၁၄ နိုဝင်ဘာ ကိုလံဘို ၊ ၊အေပီ သတင်းဌာန
Coup fear led to crisis: Sri Lanka military chief

နှုတ်ထွက်စာတင်ထားသည့် လက်ရှိ သီရီလင်္ကာ စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူ ဆာရတ်ဖုန်စက္က က ဦးဆောင်၍ အာဏာသိမ်းမှု ပြုလုပ်မည် ဆိုသည့် သတင်းများကြောင့် သိရီလင်္ကာ နိုင်ငံကိုလံဘို မြို့ နှင့် မြို့ တော် ဂျယာဝါဒင် တို့ တွင် လုံခြုံရေးများ တိုးမြှင့်ထားသည်။
မြောက်ပိုင်း ဂျဖနာ ကျွန်းဆွယ်ရှိ တမီလ် ကျားသူပုန် တို့ အား ပြီးခဲ့သည့် မေလက အမြစ်ဖြုတ်တိုက်ခိုက်နိုင်ခဲ့သည့် သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူက ဦးဆောင်၍ အာဏာသိမ်းမည့် သတင်းများကြောင့် သမ္မတ ဖြစ်သူ မဟင်ဒါရာဂျာ ပါစက လည်းလုံခြုံရေးတိုးမြှင့်ထားသည်။
ဗိုလ်ချုပ်ကြီး ဖုန်စက္ကသည် ၂၆ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ခြင်းကြောင့် ပြည်တွင်း
တွင် လူကြိုက်များပြီး ရွေးကောက်ပွဲတွင် သမ္မတ အဖြစ် ရေပန်းစားနေ သူ ဖြစ်သည်။ဂျဖနာ ထိုးစစ်တွင် သိရိလင်္ကာ စစ်တပ် အောင်ပွဲရပြီးနောက်ပိုင်းတွင် စစ်တပ်ထိပ်တန်းခေါင်းဆောင်များနှင့်
အစိုးရ အဖွဲ့ ကြား သဘောထားများကွဲပြားလာခဲ့သည်။
သီရီလင်္ကာ နိုင်ငံ သို့  အလည်အပတ်ရောက်ရှိနေသည့် မြန်မာ စစ်ခေါင်းဆောင် ဖြစ်သူ ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေမှာ ခရီးစဉ် အတွင်း သီရီလင်္ကာ စစ်တပ် အရာရှိ များ နှင့် တွေ့ ဆုံ၍ အင်အားကြီး
မားလှသော ကျားသူပုန် တို့ အားအနိုင်ယူခြင်းကို လေ့လာမည် ဟု သိရသော် လည်းထိပ်တန်းစစ်ခေါင်းဆောင် များနှင့် တွေ့ ဆုံနိုင်ခြင်းမရှိကြောင်း ဂါးဒီးယန်း သတင်းစာတွင် ဖေါ်ပြထားသည်။
သီရီလင်္ကာ ၏ ထိပ်တန်းစစ်အရာရှိ တစ်ချို့ သည် အမေရိကန် စစ်တက္ကသိုလ် များတွင် သွားရောက်
ပညာသင်ကြားခဲ့ဖူးသည်။
