| မဇ္စျိမသတင်းဌာန |
| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 04 ရက် 2009 ခုနှစ် 16 နာရီ 24 မိနစ် |
![]() ချင်းမိုင် (မဇ္ဈိမ)။ ။နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝင်းအောင် (အသက် ၆၅ နှစ်) သည် ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရစဉ် ယနေ့ ကွယ်လွန်သွားကြောင်း မိသားစုဝင်များက ပြောသည်။ လူကြီးရောဂါဖြင့် ကွယ်လွန်ခြင်း ဖြစ်သည်ဟု ဆိုကာ “အရမ်း ဝမ်းနည်းနေလို့ မဖြေနိုင်သေး” ကြောင်းနှင့် ရုပ်အလောင်းကို အအေးတိုက်တွင် ထားရှိပြီး မနက်ဖြန်တွင် နာရေးကြော်ငြာမည် ဖြစ်ကြောင်း မိသားစုဝင်တဦးက မဇ္ဈိမ တယ်လီဖုန်းမှ တဆင့် ပြောသည်။ ဝန်ကြီးဟောင်းသည် ယနေ့န့နက် ၁ နာရီ ၅၅ မိနစ်တွင် ကွယ်လွန်ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောသည်။ ထောင်တွင်းမှ ရုပ်အလောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေး၏ နာရေးကူညီမှုအသင်း မေတ္တာမွန်ကားဖြင့် ရဲအစောင့်အကြပ်များ လိုက်ပါလျှက် သယ်ထုတ်သွားခဲ့သည်ကို မြင်ခဲ့ရကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။ ဖြုတ်ထုတ်ခံရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်၏ လူယုံတဦး ဖြစ်သော ဦးဝင်းအောင်သည် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၁၉၉၈ ခုနှစ်မှသည် စက်တင်ဘာ ၂၀၀၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။ ဦးဝင်းအောင်ကို ၂၀၀၄ ခုနှစ် စက်တင်ဘာလအတွင်း ” အနားယူခွင့်ပြုသည်” ဟု ဆိုကာ ဖယ်ရှားခဲ့သည်။ ဝန်ကြီးရာထူးများ အနားပေး၊ ပြောင်းရွှေ့မှုများရှိခဲ့သော်လည်း သူသာလျှင် သေသည်အထိ ထောင်ကျခံနေခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက လွှတ်ပေးလိမ့်မှာဖြစ်ကြောင်း ၂၀၀၃ ခုနှစ်အတွင်းက နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ ရာဇာလီ လို ပြောကြားခဲ့ဖူးသည်။ Additional by Freedom News Group (နိုင်ငံခြားရေးဝန်ကြီးဦးဝင်အောင် သည် ဓမ္မအလင်း ၊မင်္ဂလာဗျူဟာ စသည့် ဘာသာရေး မဂ္ဂဇင်းများ တွင် သူဝန် ၎င်းသည် စည်သူငြိမ်းအေး ကလောင်အမည်ဖြစ်လည်း စစ်အစိုးရအားချီးမွမ်းခန်း ဖွင့် ဆောင်းပါးများရေးသား |

