ရွေးကောက်ပွဲ ဥပဒေ ကို ထုတ်ပြန်တော့မည်

၃၀ နိုဝင်ဘာ ရန်ကုန် ၊                          ၊Freedom News Group

Myanmar Will Release Election Law

၂၀၁၀ ခုနှစ် တွင် စစ်အုပ်စုကကြီးမှုးပြီး မြန်မာ နိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြဌာန်းချက်များပါ ၀င်သည့် ရွေးကောက်ပွဲ ဥပဒေကို ယခု ဒီဇင်ဘာလဆန်း တွင် ထုတ်ပြန် တော့ မည် ဟုသတင်းရရှိသည်။

ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသော နိုင်ငံရေးပါတီ အဖွဲ့ များက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် ရန် အချိန် အတော်ကြာကတည်းက မျှော်လင့်နေကြသော် လည်း စစ်အုပ်စု မှ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန် ခြင်း မပြုသေးသော ကြောင့် ၎င်းတို့ အနေ ဖြင့် စည်းရုံးလှုပ်ရှားခွင့် နှင့် ရံပုံငွေရှာ ခွင့်များမရ သေးဟု ဆိုသည်။

စစ်အစိုးရ မှ ထုတ်ပြန်မည့် ရွေးကောက်ပွဲ ဥပဒေ တွင် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် နှင့်ပတ်သက်သည့် သတင်းထုန် ပြန်မှု များ တစ်ပါတည်း ပါဝင်နိုင်မည် ဟု မျှော်လင့်၍ မဖြစ်နိုင်သေး ဟုတတိယ အင်အားစုဝင် တစ်ဦးက ပြောသည်။

ကြံ့ဖွံ့ ၊ တစည စသည့် စစ်အစိုးရ လိုလားသည့် နိုင်ငံရေးပါတီများ နှင့် အဖွဲ့ အစည်း များက ရွေးကောက်ပွဲ အတွက် စည်းရုံးလှုံဆော် ခွင့်နှင့် အခြားအခွင့် အရေးများ ရရှိနေပြီ ဖြစ်သော် လည်းအချို့ မှာမူ တရားဝင် ပါတီဖွဲ့ စည်းခွင့်ပင် မရရှိ သေးဟု သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ က ရန်ကုန် တွင် ကျင်းပသည့် ကြံ့ဖွံ ညီလာခံတွင် စစ်အုပ်စု
ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲ ကို မကြာခင်ကျင်းပပေး
တော့မည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြားသွားသည်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် ဒီမိုကရက်တစ်ပါ တီမှ ဦးသုဝေ က ရွေးကောက်ပွဲ ဥပဒေ
အချိန် မှီထုတ် ပြန်ပေးပါရန် နိုဝင်ဘာလ ဆန်းက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ထံ စာရေး
တောင်းဆို ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေ အချိန် မှီ ထုတ် ပြန်ခြင်း မရှိသေးသည် နှင့် ပတ်သက်၍ သဘောထား အနည်းငယ် တင်းမာ သော တတိယအင် အားစု အဖွဲ့ ဝင် တစ်ဦးက “ကျွန်တော်တို့ ကို အချိန် မှီ ပြင်ဆင် ခွင့်ဘာမှ ပေးမထားဘူး ၊ အချိန်ကို သူ တို့ ဘက် ကိုပဲ ရအောင် ယူထားတယ် ဒါကို ကြည့် ရင် လွတ်လပ် ပြီးတရားမျှတတဲ့ ရွေးကောက်
ပွဲ လို့ ဘယ်လို ခေါ် နိုင်မလဲ “ ဟု သုံးသပ် ပြောကြားသည်