ကမ္ဘာ့ဖလားပွဲစဉ် ဇယား ရန်ကုန်နှင့်နယ်မြို့ များတွင်ရောင်းအားကောင်း

၆ နိုဝင်ဘာ ရန်ကုန် ၊                       ၊ဟိန်းခိုင်ထွန်း

“ဘယ်ဂျာနယ် တွေက ပါတာကိုမှ မိတ္တူကူးပြီး ပြန်ရောင်းတာ မဟုတ်ဘူး လမ်းထဲမှာ အင်တာနက်ကြည့်တဲ့ ချာတိတ်ကလေး ကို မိတ္တူကူးစက်ပိုင်ရှင်က ပွဲစဉ်အချိန် စာရင်း ထွက်ရင် Save ပြီး ဦးဆီကိုယူခဲ့ပါ လို့ ပြောထားတာ အချိန်စာရင်း လဲ ထွက်ရော သူက ပရင့် ထုတ် မိတ္တူ ကူးပြီးရောင်းတာရေကျော်မှာ တင် စောင်ရေ တစ်သောင်း ကျော်တယ် ဂျာနယ်တွေ အကုန် ခံရ တာပေါ့ ”ဟု ဘောလုံးပွဲစဉ် မိတ္တူ ဘက်ဆဲလား ဖြစ်မှု နှင့် ပတ်သက် ၍ ရန်ကုန် မြို့ ရှိ ဘောလုံးဝါသနာအိုးတစ်ဦးက ပြောသည်။

နိုဝင်ဘာ လ ၅ ရက်နေ့ က ဖီဖာ ဘောလုံးအဖွဲ့ ချုပ်မှ ထုတ်ပြန်ခဲ့သည့် ၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ပွဲစဉ် အချိန် စာရင်းအား ရန်ကုန် မြို့ တွင် လာဘ်မြင်သည့် လူငယ်
များက ပရင့်ထုတ် မိတ္တူကူး၍ ရောင်းချရာ မှ ၀ါသနာရှင် အမြောက်အမြားက ၀ယ်ယူ
ကြရာ စနေ တစ်ရက် တည်းတွင် သမိုင်းလမ်းဆုံ၌ စောင်ရေ တစ်သောင်း ကျော်ရောင်းရ
သည် ဟုသိရှိရသည်။

ဖီဖာ ပွဲစဉ် စာရင်းကို မိတ္တူကူးရောင်းချ၍ ၀င်ငွေရှာခဲ့သည့် ဆေးတက္ကသိုလ် ကျောင်းသား
တစ်ဦးက “ကျွန်တော်က တော့ ဒီဇိုင်းလေး ဘာလေး ပြန်လုပ်လိုက်တယ် ။တစ်ချို့ က
တော့ စာသက်စာသက် ပဲ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ရောင်းရတယ် ”ဟု ပြောသည်။

ကမ္ဘာ့ ဖလားဘောလုံးပွဲစဉ် မိတ္တူကူးရောင်းချရ တွင်ကျယ်မှု နှင့် ပတ်သက်၍ ”မြန်မာ ဘောလစ် တစ်ဦးက “လျှင်သူစားစတမ်းပေါ့ ဒီခောတ်မှာ အင်ဖော်မေးရှင်း မြန်တဲ့ကောင်
ကသာတာပဲ ကျွန်တော်တို့ မှာက စီစစ်ရေး နှင့် ပုံနှိပ် စက် အခက်အခဲ တွေရှိတယ်လေ ”ဟု ငြည်းတွားပြောဆို သည်။

ရန်ကင်းမြို့ နယ်ရှိ ဂျာနယ်လက်ပွေ့ ရောင်းသမားတစ်ဦးက “ကျွန်တော်လည်း ဂျာနယ်အရောင်းခဏ ရပ်ပြီး မိတ္တူဆိုင်တွေ ကယူရောင်းရတယ် မိတ္တူသတင်းတွေက
၁၀၀ နဲ့ ရောင်းတယ် ၊ရောင်းရတယ်ဗျ“ဟုပြောသည်။

ယနေ့ ပြည်တွင်း ပုံနှိပ်မီဒီယာ ကို ခြိမ်းခြောက်မှု အများဆုံးမှာ မိတ္တူသတင်းများ ဖြစ်ကြောင်း ရန်ကုန်ရှိ စာအုပ်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

နာမည်ကျော် မိတ္တူသတင်းများ

ဒွေးနာရေးသတင်း (၂၀၀၇)

ဒေါ်အောင်ဆန်းစုကြည် နှင့် ကတ်ကမ်ဘဲ တွေ့ ဆုံမှုသတင်း (၂၀၀၉)

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု သတင်း (၂၀၀၉)