မြောက်ပိုင်းဝတပ်ဖွဲ့ နယ်မြေသို့ နအဖ စစ်အင်အား အလုံးအရင်းစေလွှတ်

၅ နိုဝင်ဘာ ဘန်ကောက် ၊                    ၊Freedom News Group

popupပေါက်ယူချန်း ဦးဆောင်သည့် မြောက်ပိုင်းဝနယ်မြေ ပန်ဆန်း သို့ မိထ္ထိလာ ၊သီပေါ နှင့် သိန္ဒီမှ နေ၍ နအဖ စစ်အင်အား အလုံးအရင်း စေလွှတ်နေကြောင်း သတင်းရရှိသည်။
ကိုးကန့် ဒေသချင်း ရွှေဟော် တွင် တပ်စွဲထားသော မြန်မာ စစ်သားများမှာလည်း အောက်
တိုဘာလ ၄ ရက်နေ့ ကတည်းက တိုက်ပွဲအတွက် အသင့်ပြင်ထားကြရသည် ဟု သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက အထူးဒေသ (၁) ကိုးကန့် နယ်မြေရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် စစ်အစိုးရ တပ်များနှင့် မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု(ကိုးကန့်)  ခေါ် (MNDAA) ကိုးကန့်တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်လကျော် အကြာတွင် ယခု
ကဲ့သို့  စစ်ရေး ပြင်ဆင်ခြင်းများ ထပ်မံ ပြုလုပ်ခြင်း ဖြစ်သည် ဟု သိရသည်။

လောက်ကိုင်ဒေသတွင်မူ ယခင် သီတင်း နှစ်ပတ် ခန့် က ဗုံးများပေါက်ကွဲ ပြီးကတည်းက လုံခြုံရေး တိုး မြှင့် ထားသည်။မြောက်ပိုင်း ၀နယ်မြေ အား ထိုးစစ်ဆင်ရန် အသင့် အနေ အထားရှိနေ ပြီ ဟု နေ
ပြည်တော်မှ အမည် မဖော်လို သော စစ်အရာရှိ တစ်ဦးက Freedom News Group သို့ ပြောသည်။