အကြားအမြင် ရသူများထံ တမလွန် ဘ၀ရောက်ရှိ သူများအား မေးမြန်းမှု ရန်ကုန် တွင်ခောတ်စားလာ

၉ နိုဝင်ဘာ ရန်ကုန် ၊                     ၊ဟိန်းခိုင်ထွန်း

Like Oda Mae Brown Popular In Yangon Aftermath Of Cyclone Nargis

ကွယ်လွန်ပြီးသားလူ ပုဂ္ဂိုလ် အား သေပြီးနောက် မည်သည့် တမလွန် ဘုံဘ၀ တွင် ရောက်ရှိနေကြောင်းမေးမြန်းမှုများသည် ရန်ကုန် နှင့် အနီးတ၀ိုက် ရှိမြို့ရွာများတွင်
တွင်ကျယ်နေကြောင်း Freedom News Group မှ စုံစမ်းသိရှိရသည်။

လူတစ်ဦး တစ်ယောက်သေဆုံးပြီးလျှင် အထူးသဖြင့် မိသားစုဝင်များက သေဆုံးသူ
မည်သည့် ဘုံဘ၀ ရောက်ရှိနေကြောင်းကို နတ်ဆရာ အမည် ခံထားသူ များနှင့် အကြားအမြင်ရသူများထံတွင်   မေးမြန်းမှုများ ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။

ထိုကဲ့သို့ တမလွန် ဘုံဘ၀ မေးမြန်းမှုများ နှင့် ပတ်သက်၍ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးနောက်

မည်သည့် ဘုံဘ၀ရောက်ရှိ နေကြောင်း သန်လျှင်ရှိ ဘိုးတော် တစ်ဦးထံ သွားရောက်မေး
မြန်းခဲ့သည့် ဒုတိယနှစ် ဂျီတီစီ ကျောင်းသူ တစ်ဦးက “သမီး အဖေ က သြဂုတ်လက ဆုံး
သွားတာ အဲဒါနေ့ တိုင်းဝမ်းနည်းရတယ်၊ ဒါနဲ့  အိမ်နီးနားချင်း တစ်ယောက်က ပြောတယ်
သန်လျှင်က နတ်ဆရာက တမလွန် ဘ၀ ဟောတာမှန် တယ် ဆို တာနဲ့ သွားမေးဖြစ်
တယ်။မေးကြတဲ့ သူတွေ တော့ရှိတယ်။သူကတော့ အဖေ့ ကို နတ်ပြည်ရောက်နေ ပြီ
လို့ ပြောတယ်။တချို့ ကတော့ ဂျပန်မှာ လူပြန်ဖြစ်နေတယ်တို့ နောက် ဘ၀ မကူးသေးဘူး
တောင်ကြီးဘက်မှာ ခဏ နေနေ တယ်တို့ ဟောတယ် ။သူက တော့ နတ်ပူးသလို လုပ်ပြီး
ယုံအောင် ပြောတယ် ။ ယုံကြတဲ့ သူတွေ လဲ ရှိတယ် သမီးတော့ သိပ်မယုံဘူး ဟု Freedom News Group သို့ ပြောသည်။

နတ်ဆရာများ နှင့် အကြားအမြင် ရသူများထံ တွင် ကျန်ရစ်သူ မိသားစု ၀င်များက တမလွန်ဘ၀ မေးမြန်းမှု များ မှာ လူတစ်သိန်း လေးသောင်းကျော် သေကြေပျက်စီး
ခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ် ပြီးချိန်မှ စတင်၍ လူထုကြားတွင် တွင်ကျယ်လာခြင်း
ဖြစ်သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်းတွင် ရန်ကုန် အနီးတ၀ိုက် ရှိ မြို့ ရွာများ ဖြစ်သည့်
ကွမ်းခြံကုန်း ၊ ခရမ်း ၊သုံးခွ ၊လှည်းကူး ၊ စစ်ပင် စသည့် ဒေသများ တွင် သေဆုံးသွားသည့်
မိသားစုဝင်များ မည်သည့် ဘုံဘ၀ရောက် ရှိနေကြောင်း နီးစပ်ရာ အကြားအမြင် ရသူများမှ
တစ်ဆင့် မေးမြန်းရာမှ တစ်စတစ်စ တွင်ကျယ်လာခြင်း ဖြစ်သည်။

ဆိပ်ကြီး မြို့ နယ်တွင်နေပြီး မင်္ဂလာ တောင်ညွန့် တွင် အကြားအမြင် ဟော သူ တစ်ဦးက
“ဆရာက တော့ ကြားတာ မြင်တာပဲ ဟောတာပါ မကြားတာ မမြင်တာ မဟောပါဘူး ။သမ
ထ ပိုင်းကို အလေးထားတယ်။ အဓိက ဗေဒင် လက္ခဏာရပ် တွေ ဟောပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ကားမှောက် လို့ သေသွားတဲ့ မိသားစု ၀င်တွေကို သူတို့ ရောက်နေတဲ့
တမလွန် ဘုံတွေ ဟောပေးလိုက် လို့ ဆရာ့ဆီမှာ လူဝင်များတာပါ။“ဟု့ ပြောသည်။

အချို့  အကြားအမြင်ဟောဆရာများမှာ ကနားစီးသူ များ နှင့် ဘိုးတော်များ မှ တစ်ဆင့် နတ်ပူးသည် ဟု အမည်ခံကာ ဟောပြောကြခြင်းဖြစ်သည်။ ရန်ကုန် မြို့ ၃၈ လမ်းဈေးရှိ
ဈေးသည် တစ်ဦးကမူ “မမှန်တာတွေ လည်း ရှိတယ် တချို့ ကလုပ်စားတာ အသံတုနဲ့ 
လူတွေ ကတော့ သူတို့  ကို စိတ်ချမ်းသာ အောင် လုပ်ပေးကြတယ် ဆိုပြီး အလှုငွေတွေ ဘာတွေ အများကြီးထည့် တယ် ဟု ပြောသည်။

အကြားအမြင်ရ ဆရာများထံတွင် မေးမြန်းသူ အများစုမှာ မိသားစုဝင်များ တမလွန် ဘ

ဝ နှင့် ပတ်သက်ပြီးမေးမြန်း သကဲ့ သို့ အချို့ မှာ လည်း စီးပွားရေး ၊ မိသားစု ရေး များနှင့်
ပတ်သက်ပြီး မေးမြန်း သည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင် ပြည်သူများမှာ ရိုးရာဓလေ့ အရ ထိုသို့ သော အယူများကို သက်ဝင် ယုံကြည်များရှိသကဲ့ သို့  လက်ရှိအုပ်ချုပ်နေ သည့် စစ်အစိုးရ ခေါင်းဆောင်ပိုင်းများတွင်
လည်း ဘိုးတော် ၊ နတ်ဆရာ စသည် တို့ ကို အားကိုး မှုကြောင့် ပြည်သူများတွင် ထိုအယူ
အဆများမှာ သက်ဝင်လျှက် ရှိနေဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် တစ်ချိန်က နာမည် ကြီးခဲ့သည် ကြို့ ပင်ကောက် လေချွန်နတ် မှာ တမလွန် ဘ၀ ရောက်ရှိ နေသူများ ဘ၀ မကူးသေးပါ က မိသားစု ၀င်များ နှင့် ပါဆက်
သွယ်ပေးသည်။

သေဆုံးသူသွားသူများ နှင့် ပတ်သက်ပြီး တမလွန် ဘ၀ အဟော မှာ မြန်မာ နိုင်ငံတွင်သာ
မက ဒေသတွင်း နိုင်ငံများ အပါအ၀င် အမေရိကန် ၊ ဥရောပ နှင့် ဂျပန် နိုင်ငံများတွင် ပါ ယခုထက် တိုင် ယုံကြည် သက်ဝင်မှု များရှိသေးသည်။

One thought on “အကြားအမြင် ရသူများထံ တမလွန် ဘ၀ရောက်ရှိ သူများအား မေးမြန်းမှု ရန်ကုန် တွင်ခောတ်စားလာ

  1. အိမ်း…တမလွန်ကလူနဲ့မိသားစုဝင်တွေဆက်သွယ်
    နေတုန်းကော်နက်ရှင်ကျသွားရင်ဘယ့်နှယ်လုပ်မတုန်း
    အရပ်ကတို့…:P

Comments are closed.