၂၄ နိုဝင်ဘာ ကာလီဖိုးနီးယား၊ ၊FNG
Adam Lambert Controversial AMA Award Prformances
ဒါရိုက်တာ ရိုလန် အီမာရစ်ခ်ျ ရိုက်ကူးတင်ဆက်သည့် ၂၀၁၂ အမည်ရှိ ကမ္ဘာပျက်သည့်
ကပ်ဘေးကြီး အကြောင်းကို ရိုက်ကူးတင်ဆက်ထားသည့် ရုပ်ရှင်ဇာတ်ကားအပြီး နောက်
ဆုံးစာတန်း ထိုးချိန်တွင် ဖွင့်လှစ်ခဲ့သည့် Time Of Miracles အမည်ရှိသီချင်းကို သီဆိုခဲ့သည့် အမေရိကန် Pop Rock အဆိုတော် Adam Lambert ၏ ပွဲဦးထွက် အယ်(လ)ဘမ်မှာ အလွန်ရောင်းအား ကောင်းကြောင်း လောစ်ဇင်းဂျလိစ် ရှိ ဓာတ်ပြား
ဆိုင်များမှ စုံစမ်းသိရှိရသည်။
အသက် ၂၇ နှစ်အရွယ်သာ ရှိသေးသည့် အဒမ် လန်းဘတ် ၏ For Yor Entertainment အမည်ရှိ ပွဲဦးထွက် အယ်(လ)ဘမ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့ က အမေရိကန် နှင့် ဂျပန် နိုင်ငံ တွင် စတင် ဖြန့် ချီခဲ့သည်။
ထိုအယ်(လ)ဘမ်တွင် သီချင်း ၁၄ ပုဒ်ပါရှိပြီး Alternative ,Punk နှင့် Electro Pop သီချင်းများ ဖြစ်သည်။ထိုအယ်(လ)ဘမ်ထဲမှ For Your Entertainment ,Times Of
Miracles နှင့် Pick U Up သီချင်းများကို လူကြိုက်များသည်။
အက်ဒမ် လန်းဘတ် သည် American Music Award ဆုပေးပွဲတွင် ဖျော်ဖြေခဲ့စဉ် အတွင်း၎င်း ၏ ညစ်ညမ်းသော တင်ဆက်မှု တစ်ခုကြောင့်ဝေဖန်ခံခဲ့ရသည်။
