အမေရိကန်(၉)မြို့ ပြန် နိုင်ဇော် (Lazy Club) ၏ လျင်မြန်ရွေ့လျားဂီတာတီးနည်းစနစ်များ ခွေထွက်ရှိ

၂ နိုဝင်ဘာ ရန်ကုန်၊                            ၊လျှပ်တစ်ပြက် သတင်း
အမေရိကန်ရှိ မြို့ကြီး(၉)မြို့မှာ သွားရောက်တီးခတ် ဖျော်ဖြေပြီး ပြန်လည် ရောက်ရှိလာခဲ့သည့် နိုင်ဇော်(ူဖေပ ဃူကဘ) ၏ လျင်မြန်ရွေ့လျား ဂီတာတီးနည်း စနစ်များခွေကို (၁၆၊၁၁၊၂ဝဝ၉) ရက်က ထွဋ်ခေါင် တေးသံသွင်းက ဖြန့်ချိလိုက်ပြီဖြစ်သည်။ နိုင်ဇော်(Lazy Club) က”ဂစ်တာ Lesson ကို လူတော်တော်များများ လက်ရှောင်နေကြသည့် အချိန်တွင် စထုတ်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သည်ခွေက ဂစ်တာနည်းနည်း တီးတတ်ပြီး မြန်မြန်ဆန်ဆန် တီးမရဖြစ်နေသည့် ဂစ်တာဝါသနာရှင်များ လိုအပ်နေသည့် လျင်မြန်စွာတီးဖို့ နည်းစနစ်များကို အလွယ်ကူဆုံးနှင့် အရှင်းလင်းဆုံး ရဲရဲတင်းတင်း တီးပြနိုင်ဖို့ ပြသပေးထားကြောင်း၊ အနယ်နယ် အရပ်ရပ်က ဂစ်တာသမား လူငယ်လေးများ၏ ဆန္ဒလည်း ဖြည့်ဆည်းပေးရင်း ဂစ်တာသင်တန်း မဖွင့်ဘူးလားဟု တစ်မေးတည်း မေးနေကြသည့် လူငယ်များလည်း ကျေနပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ပညာရပ်တစ်ခုကိုတစ်နာရီတည်းနှင့်သင်ပေးဖို့ မလွယ်ကူပေမယ့် မိမိ၏စေတနာကြောင့် တစ်နာရီသင်ခန်းစာလေးကဂစ်တာနည်း စနစ် လေ့လာသူလူငယ်များ၏အချိန်ကို တစ်နှစ်၊ နှစ်နှစ်ကတော့ ပိုပြီးမြန်ဆန်တတ်မြောက်မှာသေချာကြောင်း၊ ဂစ်တာမတီးတတ်ဘဲ တီဗီဖွင့်ပြီးထိုင်ကြည့်ချင်သူ သာမန်လူတွေလည်း ဂစ်တာတီးတာ ဘယ်လိုလဲဆိုသည်ကို ရင်းနှီးခွင့်ရမည်ဟု မျှော်လင့်ကြောင်း၊ ဝေဖန်သူဆိုတာ ရှိစမြဲမို့ မိမိ၏သင်ခန်းစာဟာ လိုအပ်မှုတွေရှိမည်ဆိုလျှင်လည်း ခွင့်လွှတ်ပြီး နောက်ထပ် ကောင်းမွန်ပြည့်စုံသည့် ဂစ်တာသင်ခန်းစာအခွေလေးတွေကို တခြားဂစ်တာ ပညာရှင်တွေအနေနှင့် မြ>ွခင်းမချန်သင်ပေးလာကြသည့်ခေတ်ရောက်ခဲ့လျှင် မိမိတို့နိုင်ငံ၏ဂစ်တာဝါသနာရှင်လေးများ ကိုယ်လိုချင်သည့် ဂစ်တာစာအုပ်၊ ဂစ်တာဗီစီဒီလေ့ကျင့်ခန်းများဝယ်သိမ်းနိုင်ကြပြီး အနာဂတ်၏ဂစ်တာသူရဲကောင်းများ အများကြီးထွက်ပေါ်လာစေကြောင်းကို ဆုတောင်းပါကြောင်း” လျှပ်တစ်ပြက်သို့ ပြောကြားခဲ့သည်။ အဆိုပါစာအုပ်ကို Vol:2 အဖြစ် အမြန်ထွက်ရှိဦးမည်ဖြစ်ကြောင်းလည်းသိရသည်။ KZ