၎ ဒီဇင်ဘာ ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
ပြည်တွင်းပြည်ပ မီဒီယာများတွင် ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ရသည့် ကိုးတန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည် သေဆုံးရမှုသတင်းသည် ပြည်တွင်းထုတ်ဂျာနယ်
များကို ရောင်းအားအလွန် မြင့်တက်သွားစေသည် ဟု သိရသည်။
ဘာလေးဘာ ဟု စာပေသမားများ ခေါ်သည့် စက်တင်ဘာလ မှ ဒီဇင်ဘာလ အတွင်းဂျာနယ် အပါအ၀င် မဂ္ဂဇင်း၊စာအုပ်များ အရောင်း ထိုင်းနေ သော် လည်း ရွှေဂုံတိုင် အထူးကုဆေးခန်း SSC တွင် သေဆုံးခဲ့ရသည့် မခိုင်ရွှန်းလဲ့ရည် သတင်းကြောင့် ရောင်းအားလေးဆ
ခန့် မြင့်တက်သွားသည်။
ထိုသတင်းကို ဦးစွာဖော်ပြသည့် Health Digest ဂျာနယ်အပါအ၀င် လျှပ်တစ်ပြက်ဂျာနယ်
နှင့် ၀ီကလီ အီလဲဗင်း ဂျာနယ်တို့ မှာ စောင့်ရေမြင့်တက်သွားသည် ဟု သိရသည်။
ရန်ကုန် မြို့ ၂၉ လမ်းရှိ ဂျာနယ် ဖြန့် ချိသူ တစ်ဦးက” အရင်အပတ်တွေက လျှပ်တစ်ပြက်
ကို လေးဆယ် လောက်ပဲ ယူတာ ဒီသီတင်းပါတော့ ပြတ်သွားတယ် ထပ်မှာတော့ နှစ်ရာ
ပဲရတယ်။ဒါလဲ ပြိုက်ကနဲ ကုန်တာပဲ “ ဟုပြောသည်။
အပတ်စဉ်ထုတ်ဂျာနယ်များကို ဖတ်ရှုသူ တစ်ဦးကမူ “ ဒီနေ့ ဆရာဝန်ကြီးကို အမိန့် ချလိုက်ပြီလို့ အော်ရောင်းနေတာ တွေ့ တယ် ၀ယ်နေကြသူတွေ အများကြီးပဲ “ဟု
ပြောသည်။
ဆေးတက္ကသိုလ် အပိုင်း နှစ် ကျောင်းသား တစ်ဦးကမူ “မြန်မာနိုင်ငံမှာ ဒီလိုမျိုးအဖြစ်အပျက်တွေ နဲ့ ကြုံရတာ မခိုင်ရွှန်းလဲ့ရည် တစ်ယောက်တည်း မဟုတ်ပါဘူး
ဓားစားခံ ဖြစ်ရတဲ့ လူတွေ ဆေးပညာနယ်မှာ နဲ့  တရားရေး နယ်ပယ်မှာ ဆို အများကြီးပါဘဲ အခုလို မျိုး မီဒီယာကို ထုတ်ဖော်ပြောဆိုတာ ကောင်းတာပေါ့ ဆရာဝန် တစ်ယောက်တည်း အပြစ်ရှိတာ မဟုတ်ပါဘူး ၊ဆေးရုံ နဲ့ လည်း သက်ဆိုင်ပါတယ် အဓိကတရား ခံက တော့ အစိုးရက ပြည်သူ ကို ကျန်းမာရေးစောင့်ရှောက်မှုမလုပ်ပေးနိုင်
လို့ ပါ ဟုပြောသည်။
နာမည်ကျော် ဟာသ စာရေးဆရာ တစ်ဦးကမူ “တစ်ချို့ ဂျာနယ် တွေ က ရောင်းကောင်း
အောင် ဇာတ်နာပြနေတာတွေ လည်းပါတယ် ဘာတဲ့ “သမီးလေးရေးအမျှမျှ တဲ့ “လိုအပ်တာထက် ပိုရေးတာတွေ လည်းရှိပါတယ်။ မဖြစ်သင့်ဘူး ဟု သုံးသပ် ပြောကြားသည်။
ရန်ကုန်တက္ကသိုလ် မှ အငြိမ်းစာဆရာ တစ်ဦး ဖြစ်ပြီး စာရေးဆရာ အဖြစ် အသက်မွေးဝမ်း
ကျောင်း နေသူ တစ်ဦးကမူ “ ဒီကိစ္စမှာ Subject ရော Object ရော Innocent တွေကြီးဘဲ
တကယ်ရေးသင့်တာ အစိုးရ က Care မလုပ်တဲ့ အပိုင်းတွေ ကိုပဲ ၊နောက်ဆုံးကျမှ ဆွမ်းကြီးဝင်လောင်းတာ မျိုးကြတော့ မဖြစ်သင့်ဘူး ”ဟုပြောသည်။
မခိုင်ရွှန်းလဲ့ရည် သတင်းကြောင့် ယခင်က ဈေးကွက်တွင် စောင်ရေ တစ်ထောင်ဝန်း
ကျင်ခန့် သာရှိသည့် ဂျာနယ်အချို့ မှာလည်း သိသိသာသာ စောင်ရေမြင့်တက်သွားသည်
ဟုသိရသည်။
အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင်ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ် အထူးကုဆရာဝန်ကြီးက အူအတက်ရောင် ရောဂါဖြစ်နေသည်ဟုပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Increased role of media is a symbol of democratic community anyway.
yeah, becareful. this is not just one incident. may be a million more. what can you expect from the country like this. everything thing is ruined. no ethics, no honesty and integrity.
the government is the first to claim for. the second is common sense of people. providing buddhism country people are lacking knowledge and not practising it anymore.
my own experience in grand railway hotel. last year, i visited the private dentist on the ground floor of that hotel. there are two dentists. a male and female. female is on evening. she said to me after checking my tooth, i needed to do 6 or 7 fillings which each costs 30000 kyats. i did 3 due to not having enough money. then i went home.
the next morning i came back and met the male dentist who i found out was a real gentleman. he said to me you do not need to have any fillings for those ones.
so she really is a b**** and no ethics at all. she could charge me 100000 a teeth but not making a hole on every of my tooth. that’s rubbish.
for those who have read this pls dont go to that lady. you can go to the male dentist he is very trustable.
all in all very sad and dissappointment.