မဲဆောက်ရောက် မြန်မာ ရွေ့ ပြောင်းလုပ်သားများ ထိုင်းဘုရင့်မွေးနေ့ တွင် ပါဝင်ဆင်နွှဲ

၅ ဒီဇင်ဘာ ဘန်ကောက် ၊                            ၊Freedom News Group

Thailand King Birthday

သက်တော် ၈၂ နှစ်ရှိပြီ ဖြစ်သည့် ထိုင်း နိုင်ငံ၏ ဘုရင် တစ်ဦး ဖြစ်သူ ဘူမိဘော အဒူယာဒက် ၏ မွေးနေ့ ပွဲအခမ်းအနားအား ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ဒီဇင်ဘာလ
၁ရက်နေ့ ထိ နိုင်ငံတ၀ှမ်းတွင် ကျင်းပသည် ။

ဒီဇင်ဘာလ ၅ ရက်နေ့ တွင်ကျရောက်မည့် ထိုင်းဘုရင် ၏ မွေးနေ့ အထိမ်းအမှတ် အတွက်
အလုပ်ရှင်များက နှစ်ရက် အားလပ်ခွင့်ပေးရာ ဖန်င ၊မဟာချိုင် ၊ ရနောင်း ၊မဲဆောက်စသည့် ဒေသများမှ ရွှေ ပြောင်း မြန်မာ အလုပ်သမားများ လည်း အားလပ်ခွင့်ရကြသည်။
ကျန်းမာရေး မကောင်း သဖြင့် သြဂုတ်လ ကတည်းက ဆေးရုံတက် ကုသခံနေရသည့်
ထိုင်းဘုရင် သည် ယနေ့  ဘုရင့် တော်ဝင် အစောင့်တပ် ကို စစ်ဆေးမည် ဖြစ်သည်။
ကမ္ဘာ့နန်း သက်အရှည်ဆုံး ဘုရင် တစ်ပါးဖြစ်သည့် ဘူမိဘော အဒူယာဒက်၏ မွေးနေ့ 
အထိမ်းအမှတ် အလုပ်အားလပ် ရက် များ ပေးရ   ရွှေပြောင်း အလုပ်သမားများရှိ
သော မဟာချိုင် တွင် လည်း မြန်မာ အလုပ်သမားများ အားလပ်ခွင့်ရသည်။

မဲဆောက် မြို့ တီကေ ကြီး စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားတစ်
ဦးက “အားလပ်ရက်က တစ်နှစ်လုံးနေမှ ဆယ်ရက်လောက်ပဲ ရတာ ၊ အရင်နှစ်တွေက
ပွဲကို တစ်ခါမှ မရောက်ဖူးဘူး ၊ဒီနှစ်မြန်မာ အဆိုတော် တွေလည်း လာမယ်ဆိုတော့ သွားရမယ် “သူ၏ ခံစားချက် ကို ပြောသည်။

ကျန်းမာရေး မကောင်းသော ထိုင်းဘုရင် အတွက် ပြည်သူများက ယနေ့ မနက်တွင် ဆု
တောင်းမှုပြုလုပ်ကြပြီး ယနေ့ ည ဘန်ကောက်မြို့ တွင် အမေရိကန် ဒေါ်လာ သန်းတစ်ရာ
ကျော် အကုန်ခံထားသည့် မီးအလှဆင်မှု များပြုလုပ်ကာ မီးရှုးမီးပန်း များ ပစ်ဖောက်ကြ
မည် ဖြစ်သည်။