၂၄ နိုဝင်ဘာ ဘန်ကောက် ၊ ၊Freedom News Group
Former Thai PM Samak Dies at 74

အသက် ၇၄ နှစ် အရွယ်ရှိ ထိုင်းနိုင်ငံ၏ ၂၅ ဦးမြောက် ၀န်ကြီးချုပ်ဟောင်း ဆမတ် ဆုန်ထရာဝေ့ သည် ယမန်နေ့ က ဘန်ကောက် မြို့ ရှိဘူရွမ်ဂရက်ဆေးရုံကြီးတွင် အသည်းကင်ဆာ ရောဂါ ဖြင့် ကွယ်လွန် သွားပြီ ဖြစ်ကြောင်း နေရှင်း သတင်းစာ၏ အင်တာနက် စာမျက်နှာတွင်ဖော်ပြထားသည်။၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံတွင် စစ်တပ်မှ

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပထမဦးဆုံး ၀န်ကြီးချုပ် အဖြစ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ တွင် ရွေးချယ်ခံရသည့် ၀န်ကြီးချုပ် စမတ် သည် အ၀ါရောင် ရှပ် အင်္ကျီဝတ် PAD အဖွဲ့ ၏အုံ
ကြွမှုများကြောင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။
၁၉၃၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ မွေးဖွားခဲ့
သည့် စမတ်သည် ၁၉၈၆ ခုနှစ်တွင်အတိုက်အခံနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ဒီမိုကရက် ပါတီသို့ ဝင်ရောက်ခဲ့သည်။
၂၀၀၆ ခုနှစ် တွင် ရာထူးမှ ဖြုတ်ချခံရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ထိုင်းရတ်ထိုင်း ပါတီ ကို ဖျက်သိမ်းပြီးနောက် အမည်ပြောင်း
၍ နိုင်ငံရေးလောက ထဲသို့ တစ်ကျော့ပြန် ၀င်လာသည့် People Power Party ကိုသူက ဦးဆောင်၍ ရွေးကောက်ပွဲဝင်ခဲ့သည်။
၂၀၀၇ ခုနှစ် ရွေးကောက်ပွဲ တွင် မဲလိမ်မှုများ ၊မသမာ မှုများဖြင့် အနိုင်ရရှိခဲ့သည် ဟု အတိုက်အခံတို့ က စွပ်ဆွဲခဲ့သော လည်း ထိုင်းဝန်ကြီး
ချုပ်ဟောင်း သက်ဆင် ၏ ငွေကြေး ထောက်ပံ့ မှုကြောင့် အနိုင်ရရှိခဲ့ခြင်းသာ
ဖြစ်ကြောင်း ပြည်သူများက ယုံကြည်ခဲ့သည်။
ဝန်ကြီးချူပ် ရာထူးတွင် ဇန်န၀ါရီ ၂၉ ၂၀၀၈ ခုနှစ်မှ စက်တင်ဘာ ၉ ၂၀၀၈ ခုနှစ် သာ တာဝန်ယူခဲ့ရပြီး ၀န်ကြီးချုပ်ဟောင်း သက်ဆင် နှင့် ယောက်ဖ တော်စပ်သူ ဆွန်ချိုင်း ဝေါင် ဆ၀တ် ကို အာဏာလွှဲပြောင်းပေးခဲ့သည်။
အာဏာလက်မဲ့ ဖြစ်သွားပြီးနောက် အသည်းကင်ဆာရောဂါ ကို အမေရိကန် နှင့် အင်္ဂလန် ဆေးရုံများတွင် သွားရောက် ကုသခဲ့သည်။
ဝန်ကြီးဟောင်း စမတ် ကွယ်လွန်ခြင်းသည် ထိုင်းနိုင်ငံရေး လောကအတွက် အကြီး အကျယ်ဆုံးရှုးံမှု ဖြစ်ကြောင်း ယခင် နိုင်ငံခြားရေး ၀န်ကြီးဟောင်း နိုပါ
ဒွန် ပထမ က နေရှင်း သတင်းဌာန သို့ ပြောသည်။
ထိုင်း ၀န်ကြီးချုပ် ကွယ်လွန်ကြောင်း သတင်းထွက်ပေါ်ပြီး တစ်နာရီခန့် အကြာ တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် မြို့ တွင်ညသက်ဆင် လိုလားသည့် ရှပ် အင်္ကျီ အနီ ၀တ်များက လမ်းမပေါ် ထွက်၍ လှုပ်ရှား
မှုများ ရှိ လာသဖြင့် ထိုင်း ရဲချုပ် ပရာထင် ဆန်နီ ပရာဘို က နိုင်ငံတ၀ှမ်းရှိ
ရဲတပ်ဖွဲ့ ဝင်များကို အသင့် အနေအထားရှိ ကြရန် အကြောင်းကြားထား
သည် ဟု သိရသည်။
ကာတာ နိုင်ငံသို့ အလည် အပတ်ခရီး ထွက်နေသည့် လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖြစ်သူ အဘီဆစ်က ဆမတ်သည် ထိုင်းနိုင်ငံ၏ အရေးကြီး
သော နိုင်ငံရေးသမားကောင်း တစ်ဦး ဖြစ်ပြီး သူငယ်စဉ် ကတည်းက ဆမတ်၏ နိုင်ငံရေး လှုပ်ရှားမှု များကို လေ့လာခဲ့ရသည် ဟု ဆိုသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း တွင် မှု သက်ဆင်လိုလာသည့် အနီဝတ် ခေါင်းဆောင်
အချို့ ကို တရားရုံးက ဖမ်းဝရမ်း ယနေ့ ညနေ တွင် ထုတ်ပြန်ခဲ့သည်။
ကွယ်လွန်သွားသည့် ထိုင်း ၀န်ကြီးချုပ်ဟောင်းသည် မြန်မာ နိုင်ငံသို့ အလည်အပတ်ရောက် ရှိခဲ့ပြီး နာဂစ် ဒုက္ခသည် မြန်မာ ပြည်သူများ နှင့် နွေး
ထွေးရင်း နှီးစွာဆက်ဆံခဲ့သည့်  ပြည်ပနိုင်ငံမှတစ်ဦးတည်းသော အစိုးရအဖွဲ့ အကြီးအကဲ တစ်ဦး ဖြစ်သည်။
