တရားဝင်ခွင့်ပြုတော့မည့် ပုဂ္ဂလိက ဆေးရုံများ နှင့် ဆေးကုသရေးနယ်ပယ်မှ သတင်းများ

ရ နိုဝင်ဘာ ရန်ကုန် ၊                          ၊စပယ်ထွန်း

Myanmar Private Hospital Official In Next Year

မကြာခင်အထူးကုဆေးရုံအဖြစ်ပြောင်းလဲတော့ မည့် အာရှတော်ဝင်အထူးကုဆေးခန်း

၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေးဥပဒေ အရ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းများ တရားဝင် လုပ်ကိုင်ဖွင့်လှစ်ခွင့်ရရှိမည် ဖြစ်ရာ ပုဂ္ဂလိက ဆေးရုံဆေးခန်း ဖွင့်လှစ်လုပ်ကိုင် လိုသူများသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ကျန်းမာရေး ၀န်ကြီးဌာန တွင် လျှောက်ထားနိုင်ကြောင်း သိမ်ဖြူလမ်းရှိ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန တွင် ကြေငြာထားသည်။

ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပေးထားသည့် လိုင်စင်မရှိဘဲ ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်
ပါက ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေးဥပဒေအရ ထောင်ဒဏ် နှင့် ငွေဒဏ် နှစ်ရပ်လုံးကျ ခံနိုင်ကြောင်း ထိုကြေခြာချက် တွင်ဖော်ပြထားသည်။

၂၀၀၇ ခုနှစ်ခုနှစ် ပုဂ္ဂလိက ကျန်းမာရေး ဥပဒေသည် ၂၀၁၀ ခုနှစ်တွင် စတင်အသက်ဝင်
လာမည် ဖြစ်သည်။ထိုဥပဒေ စတင်ပြီးနောက်ပိုင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသူ

ပေါ့လျှော့မှု ကြောင့် လူနာ ကိုယ်လက် အင်္ဂါ ချို့ ယွင်းခဲ့ခြင်း (သို့ မဟုတ်) အသက်အန္တရယ်
ထိခိုက်ပျက်စီးမှု များဖြစ်ပေါ်လျှင် လူနာရှင် အနေဖြင့် သက်ဆိုင်ရာ ပုဂ္ဂလိက ဆေးရုံ ၊ ဆေးခန်း များကို တရားစွဲဆို ခွင့်ရရှိမည် ဟု  ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ယခုလက်ရှိ ကျင့်ထုံးများအရ ဆေးရုံး၊ဆေးခန်းများ၏ ပေါ့ဆမှုကြောင့် လူနာရှင် တစ်စုံတစ်
ခုဖြစ်ခဲ့သော် တရားမနစ်နာမှု ဥပဒေ (Law of Tort) နှင့် ပင် တရားစွဲ၍ မရသေးဟု ဥပဒေ
အကျိုးဆောင် တစ်ဦးက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန မှ စီစစ်ပြီး တရားဝင် ခွင့်ပြုမည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းများသည် လက်ရှိ အခွန်ငွေထက် ခြောက်ဆ မက ပေးရနိုင်ဖွယ်ရှိကြောင်း
မြောက်ဥက္ကလာပ ဆေးတက္ကသိုလ်ရှိ ဆရာဝန် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း တွင် အောက်တိုဘာလ ၂၅ ရက်နေ့ က ခွဲစိတ်ကု
သခံရစဉ် ကွယ်လွန်ခဲ့သည့် မခိုင်ရွှန်းလဲ့ရည် ဖြစ်ရပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေကို အများလက်ခံလာရန် ကြိုးပမ်းသည့် ဖြစ်ရပ်များမှ တစ်ခုသာ

ဖြစ်ကြောင်းနာမည် ကျော် ဆရာဝန် တစ်ဦးက Freedom News Group သို့ ပြောသည်။

သူက “ဒီ Law မရှိသေးလို့ ဒီလိုတွေ ဖြစ်တယ်လေ ဘယ်လောက်….ရင်နာစရာကောင်းလည်း ၊ဒီလော ဖြစ်လာရင် ဒီလို မဖြစ်တော့ဘူး ပေါ့
တအားညက်တဲ့ ၀ါဒဖြန့် ချိရေး ပေါ့ဗျာ ”ဟုပြောသည်။

နာမည်ကျော် ခွဲစိတ်ဆရာဝန်တစ်ဦးကလည်း လတ်တလော ဆေးပညာနယ်မှ သတင်းများ
နှင့် ပတ်သက်၍ ကျွန်တော် ဒေါက်တာကြည်စိုး နဲ့ သိလည်းမသိပါဘူး ရင်းလည်းမရင်းနှီး
ပါဘူး ၊ဆာဂျင် အချင်းချင်း မို့ အဲဒီဆရာကို ဖာထေးပြောတာလည်း မဟုတ်ပါဘူး၊ တကယ်က First Test Health Cleansing ဆရာဝန်မှာ ပဲတာဝန်ရှိတာ သူ့ တာဝန်မှာက
ရောဂါ ရှာဖွေရေး မပါဘူး ၊တခြားနိုင်ငံတွေမှာ ခွဲစိတ်ကုသမယ် ဆိုရင် ဆရာဝန် ရော၊လူနာ
ရော နှစ်ယောက်စလုံး လက်မှတ်ထိုးရတာ ဒီမှာက လူနာရှင် တစ်ယောက်တည်းပဲ သဘော တူပါကြောင်း……ဒီတစ်ခုတည်း………တခြားနိုင်ငံတွေမှာ က ခွဲစိတ် ပေးမယ့်သူကလည်း အောင်အောင်မြင်မြင် ခွဲစိတ်ကုသပေးဖို့ ၊တတ်စွမ်းသမျှကို အင်တိုက်
အားတိုက်ပြုလုပ်ပေး ဖို့ သဘောတူပါကြောင်း နှစ်ဦးနှစ်ဖက် လက်မှတ်ထိုးရတယ် ဒီမှာ က
တစ်ခုခု ဆိုလူနာက ခံ ပေါ့ဗျာ “ဟု သူသိရှိနား လည်ထားပုံ ကို ပြောသည်။

၂၀၀၄ ခုနှစ် က စစ်ထောက်လှမ်းရေး တပ်မှ အငြိမ်းစားပေးခံရသည့် တပ်ကြပ်ကြီး တစ်ဦးက “ကျွန်တော် ကကထောက်မှာ ဆေးရုံတွေမှာ ထူးထူးဆန်းဆန်း သေတဲ့သတင်း
တွေ ၊ ထူးခြားတဲ့ အဖြစ်အပျက် (သဘာဝ တရား) တွေ နဲ့ မင်းသား မင်းသမီးတွေ ရဲ့ အတွင်းရေးတွေ နဲ့ လှုပ်ရှားမှု တွေကို သတင်းစုံစမ်းရတယ် ၊တကယ်လို့ အထက်ကနေ တစ်ခုခုကို ဘလက်အောက် လုပ်ဖို့ ညွှန်ကြားလာရင် လက်ရှိမှာ ဟော့ဖြစ်ပြီး လူတွေ စိတ်ဝင် စားမယ့် ကိစ္စ တစ်ခု ကို ပရိုပါ လုပ်လိုက်ရတော့ တာပဲ လူထူကလည်း အဲဒီသတင်းကြားမှာ နစ်နေရင် အစိုးရက အရေးပါတဲ့ ဒါမှမဟုတ် သတင်းမပေါက်ကြားစေလိုတဲ့ ကိစ္စတစ်ခုခု ကိုစီစဉ်လိုက်တော့တာပဲ ဟု ”သူ၏ အတွေ့ အကြုံကို ပြောသည်။

၂၀၁၀ခုနှစ် တွင် တရားဝင် ဖွင့်လှစ်ခွင့်ရရှိမည့် ပုဂ္ဂလိက ဆေးရုံများသည် အထူးကုဆေးရုံ
အင်္ဂါရပ် နှင့် လျှော်ညီသည့် ဆေးရုံများကို လိုင်စင်ပေးမည် ဟု ထည့်သွင်းဖော်ပြထားသည်။

ရန်ကုန် မြို့ တွင် ၂၀၀၉ ခုနှစ် စာရင်းများအရ အထူးကုဆေးရုံ ၂၀၀ ကျော်ရှိပြီး ၇၀ ရာခိုင်နှုန်း
ကျော်မှာ စစ်အုပ်စု ၀င်များ၏ အကျိုးစီးပွားများသာ ဖြစ်သည်။