ကုန်တွဲ သင်္ဘောကြီး တစ်စင်းနှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘော င၀န်မြစ်အတွင်း တစ်နေရာ၌ တိုက်မိပြီး ခရီးသည်တင် သင်္ဘောနစ်မြုပ်မှု နိုဝင်ဘာလ ၁၅ရက်နေ့ ညပိုင်းကဖြစ်ပွား

၂၀ နိုဝင်ဘာ ရန်ကုန် ၊                       ၊Eleven Media

Scores Fear Dead In Myanmar Ferry Crash

ရှမ်းငူရွာအနီး င၀န်မြစ်အတွင်း နစ်မြုပ်ခဲ့သော သင်္ဘောအား ရှာဖွေမှုများပြုလုပ်နေကြစဉ်

ကုန်စည်များ တင်ဆောင်လာ သော ကုန်သင်္ဘောကြီး (ဒေသ အခေါ် CB1 သံခွံကိုယ်ထည်အမျိုးအစား)နှင့် ပုသိမ်-သက္ကယ်သောင် ခရီးသည်တင် သင်္ဘောတို့သည် ပုသိမ်မြို့အနီး င၀န် မြစ်ကျဉ်းတစ်နေရာ၌ ည ၇နာရီခွဲ ၀န်းကျင်တွင် ၀င်တိုက်မှုဖြစ်ပွားခဲ့ ကြောင်း ဒေသခံများ၊ ကိုယ်တွေ့ကြုံ သူများ၏ပြောကြားချက်အရ သိရှိရ သည်။ နေမျိုးထွန်း(ဒေသအခေါ်နေမျိုး ထွန်းကြီး) အမည်ရှိ ပုသိမ်-သက္ကယ် သောင်

ခရီးသည်တင်သင်္ဘောမှာ ခရီး သည်နှင့် သင်္ဘောဝန်ထမ်းစုစုပေါင်း ၁၈၀ ကျော်တင်ဆောင်လာကာ နိုဝင် ဘာလ ၁၅ ရက်နေ့ ည ၆ နာရီခွဲဝန်း ကျင်တွင် ပုသိမ်မြို့၊ မြေနုလမ်းဆိပ်ခံ တံတားမှ

သက္ကယ်သောင်ကျေးရွာသို့ စတင်ထွက်ခွာခဲ့သည်ဟု သိရှိရသည်။

အဆိုပါသင်္ဘောမှာ င၀န်မြစ်  အတိုင်း ပုသိမ်မြို့မှ ထွက်ခွာလာရာ ပုသိမ်မြို့နှင့် အလှမ်းမဝေးသည့် ရှမ်း ငူရွာအနီးရှိ ရှမ်းငူကွေ့အနီးအရောက် တွင် ကုန်သင်္ဘောနှင့် တိုက်မိရာမှ နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

တိုက်မိပြီးနောက် ခရီးသည်တင် သင်္ဘောမှာ ကိုယ်ထည်ပိုင်းထိခိုက် သွားပြီး ရေများ ဒလဟောဝင်ရောက်ခဲ့ ကြောင်း တိုက်မိပြီး တစ်ခဏချင်း အတွင်း ရေ၀င်နစ်မြုပ်သွားခြင်း ဖြစ် သည်ဟု ကြုံတွေ့ရသူများကပြောပြခဲ့

ကြသည်။သင်္ဘောပေါ်တွင်ပါဝင်သည့် ခရီး သည်များအား အနီးအနားရှိ ရှမ်းငူရွာ မှ ရွာသူရွာသားများက လှေ အစီး ၃၀ ကျော်ဖြင့် အလျင်အမြန်သွားရောက် ကယ်တင်ပေးခဲ့ခြင်း၊ ပုသိမ်မြို့မှကယ် ဆယ်ရေးအဖွဲ့များက

နစ်မြုပ်သွားသော ခရီးသည်တင်သင်္ဘောအား ရှာဖွေနေကြစဉ်

ချက်ချင်းသိရှိ၍ ရှပ်ပြေးအမြန်သင်္ဘောလေးစင်းဖြင့် သွားရောက်ကယ်တင်ပေးခဲ့ခြင်းများ ကြောင့် ယခုကဲ့သို့ အများစုအသက် ရှင်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုပါသည်။ထို့အတွက် ခရီးသည် ၁၈၀ ကျော် တွင်

ခရီးသည် ၁၀၀ ကျော် အသက် ရှင်ခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ သေဆုံးသူ ၃၅ ဦး နှင့် ကျန်ခရီးသည်များပျောက်ဆုံးနေ ကြောင်း စုံစမ်းသိရှိရသည်။

”သင်္ဘောထဲမှာပါသွားတဲ့ ကျွန်မ တို့ရွာသားတွေ အသက်ရှင်ခဲ့ပါတယ်။ တိုက်မိပြီး တစ်ခဏအတွင်းမှာပဲ သင်္ဘောက ရေထဲကို စုံးစုံးမြုပ်သွား တယ်လို့ ကျွန်မတို့ရွာက အသက်ရှင် ခဲ့တဲ့သူက ပြန်ပြောခဲ့ပါတယ်။ မမြုပ်

ခင်မှာ သင်္ဘောပေါ်မှာပါလာတဲ့ ခရီး သည်တွေက အော်ဟစ်အကူအညီ တောင်းတဲ့သူကတောင်း၊ ကြောက် ကြောက်လန့်လန့်နဲ့ အော်ဟစ်သူက အော်ဟစ်နဲ့ ညအမှောင် င၀န်မြစ်ထဲမှာ ဆူညံနေခဲ့တယ်။ အော်သံကို

အနား မှာရှိတဲ့ ရှမ်းငူရွာလို့ခေါ်တဲ့ရွာက ရွာသူ ရွာသားတွေကြားပြီး လှေတွေအများ ကြီးနဲ့လာရောက်ကယ်တင်ပေးတယ်လို့ ပြောပါတယ်။ ရှမ်းငူရွာက လာရောက် ကယ်တင်သူတွေက ဒုက္ခသည်တွေ ကို သူတို့ရွာက

ဘုန်းကြီးကျောင်းမှာ ခဏထားပေးတယ်။ အ၀တ်အစား တွေပေးတယ်။ ရှိတာတွေကျွေးပြီး ပြုစုထားပေးတယ်။ နောက်ထပ် လည်း ရနိုင်သမျ ကယ်နိုင်သမျကို မြစ်ထဲမှာ ရှာဖွေပေးကြတယ်။ ဒီလို အလျင်အမြန်

ခရီးသည်တင်သင်္ဘောနှင့် တိုက်မိခဲ့သည့် ကုန်သင်္ဘောအားတွေ့ရစဉ်

ကယ်တင်နိုင်လို့လည်း အခုလို အယောက် ၁၀၀ ကျော် အသက်ရှင်ခဲ့ရတာပေါ့။ နောက်ပြီး  ရှမ်းငူရွာမှာရှိတဲ့ ကမ်းရိုးတန်းဖုန်းနဲ့ လိုက်အကြောင်းကြားပေးတဲ့အတွက် ပုသိမ်မြို့ပေါ်က တာဝန်ရှိတဲ့သူတွေသိ သွားပြီး

ရှပ်ပြေးအမြန်ယာဉ်လေးစင်း နဲ့ သွားကယ်တယ်။ ချက်ချင်းပဲ သွား ကြပြီး ကယ်ဆယ်ခဲ့တဲ့သူတွေကိုပုသိမ် မြို့ကို ခေါ်လာပေးခဲ့တယ်။ နိုဝင် ဘာလ ၁၆ ရက်နေ့အထိ မြို့တော် ခန်းမမှာ ခေတ္တထားပေးတယ်လို့သိရ

တယ်”ဟု သင်္ဘောနစ်မြုပ်သည့်ဖြစ်စဉ် အားသိရှိသူ သက္ကယ်သောင် ကျေးရွာ နေသူတစ်ဦးက ပြောပြခဲ့ပါသည်။
ယခုကဲ့သို့ သင်္ဘောအချင်းချင်း တိုက်မိသည့် ဖြစ်ရပ်မျိုး၊ သင်္ဘော တိုက်မိ၍ သေဆုံးပျောက်ဆုံးသူ

ဦးရေ ယခုပမာဏလောက်ရှိသည့်ဖြစ်ရပ်မျိုး မှာ ယခင်ကကြုံတွေ့ခဲ့ခြင်း မရှိသ လောက်နည်းပါးကြောင်း သင်္ဘော မောင်းနှင်သူများက ဆိုပါသည်။

”အဲဒီဖြစ်မယ့်ညမှာ ပုသိမ်ကနေ သက္ကယ်သောင်ကို သင်္ဘောနှစ်စင်း ထွက်တာ။ ပထမတစ်စင်းက ထွက် သွားပြီး အခုဖြစ်တဲ့သင်္ဘောကလည်း ဆိပ်ကမ်းခွာဖို့တောင်လုပ်နေပြီ၊  အဲဒီ အချိန်မှာ အထက်ရထားဆိုက်တယ်။

လိုက်မယ့်သူအများကြီးပါတယ်။ ခဏ နေပါဦးဆိုလို့ ဆိပ်ကမ်းမှာ ပြန်ကပ် ပြီး စောင့်နေတာ။ ရထားပေါ်မှာ ဟင်္သာတ၊ ဒါးက စတဲ့  အဲဒီလို နယ် ဘက်တွေကနေ သက္ကယ်သောင်ဘက် မှာ ကောက်ရိတ်၊

ခရီးသည်တင်သင်္ဘောထွက်ခွာလာသည့် ဆိပ်ကမ်း

ဆားကွင်းလုပ်သား လုပ်ဖို့လာတဲ့အလုပ်သမားတွေ အများ ကြီးပါလာတယ်။
သူတို့ကို သင်္ဘော က စောင့်ခေါ်ပြီးတော့မှ သင်္ဘောက ထွက်တာ။ အဲဒီတော့ ခရီးသည်ဦးရေ များသွားတာပေါ့။ သင်္ဘောကလည်း ကြီးတယ်လေ။ အခုသေဆုံး၊ ပျောက် ဆုံးတဲ့အထဲမှာ ကျွန်တော်တို့ သက္ကယ်

သောင်ဘက်မှာ အလုပ်လာလုပ်မယ့် သူတွေ ပါသွားတာ များပါတယ်။ ကျွန်တော်တို့ရွာကသုံးယောက်အသက် ရှင်ခဲ့တယ်။ ဒါပေမယ့် ကောက် ရိတ်ဖို့ငှားလာတဲ့ ၂၂ ယောက်မှာ ၁၀ ယောက်လောက်ပဲ အသက်ရှင်တာ

တွေ့ရတယ်။ ကျန်တာ ပျောက်နေ တယ်။ ကျွန်တော်တို့ ဒီဒေသမှာ ရာသီ ဥတုဆိုးလို့ပဲ သင်္ဘောနစ်တာ ကြားဖူး တယ်။ ဒါတောင် ရှားတယ်။ အခုလို တိုက်မိပြီး နစ်တာမျိုးကတော့ မရှိသ လောက်ရှားတယ်။ ဒါတောင်မှ

ရှမ်းငူ ရွာက ရွာသူရွာသားတွေ အလျင်အမြန် ကယ်လို့ ဒီလောက် အသက်ရှင်ခဲ့ကြ တာ သင်္ဘောနစ်တော့ မြစ်ထဲမှာ မှောင် မဲနေတယ်။ ဒါကို ရွာသားတွေက ရှိသမျဓာတ်မီးတွေနဲ့ ၀ိုင်းထိုးပေးထား တဲ့အတွက်

သင်္ဘောနစ်မြုပ်မှုကို သိသိချင်းကယ်ဆယ်ကူညီမှုများပြုလုပ်ခဲ့သည့် ရှမ်းငူကျေးရွာ

ကယ်တင်ရတာလွယ်သွား တယ်လို့သိရတယ်” ဟု အဆိုပါ ဖြစ်စဉ်ကို တွေ့ကြုံခဲ့သူတစ်ဦးက ရှင်းပြ ခဲ့ပါသည်။

Freedom News Group:နောက်ဆုံးရ သတင်းများအရ သေဆုံးသူ ၅၂ ဦးရှိသွားပြီ ဟုသိရသည်။