၇ ဒီဇင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Dain Daong Outstanding Performer Of 2009
အသက် ၁၅ နှစ်သား အရွယ်ကတည်းက လူရွှင်တော် အဖြစ် ဇာတ်ပွဲများတွင် လိုက်ပါခဲ့ပြီး ညောင်တုန်းရန်နိုင် အဖြစ်နာမည် ကျော်ခဲ့ကာ ဇာတ်ဆရာ စိန်ဗိုလ်တင့် မှပေးသည့် ဒိန်းဒေါင် ဆိုသည့် အမည် ကိုယူပြီး ၂၀၀၈ ခုနှစ် ကုန်နှင့် ၂၀၀၉ ခုနှစ် ဆန်းတွင် မှ ဘုရားပွဲ ၊အရပ်ပွဲများ တွင်ပရိသတ်၏ အားပေးခြင်းကို ထူးခြားစွာရရှိခဲ့သည်။With VIDEO
ယခုနှစ်ပွင့်လင်းရာသီ ဘုရားပွဲများတွင် ဒိန်းဒေါင်တို့ အဖွဲ့ အနေဖြင့် ဖျော်ဖြေတင်ဆက်နိုင်မှု များကြောင့် ပရိသတ် အားပေးမှုရရှိကာ မြန်မာ လူငယ်များ အသုံးပြုသည် ဖိုရမ်များဖြစ်သည့် မြန်မာ ချစ်ချတ်မြန်မာစကု နှင့် ခရစ်စတယ်ရေး တို့ တွင် နာမည်ကျော် ဟစ်ဟောပ် အဆို တော် စိုင်းစိုင်း ခမ်းလှိုင်ကဲ့သို့ ပင်လူကြိုက်များနေသည်။
ယခုနှစ်တွင် မြန်မာ နိုင်ငံ ၌ အငြိမ့်ဗီဒီယို ခွေများတွင် လူရွှင်တော်များ၏ ဖျော်ဖြေမှု များမှာ လူကြိုက်
များနေသည်။
ဒိန်းဒေါင်တို့ အဖွဲ့ ၏ ဖျော်ဖြေမှု (Part 1 ပြီးသွားလျှင် you tube ၏ Related Video ၌ Part 15 ထိဆက်လက်ရှုစားနိုင်သည်။
