နိုင်ငံကျော် အလှဖန်တီးရှင်များ ပါဝင်သော ကွန်ဒုံး ဖက်ရှင် မောင် မယ်ရွေးချယ်ပွဲကိုမျှော်စင်ကျွန်း၌ ကျင်းပမည်

၂  ဒီဇင်ဘာ ရန်ကုန် ၊                         ၊ယူကွန်

Gay Condom Contest Held In Yangon

မျှော်စင်ကျွန်း၌ကျင်းပမည့် Condom Beauty Contest ဓာတ်ပုံ-အေပီ

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန် မြို့ ကရ၀ိတ် မျှော်စင်ကျွန်း
တွင် ကွန်ဒုံး အလှဆင်ယင် မှု ပြိုင်ပွဲ နှင့် ဖက်ရှင် မောင်မယ် ရွေးချယ်ပွဲများ
ကို ကျင်းပသွားမည် ဟု နာမည်ကျော် အလှဖန်တီးရှင် တစ်ဦးက Freedom
News Group သို့ ပြောသည်။

ထိုပြိုင်ပွဲကို ဒီဇင်ဘာလ ၄ ရက်နေ ညနေ့ တွင်ကျင်းပမည် ဖြစ်ပြီး နိုင်ငံကျော်အလှဖန်တီးရှင်များ လည်း ပါဝင်မည်ဖြစ်ကာ ရုပ်ရှင်သရုပ်ဆောင်များ နှင့် အနုပညာရှင်များက အကဲဖြတ်ဒိုင်များ အဖြစ်ပါဝင် ဆောင်ရွက်ကြမည် ဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသမီး(Miss ) သို့ မဟုတ် အမျိုးသားချင်းလိင်ဆက်ဆံ သူများ
(MSM )Men who sex with men များသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့ က ရန်ကုန် မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသည့် Miss Red Ribbon အမည်ရှိ ပွဲမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးလိင်တူချစ်သူများ ပါဝင်ဆင်နွှဲခွင့်ရသည့် ပွဲဖြစ်ပြီး ယခုပွဲမှာ ဒုတိယ မြောက် အကြိမ် လိင်တူချစ်သူများ နှင့် အတူ အမျိုးသမီးများ ပါ ပါဝင်

စုစည်းမှု ဖြစ်သည်။

ထိုပြိုင်ပွဲကို ကျင်းပရန်အတွက် နိုဝင်ဘာလ ၂၉ ရက်နေ့ မှသာ ပြည်သူများကို
ကျယ်ကျယ်ပြန့် ပြန့် အသိပေးရသော် လည်း ပြိုင်ပွဲရန် လျှောက်လွှာတင်ထားသည် MSM များမှာ ယနေ့ ထိ ၆၀ ကျော်ရှိသွားပြီ ဟု
ပွဲစီစဉ်သူ တစ်ဦးက ပြောသည်။

ဆီဒိုးနား ဟိုတယ်တွင် ကျင်းပခဲ့သည့် Miis Red Ribbon ပြိုင်ပွဲတွင်မူ လက်မှတ် ရောင်းဈေးမှာ မူလဈေးနှုန်း ထက် အဆမတန် မြှင့်၍ ပြန်လည်ရောင်းချမှု များရှိသော် လည်း ၀ယ်ယူအားပေးသူများရှိခဲ့သည်။

မြန်မာ နိုင်ငံတွင် HIV / AIDS နှင့်နေသူများ အားစောင့်ရှောက်ရေး အတွက် ရည်ရွယ်၍ ရံပုံငွေ ရှာဖွေပွဲ ကို ယခုနာဂစ်ဒုက္ခသည် များအား ကူညီမှုကြောင့်
ထောင်ဒဏ်ကျခံနေရသည့် ကိုဇော်သက်ထွေး ၊ကိုဇာဂနာ ၊ကဗျာဆရာ ကိုစောဝေ နှင့် ကိုအောင်ဝေးတို့ ဦးဆောင်ပြီး အဖြူရောင်သက်တံ့ ဟူသည့်နာ မည် ဖြင့် ဆော်သြလှုပ်ရှားခဲ့ဖူးသည်။

ယမန်နေ့ က ကျရောက်သည့် ကမ္ဘာ့ HIV / AIDS နေ့ တွင် မြန်မာနိုင်ငံ၌ ထိုရောဂါ ပပျောက်ရေး အတွက် ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများ နှင့် ပူးတွဲလုပ်ဆောင်နေ ပါသည် ဟု မြန်မာ စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချူပ် ရုံး၌ လည်း ခုခံအားကျဆင်းမှုရောဂါ နေ့ အထိမ်းအမှတ် အခမ်းအနားများကို ပြုလုပ်ခဲ့သည်။