၁၉ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Michael Learns To Rock Asia Tour And Visit Burma
အာရှတိုက်တွင် အောင်မြင်မှုရရှိသည့် ဒန်းမတ် အခြေစိုက် နာမည်ကျော် ပေါပ်ဂီတ အဖွဲ့ တစ်ခုဖြစ်သော မိုက်ကယ်လန်းတူရောခ် (MLTR) အဖွဲ့ မှာ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ 
လာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးက Freedom
News Group သို့ ပြောသည်။
MLTR အဖွဲ့ သည် ထူး ကုမ္ပဏီ ၏ စီစဉ် မှု ဖြင့် မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်မေလ က နာဂစ်မုန်တိုင်း ဒဏ်ခံရသည့် ဧရာဝတီ တိုင်းနေပြည်သူများ ကယ်တင်စောင့်ရှောက် ရေး အစီအစဉ် တစ်ရပ် အနေဖြင့် လက်မှတ်ရောင်းရငွေများကို လှုဒါန်းမည် ဖြစ်သည်။
မြန်မာ နိုင်ငံသို့ MLTR အဖွဲ့ လာရောက်ခြင်းမှာ ကမ္ဘာကျော် ပေါပ် ရောခ် ဂီတ အဖွဲ့ တစ်ခု အနေဖြင့်ပထမဦး ဆုံး ဖြစ်ပြီး ၂၀၀၃ ခုနှစ်က Rolling Stone ဂီတ အဖွဲ့ မှ အဆိုတော် Mick Jagger မှာ မြန်မာနိုင်ငံ ပုဂံ မြို့ သို့ လာရောက် လည်ပတ်သော်လည်း ဖျော်ဖြေ ခြင်း ပြည်သူများ နှင့် ထိတွေ့ ဆက်ဆံခြင်း မပြုခဲချေ။
MLTR အဖွဲ့ သည် မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံရှိ နိုင်ငံတကာဂီတ
ပရိသတ်များ ကြားတွင်ရေပန်းစားခဲ့ပြီး ၎င်းတို့ အဖွဲ့ ၏နာမည်ကျော်သီချင်းများ ဖြစ်သည့်
25 Minutes ,Actor , Sleeping Child , That’s Why You Go Away ,Blue Night စသည့် သီချင်းများကို မြန်မာမှု ပြုလုပ်၍ ပြန်လည် သီဆိုထားခြင်းများရှိ သည်။
မိုက်ကယ်လန်းတူရောခ် ဂီတ အဖွဲ့ သည် ၎င်းတို့ ၏နေရင်း ဥရောပ ထက် အာရှ နိုင်ငံ
များတွင် လူကြိုက်ပိုများသည်။၎င်းတို့ အဖွဲ့ သည် ၂၀၀၈ ခုနှစ်တွင် Eternity အမည်ရှိ အယ်(လ)
ဘမ်ကိုထုတ်ဝေဖြန့် ချိခဲ့သည်။၁၉၈၈ ခုနှစ်တွင် MLTR အဖွဲ့ ကို စတင်ဖွဲ့ စည်းခြင်းဖြစ်ပြီး ၁၉၉၁
ခုနှစ်တွင် ၎င်းတို့ အဖွဲ့ ၏ ပွဲဦးထွက် အယ်(လ)ဘမ်ကို Michael Learn To Rock အမည်ဖြင့်ထုတ်
ဝေခဲ့သည်။
MLTR အဖွဲ့ မြန်မာ နိုင်ငံသို့ လာရောက်မည့် အစီအစဉ်မှာ သေချာသော် လည်း တရားဝင်
ကျင်းပ ဖျော်ဖြေခွင့် အတွက် သက်ဆိုင်ရာ အာဏာပိုင်များ ၏ ခွင့်ပြုချက် တစ်စုံတစ်ရာရမှ
ဖြစ်နိုင်ကြောင်း ထူးထရေးဒင်း မှ လုပ်သက်ရင့် အမျိုးသမီး တစ်ဦးက Freedom News Group သို့ ပြောသည်။
ပြီးခဲ့သည့် မေလက လော(စ်)ဇင်းဂျလိအခြေစိုက် ဟပ်ဟောပ် နှင့် ရော(ခ်) အရောနှောသီချင်းများကို သီဆိုသည့် အဖွဲ့ ဝင်ခြောက်ဦးပါ အိုဇိုမာလ်တီ (Ozomalti)ဂီတ အဖွဲ့ သည် ရန်ကုန်မြို့ သို့ အမေရိကန် အစိုးရ၏ ယဉ်ကျေးမှုသံအဖြင့်လာရောက်လည် ဖျော်ဖြေခဲ့
သေးသည်။
