၁၀ နိုဝင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Burma claims it will release Aung San Suu Kyi
အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် အားပြန်လည်လွှတ်ပေးရန်သမ္မတ အနေဖြင့်မဟုတ်ပဲ ပုဂ္ဂိုလ်ရေးတောင်းဆိုမှု ပြု (Updated)်
ဒေါ်အောင်ဆန်းစုကြည်နှင့် ကတ်ကမ်းဘဲလ်တွေ့ ဆုံစဉ် Photograph: Hla Hla Htay/AFP/Getty Imagesနေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မကြာခင် ရက်ပိုင်း အတွင်းမှာ ပင် ပြန်လွှတ်ပေးတော့မည် ဖြစ်ကြောင်း စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ တာဝန် ရှိသူ တစ်ဦးက ဖိလစ်ပိုင်တွင်
အေပီ သတင်းဌာန ကို ပြောကြားခဲ့ကြောင်း ဗြိတိန် ထုတ် ဂါးဒီးယန်း သတင်းစာ တွင်ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် အားပြန်လွှတ်ပေးမည့် သတင်းထုတ် ပြန်မှု နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က မနီလာလေ
ဆိပ်တွင်ပြောကြားခြင်းဖြစ်ပြီး ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူမ၏ ပါတီကိုစည်း ရုံးပြန်လည် တည်ဆောက် နိုင်ရန် ဟူ၍ ပြောကြားသွားခဲ့သည်။
ဦးမင်းလွင်က ပြန်လွှတ်ပေးမည် ဟု ဖိလစ်ပိုင်နိုင်ငံ တွင် ကျင်းပသည့် အာဆီယံ ကုလ အစည်းအဝေး အတွက်အသွားတွင်ပြောကြားသော် လည်း မည်သည့်နေ့ ရက်တွင် ပြန်လွှတ်မည် ဟု အချိန် အတိအကျထည့်သွင်းပြောကြားသွားခြင်းမရှိချေ။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ပြီး သီတင်းတစ်ပတ် အတွင်းမှာ ပင် ဒေါ်အောင်ဆန်းစုကြည်ကို
ပြန်လွှတ်ပေးမည် ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ဂျပန် အစိုးရက လည်း ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးလျှင် ODA ခေါ် နိုင်ငံ
ခြားထောက်ပံ့မှု အစီအစဉ်များ ပြန်လည် ပေးအပ်သွားမည် ဟု လွန်ခဲ့သည့် နှစ်ရက်က
ဂျပန် – မဲခေါင်ဒေသ နိုင်ငံများ အစည်းအဝေးတွင် မြန်မာ နိုင်ငံကို တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည် အား မကြာခင် ပြန်လွှတ်မည် ဆိုခြင်းမှာ ယုံကြည်နိုင်ဖွယ်ရှိသော်
လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ၊ ၀င်ရောက် အရေးခံခွင့် တို့ နှင့် ပတ်သက်
ပြီး လည်း မြန်မာ နိုင်ငံခြားရေး ဌာန မှ အကြီးတန်း အရာရှိက ထည့်သွင်းပြောကြားသွားခြင်းမ
ရှိကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖေါ်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်း လုပ်ကြံမှု ပြီးကတည်းက နေအိမ်အ
ကျယ်ချုပ်ချထားခြင်းခံရပြီး ယခုနှစ်သြဂုတ်လက နေအိမ်သို့ တိတ်တဆိတ် ၀င်ရောက်လာသည့်
အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံ ယက်တော ကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံရပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေမှ တစ်နှစ်ခွဲ အား ဆိုင်းငံ ပြစ်ဒဏ် ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လ
ချမှတ်ခဲ့သည်။
