၂၄ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Liquor Advertising Prohibited In Myanmar

၂၀၀၉ ခုနှစ်မှ စ၍ မည်သည့် အရက်ကြော်ငြာမှ စာအုပ်၊မဂ္ဂဇင်း ၊ရုပ်သံကြော်ငြာ၊ဘီဘုဒ် အပါအ၀င် မည်သည့် မီဒီယာတွင် မှ ကြော်ငြာခွင့် ပြုတော့မည် မဟုတ်ကြောင်း သတင်းရရှိ သည်
ပြန်ကြာားရေး ၀န်ကြီးဌာန လက်အောက်ရှိ စာပေစီစစ်ရေး က သက်ဆိုင်ရာ မဂ္ဂဇင်းဂျာနယ်
အယ်ဒီတာများ အား အရက်ကြော်ငြာများ နှင့် ပတ်သက်၍ လာမည့် နှစ်ဆန်းမှ စ၍ ကြော်ငြာ ထည့်သွင်းပေးခြင်းမပြုရန် သိရှိကြောင်း လက်မှတ် ထိုးခိုင်းသည်။
လူကြိုက်များသည့် သတင်းဂျာနယ် တစ်စောင် မှအယ်ဒီတာ တစ်ဦး က “ဂျာနယ်က ဟုတ်
တိပတ်တိ ရောင်းရတာ မဟုတ်ဘူး ကြော်ငြာကို ပဲ အားထားရတာ ကြော်ငြာတောင် အရက်ကြော်ငြာကို ပို အဓိက ထားရတယ် အခု အရက်ကြော်ငြာ ထည့် ခွင့် မပေးတော့
ဂျာနယ် လေးတွေ က ပြုတ်မှာပဲ “ ဟု သုံးသပ်ပြောကြားသည်။
မြန်မာ နိုင်ငံတွင် ဆေးလိပ် ကြော်ငြာများအား ၂၀၀၆ ခုနှစ်မှ စတင်၍ လုံးဝရပ်နားခဲ့ပြီး
ယခု အရက်ကြော်ငြာများအား အများပြည်သူ ကြားကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် လှုံ
ဆော် ဆွဲဆောင်ခြင်းကိုရပ်တန့် လိုက်ခြင်းဖြစ်သည်။
မြန်မာ နိုင်ငံတွင် ပုဂ္ဂလိက အရက်ချက်စက်ရုံ ပေါင်း နှစ်ရာကျော်ရှိပြီး အချို့ အရက်ချက်
စက်ရုံများမှ ပြည်တွင်း တွင် နာမည်ကျော်လူကြိုက်များသည့် အရက်များထုတ်လုပ်သည်။
မကြာသေးခင်က မှထုတ်လုပ် ဖြန့် ချိလိုက်သည့် ၀ီစကီ ကုမ္ပဏီ တစ်ခုမှ မန်နေဂျာ တစ်ဦး
က ”ကြော်ငြာ အားရှိမှ စားသုံးသူက စိတ်ထဲဆွဲတာ မီဒီယာ အနေနဲ့ ကြော်ငြာလို့ မရဘူး
ဆိုတော့ စားသောက်ဆိုင် တို့ ညကလပ် တို့ မှာ မော် ဒယ်တွေ နဲ့ ပြောင်း ကြော်ငြာရမှာ
ပေါ့ “ဟု ပြောသည်။
