၎ ဒီဇင်ဘာ ဘန်ကောက်၊ ၊Freedom News Group
2010 World Cup Draw
တောင်အာဖရိက နိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် တရားဝင်သတ်မှတ်ထားသော ဘောလုံးနှင့် အုပ်စုပွဲစဉ် စာရင်းကို ယနေ့ထုတ်ပြန်လိုက်သည်ဟုသတင်းရရှိသည်။၂၀၁၀ ကမ္ဘာ့ ဖလားအတွက် ကန်မည့် ဘောလုံးကို အမေရိကန်နိုင်ငံရှိ အားကစား ပစ္စည်းများထုတ်လုပ်သည့် Addidas ကုမ္ပဏီမှ ပြုလုပ်ပေးခြင်းဖြစ်သည်။
အုပ်စု ပွဲစဉ်ဇယားထုတ်ပြန်ခြင်းအခမ်းအနားသို့  ဖီဖာ ဥက္ကဌ ဆပ်ဘတ္တလာ၊တောင်အဖရိက သမ္မတ ဂျက်ကော့ ဇူးမား၊ တောင်အဖရိကသူ ဟောလိဝုဒ်မင်းသမီး ချာလိဇ် သီရွန် ၊အင်္ဂလန် ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ဟမ်းတို့ တက်ရောက်ခဲ့ကြသည်။
ဇွန်လ၁၀ရက်နေ့ တွင် စတင်ကျင်းပမည့် ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။ယခုနှစ်တွင် အင်္ဂလန် နှင့် ဘရာဇီး နှင့် ပေါ်တူဂီ အသင်းများမှာ အုပ်စု
ချောင်သည် ဟု အားကစားဝါသနာ ပါသူများက သုံးသပ်ကြသည်။
ယခုနှစ် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲကို တောင်အာဖရိနိုင်ငံ မြို့ ကြီးခြောက် မြို့ တွင်ယှဉ်ပြိုင်က
စားကြမည် ဖြစ်သည်။တောင်အာဖရိက နိုင်ငံသည် ကမ္ဘာ့ ဖလားပွဲတွင် လုံခြုံရေးအတွက် ကန်
ဒေါ်လာ သန်း၁၀၀ နီးပါးအသုံးပြုမည် ဖြစ်သည်။
Group A: South Africa, Mexico, France, Uruguay
Group B: Argentina, Greece, Nigeria, South Korea;
Group C: Algeria, England, Slovenia, United States;
Group D: Australia, Germany, Ghana, Serbia;
Group E: Cameroon, Denmark, Japan, Netherlands;
Group F: Italy, New Zealand, Paraguay, Slovakia;
Group G: Brazil, Ivory Coast, North Korea, Portugal;
Group H: Chile, Honduras, Spain, Switzerland.
၂၀၁၀ ကမ္ဘာ့ဖလားပွဲစဉ်အချိန်ဇယား


