ရန်ကုန်မြို့ ၏ အမှောင်ဖုံးည များကို ရဲရွာကြောင့် လွန်မြောက်နိုင်မည် မဟုတ်

၂၉ နိုဝင်ဘာ ရန်ကုန် ၊                          ၊ဟိန်းခိုင်ထွန်း

ရန်ကုန်မြို့ အမေရိကန် သံရုံးတွင် ခရစ္စမတ်ပွဲတော်အတွက် လျှပ်စစ်မီးများဖြင့် အလှဆင်ထားသည်ကိုတွေ့ ရစဉ်

မန္တလေး မြို့ ၏ အရှေ့တောင်ဘက် မြစ်ငယ်မြစ် ပေါ်တွင် တည်ဆောက် ထားသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ရဲရွာရေအားလျှပ်စစ် စီမံကိန်း မှ စတင်၍ ဓာတ်အားပေးလွှတ်မည်ဆိုသော် လည်း ရန်ကုန် နှင့် အခြားမြို့ ရွာများနေ ပြည်သူတို့ အတွက် မဟုတ်ပဲနေပြည်တော်ရှိအရေးကြီးရုံးဌာနနှင့်အဆောက်အဦများအတွက်သာဖြစ်ကြောင်းသိရသည်။

 

ဒီဇင်ဘာလတွင် ပထမ ဦးဆုံးစက် တစ်လုံးကို စတင်လည် ပတ်တော့မည် ဖြစ်ကြောင်းမြန်မာ့ လျှပ်စစ်ဓာတ်အားဦးစီးဌာန က မြစ်ငယ်မြစ် အနီးအပါးရှိ ကျေးရွာများကိုအကြောင်းကြားထားသည်။

 

နေပြည်တော်ရှိ မြန်မာ့လျှပ် စစ်ဓာတ်အားလုပ်ငန်းမှ တာဝန်ရှိ သူ တစ်ဦးကမူ “နေပြည်တော်မှာ ရှော့ပင်းစင်တာတွေ ၊ရုပ်ရှင်ရုံတွေ၊ ဟိုတယ်တွေ ဆောက်ထားတာ လျှပ်စစ်ဓာတ်အား မလုံလောက်ဘူး ၊အခု စက်တစ်လုံးနဲ့ တော့ ရန်ကုန် ကိုခွဲပေးလို့ မဖြစ်နိုင်သေးဘူး ”ဟုပြောသည်။

 

စုစုပေါင်းလျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်နိုင်သည့် ရဲရွာရေ အားလျှပ်စစ်သည်၂၀၁၀ ခုနှစ်တွင် စက်လုံးရေ အပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။

 

တစ်နေ့ လျှင် ပုံမှန် မီးလာချိန် လေးနာရီ ခန့် ဖြင့် ရှင်သန်နေရသည့် ရန်ကုန် မြို့ သားတို့ သည် ရဲရွာရေအားလျှပ် စစ်ကြောင့် မီးပုံမှန် လာနိုင်တော့မည် ဟု မျှော်လင့်ကြသည်။

ရန်ကုန် မြို့ ကြက်တန်းရှိ မီးစက် ရောင်းသူ တစ်ဦးက “ရဲရွာက လျှပ်စစ်ဓာတ်အားစလည်ပတ်မယ်ဆိုတော့ မီးစက်တွေ ဈေးကျသွားတယ်လေ ၊နောက် ရန်ကုန် အတွက်
ပေးမှာ မဟုတ် ဘူးဆိုတော့ ဈေးက ပုံမှန် အတိုင်းပဲ “ဟုပြောသည်။

 

ဆယ်တန်းစာမေးပွဲ အမှီ မီးပေး နိုင်ရန် အတွက် ရဲရွာရေအားလျှပ် စစ် ၏ ပထမဦးဆုံးတာဘိုင် ကို စတင် လည်ပတ် ခြင်း ဖြစ်သည် ဟု လျှပ်စစ် ၀န်ထမ်းတစ်ဦးက ပြောသည်။

ထွက်ရှိမည့် လျှပ်စစ်ဓာတ် အားများကို ၂၃၀ ကေဗီ ဓာတ်အားလိုင်းများမှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အစိုးရ အာဘော် သတင်းစာများတွင် မူ ထွက်ရှိမည့် လျှပ်စစ်ဓာတ် အားများကို ၂၃၀ ကေဗီ ဓာတ်အားလိုင်းများမှ တစ်ဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။