၁၈ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
2012 Phenomenon Shocks Burma
မာယာ ပြက္ခဒိန် အလိုအရ နှင့် နော်စထရာ ဒါးမတ်စ် အပါအ၀င် နာမည်ကျော် ဗေဒ
နက္ခတ် သုတေသီတို့ ၏ အလိုအရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် ကမ္ဘာ
ကြီးသည် သဘာဝ ဘေး ဖြစ်စဉ် တို့ ၏ အကျိုးဆက်ကြောင့် သက်ရှိ သတ္တ၀ါ များ ရှင်
သန်နေထိုင်ခွင့် မရတော့ လောက် အောင် မျိုးတုံး ပျောက်ကွယ် သွားတော့ မည် ဆိုသည့်
ကမ္ဘာ ပျက်မည် အယူအဆ သည် မြန်မာ နိုင်ငံ တွင်းရှိ ကျေးလက် မြို့ ရွာများ တွင် အလွန်
ပင် လူပြောများလျှက်ရှိ ကြောင်းသိရသည်။
၂၀၁၂ ကမ္ဘာ ပျက်မည် ဆိုသည့် သတင်း မြန်မာ နိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေခြင်း နှင့် ပတ်သက်၍ ရန်ကုန် မြို့ မှာ နာမည်ကျော် အဆိုတော် တစ်ဦးက “၂၀၁၀
ရွေးကောက်ပွဲ တောင် လူတွေ က စိတ်ဝင်စားကြတာ မဟုတ် ဘူး ၂၀၁၂ ကမ္ဘာ ပျက်မယ်
ဆိုတဲ့ သတင်းကြတော့ လူတွေ က အရမ်းကို သိချင်ကြတာ ၊တချို့ လည်း ဗေဒင် သွားမေး
တာတို့ ၊အဆောင် လက်ဖွဲ့ တွေ လုပ်တာ တို့ လုပ်ကြတယ်” ဟု Freedom News Group သို့ ပြောသည်။
မြန်မာ နိုင်ငံတွင်း နေထိုင်ကြသူ အများစု မှာ ရိုးရာ အစဉ်အလာ အချို့ အရ ပင် သဘာဝ
ဘေး အန္တရယ်များ နှင့် ပတ်သက်ပြီး ယုံကြည်ရင်းခံ ရှိသည် ကြောင့် နိုင်ငံတကာတွင် ပါ
ကျယ်ကျယ်ပြန့် ပြန့် ဖြစ်နေသည့် ၂၀၁၂ ကမ္ဘာ ပျက်မည့် သတင်းအား လွန်လွန် ကဲကဲ
စိတ်ဝင်စားကြသည် ဟု သိရသည်။
ရန်ကုန် မြို့ မှ ဗေဒင်ဆရာ တစ်ဦးကမူ လူတွေက လန့် ကြမယ် ဆိုလဲ လန့် စရာ ပဲ “ပြီး
ခဲံတဲ့ နှစ်က ဖြစ်ခဲ့ တဲ့ နာဂစ် မုန်တိုင်းကြောင့်ပဲ လူတစ်သိန်း ခွဲလောက် သေသွားသေးတာ
ကို ဒီဖြစ်ရပ် ကြီးက မမေ့ နိုင်စရာ ဆိုတော့ ၂၀၁၂ ကို လန့် ကြတာပေါ့။၂၀၁၂ နီးလာရင်
ပိုတောင် ဆိုး အုံးမယ်”ဟု သုံးသပ်ပြသည်။
၂၀၁၂ ကမ္ဘာ ပျက်မည့်သတင်း၏ ဂယက် ကြောင့် အိမ်ခြံမြေ ၊ဈေးကွက်လည်း ထိုးကျပြီး
ဝယ်မည့် သူပင် မရှိသလောက် ဖြစ်ရသည် ဟု အိမ်၊ခြံ၊မြေ အကျိုးဆောင် တစ်ဦးက ပြောသည်။
ကမ္ဘာ ပျက်မည့် သတင်း နှင့် တိုက်ဆိုင်စွာပင် ယခုတစ်ပတ် စတင်ရုံတင်ပြသနေ သည့် 2012 အမည်ရှိ ရုပ်ရှင်ဇာတ်ကားမှာ လည်း ကမ္ဘာတစ်လွှားတွင် အထူးလူကြိုက်များသည်။
ထိုဇာတ်ကားကို Indepandence Day နှင့် The Day After Tomkorrow ဇာတ်ကား များကို ရိုက် ကူးခဲ့သည့် ဒါရိုက်တာ ရိုလန် အီမာရစ်ရှ် က ရိုက်ကူးထားခြင်းဖြစ်
သည်။
ထိုဇာတ်ကားတွင် မီဂါဆူနာမိ ဟု ခေါ်သည့် မဟာလှိုင်းလုံးကြီးများကြောင့် ကမ္ဘာ
ကြီး ရေလွှမ်းမိုး၍ ပျက်စီးသွားသည် ကို ပြသထားသည်။
၂၀၁၂ ကမ္ဘာပျက်မည် ဆိုသည့် သတင်း၏ ဂယက်မှာ မြန်မာ နိုင်ငံတွင်သာ မက ကျန်အာရှနိုင်သား များပါ ယုံကြည်ကြသည် ဟုသိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် မူထိုင်းလူမျိုးအချို့ မှာ ကမ္ဘာပျက်လျှင် ဘေးလွတ်ရာသို့ ရောက်ရှိရေးအတွက် ကြိုတင်ပြင်ဆင်ကြသလို အချို့ နေရာများတွင် ဆုတောင်းပွဲများကျင်းပကြသည် ဟု ဖူးခက်ဂေဇက် သတင်းစာတွင် ဖေါ်ပြထားသည်။
မြန်မာ နိုင်ငံတွင်းရှိ စာပေ ဟောပြောပွဲ နှင့် ဘုန်းကြီး တရားပွဲ စီစဉ်သူများမှာ စာရေးဆရာ များ နှင့် သံဃာတော်များအား ကမ္ဘာပျက် တရားတော် ထည့်သွင်းပြောကြားရန် ပင် ကြိုတင်ပန်ကြား
ထားသည် ဟု နာမည် ကျော်စာရေးဆရာ တစ်ဦးက ပြောသည်။

အချိန်အတော်ကြာကတည်းက ယခုတိုင်ရေပန်းစားနေတဲ့ အင်တာနက်သတင်းတစ်ပုဒ်ကတော့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ နီဘရူး(Nibiru) အမည်ရတဲ့ ဂြိုလ်တစ်လုံးဟာ ကမ္ဘာနဲ့နေကြားကနေ ဖြတ်သန်းသွားဖို့ ရှိနေပါတယ်။ နေ၊ နီဘရူးဂြိုလ် နဲ့ ကမ္ဘာတို့ တစ်တန်းတည်း ဖြစ်တဲ့အချိန်မှာ ဆွဲငင်အားက ကမ္ဘာမြေအပေါ် သက်ရောက်လိမ့်မည်ဟု ပညာရှင်အချို့က စိုးရိမ်ရာမှ ကမ္ဘာပျက်မည်ဟူသော ကောလဟာလတွေ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဒါကို ယုံကြည်ပါသလားဟုမေးခဲ့မယ်ဆိုရင် ဗုဒ္ဓ၏တရားတော်နှင့်သာ နှိုင်းယှဉ်ပြရပေလိမ့်မည်။ တည်ရှိလာသော ကမ္ဘာအပါအ၀င် စကြ၀ဌာသည်လည်း အချိန်ကြာလာသောအခါ ဖြစ်တည်ပျက်နိယာမတရားအရ တစ်နေ့တွင် ပျက်ဆီးအုံးမည်သာဖြစ်သည်။ ကမ္ဘာအပါအ၀င် စကြာဝဌာပျက်လျှင် စကြာဝဠာကုဋေတစ်သိန်းပါ အတူတူလိုက်ပျက်ကြသည်။ ကမ္ဘာနှင့် စကြာဝဠာပျက်ရာတွင် မီး၊ ရေ၊ လေ ဖျက်ဆီးမှု့ကြောင့် ပျက်ရခြင်းဖြစ်သည်။ ဘုံ ၃၁ဘုံရှိသည့်အနက် မီးကြောင့် ပထမဈာန်သုံးဘုံအထိ၊ ရေကြောင့် ဒုတိယဈာန်သုံးဘုံအထိ၊ လေကြောင့် တတိယဈာန်သုံးဘုံအထိ၊ စုစုပေါင်း အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်၆ဘုံ နှင့် ဗြဟ္မာ ၉ဘုံ ဟူသော ဘုံ၂၀တို့ပျက်ဆီးကြရသည်။
“ကမ္ဘာကြီးသည် မည်သည့်အချိန်တွင် ပျက်ဆီးမည်နည်း” ဟု မြတ်စွာဘုရားက ရဟန်းတစ်ပါးက မေးခဲ့ဖူးသည်။ မြတ်စွာဘုရားက “နှစ်အပိုင်းအခြားဖြင့် ပြရန်မလွယ်” ဟုမိန့်ကြားပြီး ဥပမာဖြင့်သာ ဟောတော်မှုခဲ့ပါသည်။ “အမြင့်တစ်ယူဇနာ၊ အရှည် တစ်ယူဇနာ၊ အကျယ်တစ်ယူဇနာရှိသော ကျောက်တောင်ကြီးကို အလွန်နူးညံ့သော ကတ္တီပါစဖြင့် အနှစ်တစ်ရာလျှင် တစ်ကြိမ်ကျပွတ်ပေးသည့်အတွက် ထိုကျောက်တောင်ကုန်သွားသော်လည်း ဒီကမ္ဘာကြီး မပျက်ဆီးသေးကြောင်း၊ အမြင့်တစ်ယူဇနာ၊ အရှည်တစ်ယူဇနာ၊ အကျယ်တစ်ယူဇနာရှိသည့် မြို့ရိုးကြီးနှင့်အပြည့် မုန့်ညင်းစေ့များထည့်ထားကာ အနှစ်တစ်ရာကျလျှင် တစ်လုံးကျဖြင့် ယူကာပစ်ထုတ်သောကြောင့် မုန့်ညင်းစေ့ကုန်သော်လည်း ဒီကမ္ဘာမြေကြီး မပျက်ဆီးသေးကြောင်း” ဟောတောမှုသည်။
it’s nonsense. :D
why people are so serious about that?
We should take care of our own business.
pls, don’t believe those rumors.
Nobody can prove that it’s a doomsday