၆ နိုဝင်ဘာ အယ်(လ)အေ ၊ ၊Freedom News Group
Holiday Season Kicks Off With No Goat No Glory
မင်းသမီး ကင်မရွန်း ဒီယာဇ် ပါဝင်သရုပ်ဆောင်ထားသည့် The Box အမည်ရှိ ရုပ်ရှင်ကား ၊ ဂျော့ကလူနီ ၊ကီဗင် စပေဆီ တို့ သရုပ်ဆောင်ထားသည့် The man who stares at goats ဇာတ်ကား နှင့် ဂျင်ကာရေး ၏ Disney ‘s Christmas Carol ဇာတ်ကားများမှာ ယခု
တစ်ပတ်ရုံတင်ပြသမည့် ဇာတ်ကားများဖြစ်သည်။ ထိုဇာတ်ကားများသည် စတင်ရိုက်ကူးစဉ် အချိန်ကတည်းက ပရိသတ် စိတ်ဝင်စားနေသည့် ဇာတ်ကားများဖြစ်သည်။
The man who stares at goat ဇာတ်ကားတွင် ဂျော့ကလူနီက က အမေရိကန် စစ်တပ်မှာ သဘာဝလွန် စွမ်းပကားများဆိုင်ရာလေ့လာဌာန ၏ အထူး အရာအရာရှိ လင်းကဆာဒီ အဖြစ်သရုပ်ဆောင်ထားသည်။အီဝန် မက် ဂရီဂို က စုံစမ်းထောက်လှမ်း သတင်းရေးသား တင်ပြသည့် ဂျာနယ်လစ် ဘော်ဝီလ် တန် အဖြစ် သရုပ်ဆောင်သည်။
ကီဗင်စပေဆီ( Ameriacan Beauty) က လယ်ရီ ဟော့ပါး အဖြစ်သရုပ်ဆောင်ထားသည်။
The man who stares at goat ဇာတ်ကားသည် ခောတ်သစ် အမေရိကန် စစ်တပ် ကို အသောဖောက်ထားခြင်း ဖြစ်ပြီး အမေရိကန် ထိပ်တန်း စစ်အရာရှိများ ၏ ကြောင်စီစီ နိုင်လှသော အတွေးအခေါ်များကို ဟာသနှော၍ ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။ထိုဇာတ်ကား၏ ဒါ
ရိုက်တာ မှာ ဂရတ် ဟစ်ဆလောဗ် ဖြစ်သည် ။၂၀၀၆ ခုနှစ်က ဂျော့ကလူနီ နှင့် အတူ Good Night and Good Luck ဇာတ်ကား ကို ဇာတ်ညွှန်းရေးခဲ့သူ ဖြစ်သည်။
တက္ကဆက် ပြည်နယ် Fort Hood တွင်စစ်တပ်မှ ဗိုလ်မှုး ဖြစ်သူ နီဒယ်(လ) မာလစ် ဟန်ဆန်က စစ်သားအချင်းချင်း ပစ်သတ် ၍ ၁၂ ဦးသေဆုံးသည့် ဖြစ်ရပ်ဖြစ်ပွားပြီးနောက်ရုံတင်ပြသသည့် ဇာတ်ကားဖြစ်၍ လူကြိုက်များ အုံးမည့် ဇာတ်ကားဖြစ်သည်။
ကင်မရွန်း ဒီယာဇ် ပါဝင်သရုပ်ဆောင်ထားသည့် The Box အမည်ရှိ ဇာတ်ကားမှာ နာဆာ
အဖွဲ့ မှ ၀န်ထမ်း တစ်ဦးဖြစ်သူ အာသာ သည် ဇနီးသည် နှင့် အတူ အာရုဏ်တက်ခါ နီး အိပ်မောကျနေခိုက် တံခါးခေါက် သံကြားသဖြင့် နော်မာ က သွားဖွင့်ရာ ပဟေဌိ ဆန်သော
သစ်သား သေတ္တာနက် ကလေး ကို တံခါးပေါက်ဝ တွင်တွေ့ ရှိရာမှ ၎င်းတို့ ဘ၀ တွင် ဂမ္ဘီရ ဆန်သော အပြောင်း အလဲ များ ဖြစ်ပေါ်လာ ပုံ ကို ရိုက်ကူး တင်ပြ ထားခြင်း ဖြစ်သည်။
ကင်မရွန်း ဒီယာဇ် နှင့် အတူ ဂျိမ်း မာဒင်၊ ဖရန့် လန်ဂျယ်လာ တို့ ပါဝင်သရုပ်
ဆောင်ထားသာည်။၁၉၇၀ ခုနှစ် က ရစ်ချတ် မာသီဆန် ၏ ၀ထ္ထု တို ကို ရုပ်ရှင် အဖြစ်
တင်ဆက် ထားခြင်းဖြစ်သည်။ထိုဇာတ်ကားကို ဒါရိုက်တာ ရစ်ချတ် ကယ်လီက ရိုက်ကူး
ထားသည်။ရစ်ချတ်ကယ်လီ သည် ၂၀၀၁ ခုနှစ်က နာမည်ကျော်ဇာတ်ကား Donnie Darko ကို ရိုက်ကူးထားသည်။
ယခု တစ်ပတ် အပြိုင် အဆိုင် ရုံဝင်လာသည့် Disney : Christmas Carol အမည်ရှိ ဇာတ်
ကား တွင် ဂျင်ကာရေး ပါဝင်သရုပ်ဆောင် ထားသည်။ဂျင်ကာရေး နှင့် အတူနာမည်ကျော်
သရုပ်ဆောင်များ ဖြစ်သည့် ကောလင်းဖတ် ၊ ဂယ်ရီ အိုးမန်း တို့ ပါဝင်သရုပ်ဆောင်ထား
သည်။Disney Christmas Carol ဇာတ်ကား၏ ဒါရိုက်တာမှာ Used Car ,Contact ,Castaway ,Forest Gump , What Lies Beneath ဇာတ်ကားများကို ရိုက်ကူးခဲ့သည့်
ဒါရိုက်တာ ရောဘတ် ဇီးမစ် ဖြစ်သည်။
