ဆယ်တန်းစာမေးပွဲများအား မတ်လ ၁၀ ရက်နေ့ တွင်စတင် ဖြေဆိုရမည်

၃ ဒီဇင်ဘာ ရန်ကုန်၊                         ၊ယူကွန်

ဆယ်တန်းစာမေးပွဲ ဟုလူသိများသည့် တက္ကသိုလ် ၀င်တန်းအောင် စာမေးပွဲများကို  ၂၀၁၀ ခုနှစ်မတ်လ ၁၀ ရက်နေ့ တွင်စတင်စစ်ဆေးမည် ဟုယနေ့ ထုတ် မြန်မာ့ အလင်းသတင်း
စာတွင် သတင်းစာတွင် ဖေါ်ပြထားသည်။

တက္ကသိုလ် ၀င်တန်းအောင်စာမေးပွဲကို မတ်လ ၁၀ ရက်နေ့ မှ ၁၉ ရက်နေ့ ထိ စစ်ဆေးသွားမည် ဖြစ်သည်။

၂၀၀၈-၀၉ ပညာသင်နှစ်တွင် နိုင်ငံတ၀ှမ်း ကျောင်းသား ငါးသောင်းကျော် ဆယ်တန်း စာမေးပွဲ ၀င်ရောက် ဖြေဆိုကြသည် ဟု သိရသည်။