ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်သံတမန်အဖွဲ့ တွေဆုံမှု ယနေ့ထုတ် ကမ္ဘာ့ သတင်းစာများတွင် မျက်နှာဖုံးသတင်း အဖြစ်ဖေါ်ပြ

၎ နိုဝင်ဘာ ဘော်စတွန် ၊                         ၊သီရိထက်

ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သံတမန်တွေ့ ဆုံမှု ဓာတ်ပုံ-ငြိမ်းချမ်းနိုင်
ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သံတမန်တွေ့ ဆုံမှု ဓာတ်ပုံ-ငြိမ်းချမ်းနိုင်
မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမှု
မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမှု

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်ဘဲလ် နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ ဆုံမှုကို ယနေ့ ထုတ် ကမ္ဘာ့ သတင်းစာများတွင် ခေါင်းကြီးပိုင်း သတင်း အဖြစ်ဖော်ပြထားသည် ကိုတွေ့ ရှိရသည်။

ဓာတ်ပုံ - အေအက်ဖပီ
ဓာတ်ပုံ - အေအက်ဖပီ

ယနေ့ ထုတ် အာဆာဟိရှင်ဘွန်း သတင်းစာနှင့် နာမည်ကျော်ဂျပန် သတင်းစာများ အပါအ၀င် ကိုရီးယား သတင်းစာများ ၊စင်္ကာပူ စထရိတ်တိုင်းမ်း ၊ဘန်ကောက်ပို့ စ် နှင့် ဂျကာတာ ပို့ စ်စသည့် ဒေသတွင်းသတင်းစာများတွင်လည်း မျက်နှာဖုံးသတင်း အဖြစ်ဖေါ်ပြထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အနီးရှိ အင်းလျှားလိပ် ဟိုတယ်တွင် အမေရိကန်သံတမန်အဖွဲ့ နှင့် တွေ့ ဆုံမှုအား အမေရိကန် နိုင်ငံထုတ် ၀ါရှင်တန်ပို့ စ်၊အယ်(လ)အေတိုင်း(မ်)စသည့် သတင်းစာများတွင်ဖော်ပြထားကြသည်။

ဒေါ်အောင်ဆန်းစုကြည် သည့် ယခုကဲ့သို့ အနောက်တိုင်း အဆင့်မြင့် သံတမန် တစ်ဦး နှင့် တွေ့ ဆုံရမှုသည် ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှု ဖြစ်ပွားပြီးနေအိမ်အကျယ်ချုပ်ချထားခြင်း ခံရချိန်နောက်ပိုင်း တွင် ပထမ ဦးဆုံးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် သံအဖွဲ့ တို့ တွေ့ ဆုံမှုမှတ်တမ်းကို စီအန်အန်၊
ဘီဘီစီ သတင်းဌာန အပါအ၀င် မြန်မာ့ရုပ်မြင်သံကြားကလည်း ထုတ်လွှင့်ပြသသည်။

ဓာတ်ပုံ-အေပီဒေါ်အောင်ဆန်းစုကြည် အား ဆက်ဆံရေးဝန်ကြီးဌာန မှ မော်တော်ကားပေါ်သို့ တက်ရောက်
သည် ထိလိုက်ပါ ပို့ ဆောင်နေ သော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး