၅ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
မြန်မာ နိုင်ငံတွင် ပထမ ဦးဆုံးတည်ထောင်ဖွင့် လှစ်ခဲ့သည် မြို့ လည် မဟာဗန္ဓုလ ပန်းခြံတွင်းရှိ Fantasy World Game City ကလေးကစားကွင်း အား စည်ပင် မှ ပြီးခဲ့သည့်
ရက်သတ္တပတ်က ဖြိုချ လိုက်ကြောင်း သိရသည်။
မိလ္လာ စနစ်အား သတ်မှတ်ချက် နှင့် အညီ မပြုလုပ်မှု ၊ပန်းခြံတွင်း ခွင့်ပြုချက်မရှိပဲ အဆောက် အဦများ တိုးချဲ့ တည်ဆောက်မှု ကြောင့် စည်ပင် က ဤကဲ့သို့ ဖြိုဖျက်
ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ခောတ်မှီကလေး ကစားကွင်းများရှားပါးသည့် မြန်မာ နိုင်ငံတွင် ဖန်တက်စီဝေါကလေး ကစားကွင်းသည် ရန်ကုန် မြို့ လယ် အနီးတ၀ိုက်ရှိ ကလေးငယ်များ အတွက် အပန်းဖြေ
ရာနေရာဖြစ်သည်။
Fantasy World ကလေးကစားကွင်းအား စည်ပင်မှ ဖြိုချက်မှု နှင့် ပတ်သက်၍ ရန်ကုန် မြို့ လည် နေသူ တစ်ဦးက “လက်ရှိ စစ်ဗိုလ်ချုပ် တွေ ပိုင်တဲ့ကစားကွင်း ဆိုရင် ဘယ်သွားဖြို
လို့ ရမလဲ ဒါ ဦးကိုလေး လက်ထက်က ဆိုတော့ လုပ် ရဲတာပေါ့ ”ဟု ပြောသည်။
ရန်ကုန် စည်ပင် ဌာန၏ အကြီးအကဲ မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်းသည် သြ
ဇာအာဏာ ပြလွန်း ပြီး ကိုယ်တိုင် ဖန်တီးထားသော အမိန့် များ ထုတ်လေ့ရှိ သူ ဟု နာ
မည် ကြီးသည်။
ဖန်တက်င်္စီ ဝေါ နှင့် နီးစပ်သူ တစ်ဦးက ထိုကလေးကစားကွင်းသည် မြန်မာ ကျပ်ငွေ သိန်း ငါးထောင်ကျော်ရင်း နှီး မြုပ်နှံထားခြင်းဖြစ်ကြောင်းပြောသည်။
