၈ နိုဝင်ဘာ ရန်ကုန် ၊ ၊ယူကွန်
Model Myat Noe Chaint Rest In Peace
အသက် ၂၄ နှစ်အရွယ်ရှိ မော်ဒယ် မြတ်နိုးခြိမ့် ခေါ် မလှမြတ်သူရိန် မှာ တနင်္ဂနွေနေ့ နေ့ လည် ၁၂ နာရီခွဲ အချိန်က ရန်ကုန် မြို့ ဗဟိုလမ်းရှိ အာရှ တော်ဝင် ဆေးရုံကြီးတွင် ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။
မော်ဒယ်မြတ်နိုးခြိမ့်သည် ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှ စ၍ မြန်မာ့မော်ဒယ်လောကတွင် နာမည်ရမော်ဒယ် တစ်ယောက်ဖြစ်လာကာ နိုင်ငံတကာအလှကုန် ပစ္စည်းကြော်ငြာများ ၊ဖက်ရှင် ဒီဇိုင်းကြော်ငြာများ နှင့် တေးသီချင်း ဗီစီဒီများတွင် လူကြိုက်များသူ တစ်ယောက်ဖြစ်လာခဲ့သည်။
ပထမ နှစ် မြန်မာစာ ကျောင်းသူ တစ်ဦးဖြစ်သည့် မြတ်နိုးခြိမ့် ၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ် ကို ဒီဇင်ဘာလ ၈ ရက် အင်္ဂါနေ့ နေ့ လည် မွန်းလွဲ တစ်နာရီတွင် ရေဝေးသုသာန် ၌ သဂြိုလ် မည်ဖြစ်သည်။
