးချုပ်နှောင်ထားသည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန် သံတမန်က မြန်မာစစ်ခေါင်းဆောင်များအား ထည့်သွင်းပြောကြားသွားသည်။
မြန်မာ အစိုးရသိသာ ထင်မြင်သည့် မူဝါဒ အပြောင်းအလဲများ ပြုလုပ်ခြင်း နှင့်
နိုင်ငံရေး အကျဉ်းသားများ ပြန်လည် လွှတ်မပေးမခြင်း အမေရိကန် ၏ အရေး
ယူဒဏ်ခတ် မှုသည် မြန်မာ စစ်အစိုးရ အပေါ်သက်ရောက်နေမည် ဖြစ်သည်။
အမေရိကန် သံတမန် များ မြန်မာနိုင်ငံ သို့ ရောက်ရှိရန် နာရီ ပိုင်း အလိုတွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် သွားခဲလှသည့် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး အစီအစဉ် ရှိရာ ဧရာဝတီ တိုင်း သို့ ခရီးထွက်ခွာသည်။
ထိုခရီးစဉ် အတွင်း ပုသိမ်မြို့ တွင် ညအိပ်ရပ်နားမည် ဖြစ်သည် ကတ်မ်ဘဲလ်
နှင့် အဖွဲ့ မြန်မာ နိုင်ငံမှ ထွက်ခွာချိန်တွင် နေပြည်တော် သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သံအဖွဲ့ တို့ တွေ့ ဆုံမှု ကို မြန်မာ သတင်းမီဓီယာ အချို့ 
တက်ရောက်၍ သတင်းဓာတ်ပုံရိုက်ယူခွင့် ရှိသော် လည်း နှုတ်ဆက် ခြင်း ၊အင်တာဗျုးခြင်း၊
သတင်းမေးမြန်းခြင်းများ မပြုရဟု ပြန်ကြားရေး ၀န်ကြီးဌာန မှ တားမြစ်ထားသည်။
နိုဝင်ဘာလတွင် သမ္မတ အိုဘားမားတက်ရောက်မည့် အာဆီယံ – အမေရိကန် တွေ့ ဆုံပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် အားဖမ်းဆီးထိန်းသိမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အကျယ်တ
ဝင့်ဆွေးနွေးမည် ဟု သိရသည်။ထိုတွေ့ ဆုံပွဲ သို့ မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်
တက်ရောက်မည် ဖြစ်သည်။
