၂၃ နိုဝင်ဘာ ရန်ကုန် ၊ ၊စပယ်ထွန်း
No Hope For Myanmar Actress

၂၀၀၈ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများပေးအပ် ချီးမြှင့်ရန် ဇာတ်ကား ၁၂ ကားသာရှိကြောင်း နှင့် ဆုချီးမြှင့်ပွဲတွင် ပါဝင်မည့် ဇာတ်ကား အများစု မှာ ဟာသ ဇာတ်ကား အများစုသာဖြစ်ကြောင်းယနေ့ထုတ်ဝီကလီအီလ်(လ)ဗင်းဂျာနယ်တွင်ဖော်ပြထားသည်။ထိုဇတ်ကား
များတွင် အမျိုးသမီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားသော် လည်း မည်သည့် အမျိုးသမီးသရုပ်ဆောင်မှ ဆုရရှိရန် မျှော်လင့် မထားကြောင်း သိရသည်။
၂၀၀၈ ခုနှစ်က လူကြိုက်များခဲ့သည့် ဟော့ရှော့ အမည်ရှိ ဇာတ်ကားသည် လည်း ရွေးချယ်စရာဇာတ်ကား၁၂ ကားတွင် ပါဝင်ခဲ့သည်။အမျိုးသမီး ဒါရိုက်တာတစ်ဦး ဖြစ် သူ ဒါရိုက်တာ အိအိခိုင်ရိုက်ကူးသည့် ငယ်သူမို့ မသိပါ ဇာတ်ကားသည် လည်း ဆုရွေးချယ်မည့် ဇာတ်ကားစာရင် တွင် ပါဝင်သော် လည်း ကျင်းပပြီးစီးခဲ့သည့် အကယ်ဒမီဆုပေးပွဲမှ စ၍ အမျိုးသမီး အနုပညာရှင် များကို တမင်ချန်လှပ်ထားခဲမှုကြောင့် ဆုရမည် ဟု မျှော်လင့် ထား၍ မဖြစ်နိုင်ကြောင်း အမျိုးသမီးသရုပ်ဆောင် တစ်ဦးက Freedom News Group သို့ ပြောသည်။
၂၀၀၈ ခုနှစအတွက်ပေးအပ်မည့်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို မည်သည့်နေ့ ရက်တွင်
ကျင်းပမည် ဟု ထုတ်ဖော်ပြောကြားခြင်းမရှိသေးချေ။
ရုပ်ရှင်နယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည့် နာမည်ကျော် သရုပ်ဆောင်
မို့ မို့ မြင့်အောင်အပါ အ၀င် အမျိုးသမီးသရုပ်ဆောင် များ ၏ ဇတ်ကားများလည်း ယခုနှစ်
ဆုရွေးချယ်မည့် ဇာတ်ကား ၁၂ ကား စာရင်းတွင် ပါဝင်သော် လည်း မည်သည့် အမျိုးသမီး
သရုပ်ဆောင်မှ ဆုအတွက် မျှော် လင့်ထားခြင်း မရှိ ဟု သိရသည်။
ထင်ရှားသော အမျိုးသမီး သရုပ်ဆောင် တစ်ဦးကမူ “အမျိုးသမီးတွေ အစွမ်းအစ အတွက်
ဂုဏ်ပြုရမယ် ဆိုတာ သူတို့ အတွက် သိက္ခာကျ သလို ဖြစ်နေထင်တယ်“ ဟု မှတ်ချက်ပြူပြောကြားသည်။

